Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 22:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 ထို့ကြောင့် ကျော့ကွင်း​များ​သည် သင့်​ကို​ဝိုင်းရံ​ထား​ပြီး ရုတ်တရက်​ကျရောက်​သော​ကြောက်မက်ဖွယ်ဘေး​သည်​လည်း သင့်​ကို ထိတ်လန့်​စေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ထိုကြောင့် ကျော့ကွင်းနှင့် ကျော့မိပြီ၊ ထိတ်လန့်သောစိတ်နှင့် ပင်ပန်းရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ထို ကြောင့် ထောင် သော ကိုင်း များ သည်၊ သင့် ကို ဝိုင်း ရံ လျက်၊ ရုတ် ခြင်း ဘေး လည်း ချောက် လှန့် လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 ထို​ကြောင့် ကျော့​ကွင်း​နှင့် ကျော့​မိ​ပြီ၊ ထိတ်​လန့်​သော​စိတ်​နှင့် ပင်​ပန်း​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 22:10
12 ပူးပေါင်းရင်းမြစ်များ  

လက်​တော်​ကို အကျွန်ုပ်​အပေါ်​မှ ရုပ်သိမ်း​တော်မူ​ပါ​။ ကိုယ်တော့်​ထံမှ ကြောက်မက်ဖွယ်​ရာ​များ​ဖြင့် အကျွန်ုပ်​ကို ခြောက်လှန့်​တော်​မ​မူ​ပါ​နှင့်​။


ကြောက်မက်ဖွယ်​အသံ​များ​ကို​သာ သူ့​နား​တွင် ကြား​နေ​ရ​၏​။ ငြိမ်းချမ်း​နေ​ချိန်​တွင်ပင် သူ့​ထံ ဖျက်ဆီး​ခြင်း​ဘေး ရောက်လာ​တတ်​၏​။


ထိတ်လန့်ဖွယ်​ရာ​တို့​သည် သူ့​ကို​ပတ်လည်ဝိုင်း​၍ ခြောက်လှန့်​ပြီး သူ​သွား​လေရာရာ​သို့ ထက်ကြပ်မကွာ​လိုက်​လိမ့်မည်​။


သင်​တို့​သိထား​ရ​မည်​မှာ ဘုရားသခင်​သည် ငါ့​အမှု​ကို ကောက်​စေ​တော်မူ​၍ ငါ့​ပတ်ပတ်လည်​တွင် ထောင်ချောက်​များ​ဖြင့် ဝိုင်းရံ​စေ​တော်မူ​၏​။


သို့သော် သင်​သည် လူဆိုး​တို့​ခံရ​မည့်​စီရင်​ခြင်း​မျိုး​ကို အယုတ်အလျော့​မ​ရှိ​ခံရ​၍ မှန်ကန်​သော​တရားစီရင်ခြင်း​သည်​လည်း သင့်​ကို ဖမ်းကိုင်​လိမ့်မည်​။


သူ​ရိတ်သိမ်း​ထား​သော​သီးနှံ​များ ဆူးပင်​ကြား​၌​ဝှက်ထား​လျှင်ပင် ဆာလောင်မွတ်သိပ်​သော​သူ​သည် ယူ​စား​လိမ့်မည်​။ သူခိုး​ဓားပြ​တို့​သည် သူ​၏​ဥစ္စာပစ္စည်း​ကို တိုက်ယူ​သွား​လိမ့်မည်​။


အကယ်စင်စစ် အနန္တတန်ခိုးရှင်​ထံမှ မြား​တို့​သည် ငါ့​ကိုယ်​၌​စိုက်ဝင်​လျက်​ရှိ​၏​။ ငါ့​စိတ်ဝိညာဉ်​သည် ထို​မြား​တို့​၏​အဆိပ်ရည်​ကို သောက်သုံး​နေ​ရ​၏​။ ဘုရားသခင်​ထံမှ ကြောက်မက်ဖွယ်​ရာ​တို့​သည် ငါ့​ရှေ့​၌ တန်းစီ​လျက်​ရှိ​၏​။


ကိုယ်တော်​သည် မီးခဲ​တို့​ကို ဆိုးယုတ်​သော​သူ​တို့​အပေါ် ရွာကျ​စေ​တော်မူ​လိမ့်မည်​။ မီး​၊ ကန့်​နှင့် ပူလောင်​သော​လေ​သည် သူ​တို့​ခွက်ဖလား​အတွက် ဝေစု​ဖြစ်​လိမ့်မည်​။


ကြောက်မက်ဖွယ်ဘေး​သည် လေပြင်းမုန်တိုင်း​ကဲ့သို့ သင်​တို့​အပေါ်​သက်ရောက်​သောအခါ​၌​လည်းကောင်း​၊ ဘေးဒုက္ခ​သည် လေပွေ​ကဲ့သို့ သင်​တို့​ထံ​ရောက်လာ​သောအခါ​၌​လည်းကောင်း​၊ ဆင်းရဲဒုက္ခ​နှင့်​ဘေးဥပဒ်​သည် သင်​တို့​အပေါ်​သက်ရောက်​သောအခါ​၌​လည်းကောင်း


“ငြိမ်းချမ်း​မှု​နှင့်​လုံခြုံ​မှု​ရှိ​သည်”​ဟု လူ​တို့​ပြောဆို​နေ​ကြ​သည့်​အချိန်​၌ပင် ကိုယ်ဝန်ဆောင်​အမျိုးသမီး​၌ သားဖွား​ခြင်း​ဝေဒနာ​ရောက်လာ​သကဲ့သို့ ပျက်စီး​ခြင်း​သည် သူ​တို့​အပေါ် ရုတ်တရက်​ရောက်လာ​၍ သူ​တို့​သည် လုံးဝ​လွတ်မြောက်​နိုင်​မည်​မ​ဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ