ထိုအခါ ယောခတ်မင်းကြီးသည် ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်လေ၏။ အစ္စရေးလူမျိုးတို့အား ဆီးရီးယားဘုရင်ဖိနှိပ်ညှဉ်းဆဲသည်ကို ထာဝရဘုရား မြင်တော်မူသဖြင့် သူ၏တောင်းပန်သံကို နားညောင်းတော်မူ၏။
ယောဘဝတ္တု။ 22:27 - မြန်မာ့စံမီသမ္မာကျမ်း သင်ဆုတောင်းသောအခါ ကိုယ်တော်သည် နားညောင်းတော်မူမည်။ သင်ပြုထားသောကတိသစ္စာများကိုလည်း သင်ပြည့်စုံစေနိုင်လိမ့်မည်။ Common Language Bible သင်ဆုတောင်းသောအခါ နားထောင်တော်မူ မည်။ သစ္စာဂတိထားသည်အတိုင်း၊ သစ္စာဝတ်ဖြေရသော အခွင့်ရှိလိမ့်မည်။ Garrad Bible တောင်း ပန်၍ နား ညောင်း တော် မူ သ ဖြင့်၊ သင်၏ သ စ္စာ ဝတ် ကို ဖြေ ရ လ တံ့။ Judson Bible သင်ဆုတောင်းသောအခါ နားထောင်တော်မူမည်။ သစ္စာကတိထားသည်အတိုင်း၊ သစ္စာဝတ်ဖြေရသောအခွင့် ရှိလိမ့်မည်။ |
ထိုအခါ ယောခတ်မင်းကြီးသည် ထာဝရဘုရားထံ တိုးလျှိုးတောင်းပန်လေ၏။ အစ္စရေးလူမျိုးတို့အား ဆီးရီးယားဘုရင်ဖိနှိပ်ညှဉ်းဆဲသည်ကို ထာဝရဘုရား မြင်တော်မူသဖြင့် သူ၏တောင်းပန်သံကို နားညောင်းတော်မူ၏။
ယာဗက်က အစ္စရေးလူမျိုး၏ဘုရားသခင်ထံ “အကျွန်ုပ်ကို ကောင်းချီးပေးတော်မူပါ။ အကျွန်ုပ်နယ်မြေကို ကျယ်ဝန်းစေတော်မူပါ။ အကျွန်ုပ်နှင့်အတူ ပါရှိတော်မူပြီး ထိခိုက်ဒဏ်ရာရမည့်ဘေးအန္တရာယ်မှ ကွယ်ကာတော်မူပါ”ဟု အော်ဟစ်ဆုတောင်းသောအခါ သူဆုတောင်းသည့်အတိုင်း ဘုရားသခင်ပေးသနားတော်မူ၏။
သူဆုတောင်းသောအခါ ကိုယ်တော်သည် သူ့ကိုထူးတော်မူ၏။ သူအသနားခံသည်ကို နားညောင်းပြီး သူ့ကို သူ၏တိုင်းနိုင်ငံ၊ ဂျေရုဆလင်မြို့သို့ ပြန်လာစေတော်မူ၏။ ထိုအခါ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို မနာရှေမင်းကြီးသိမြင်လေ၏။
သူသည် အနန္တတန်ခိုးရှင်ကို နှစ်သက်လိမ့်မည်လော။ ဘုရားသခင်ထံ အစဉ်အော်ဟစ်ဆုတောင်းလိမ့်မည်လော။
သူသည် ဘုရားသခင်ထံဆုတောင်းမည်။ ဘုရားသခင်သည်လည်း သူ့ကိုလက်ခံတော်မူမည်။ ဝမ်းမြောက်စွာကြွေးကြော်လျက် မျက်နှာတော်ကို ဖူးမြင်ရလိမ့်မည်။ သူ့ကို နဂိုမူလအတိုင်းပြန်လည်ဖြောင့်မတ်စေတော်မူမည်။
ဆင်းရဲသောသူတို့၏ငိုကြွေးသံကို အထံတော်သို့ ရောက်စေ၍ အဖိနှိပ်ခံရသောသူတို့၏ငိုကြွေးသံကို ကိုယ်တော်ကြားတော်မူ၏။
သင်သာ သန့်ရှင်းဖြောင့်မတ်မည်ဆိုလျှင် ယခုပင် ကိုယ်တော်သည် ထ၍ သင်၏ဖြောင့်မတ်ခြင်းတည်ရာကို ပြန်ပေးတော်မူမည်။
ထာဝရဘုရားသည် ငါ၏အသံ၊ ငါ၏အသနားခံခြင်းကို နားညောင်းတော်မူသောကြောင့် ငါသည် ကိုယ်တော်ကို ချစ်၏။
ထာဝရဘုရားထံပြုထားသော ငါ၏ကတိသစ္စာများကို ကိုယ်တော်၏လူမျိုးတော်အားလုံးရှေ့၌ ငါပြည့်စုံစေမည်။
အို ဘုရားသခင်၊ ကိုယ်တော့်ထံပြုထားသောကတိသစ္စာများသည် အကျွန်ုပ်၌ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်တော်အား ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ၎င်းကိုပြည့်စုံစေပါမည်။
အကြောင်းမူကား အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ကတိသစ္စာစကားများကို ကြားတော်မူ၍ ကိုယ်တော်၏နာမတော်ကို ကြောက်ရွံ့သောသူတို့ဆက်ခံရသည့်အမွေကို အကျွန်ုပ်အား ပေးတော်မူပြီ။
သူသည် ငါ့ကိုခေါ်သောအခါ သူ့ကိုငါထူးမည်။ ဆင်းရဲဒုက္ခရောက်သောအခါ သူနှင့်အတူငါရှိမည်။ ငါသည် သူ့ကိုကယ်မ၍ သူ့ကိုဂုဏ်ပြုမည်။
ဘုရားသခင်အား ကတိသစ္စာပြုသောအခါ ၎င်းကိုပြည့်စုံစေရန် မနှောင့်နှေးစေနှင့်။ အကြောင်းမူကား ကိုယ်တော်သည် မိုက်မဲသောသူကို နှစ်သက်တော်မမူ။ သင်ကတိသစ္စာပြုထားသည့်အတိုင်း ပြည့်စုံစေလော့။
သင်ခေါ်သောအခါ ထာဝရဘုရား ထူးတော်မူမည်။ အကူအညီအော်ဟစ်တောင်းခံသောအခါ “ငါရှိ၏”ဟု မိန့်တော်မူမည်။ သင်သည် သူတစ်ပါးကိုလက်ညှိုးထိုးခြင်း၊ ယုတ်ညံ့သောစကားပြောဆိုခြင်းဟူသော သင့်တွင်ရှိသောထမ်းပိုးကို ဖယ်ရှား၍
သင်တို့သည် ငါ့ကိုခေါ်လိမ့်မည်။ ငါ့ထံသို့ လာ၍ဆုတောင်းလိမ့်မည်။ ငါသည်လည်း သင်တို့ကို နားထောင်မည်။
အကျွန်ုပ်မူကား ကိုယ်တော့်ထံ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ပူဇော်ပါမည်။ ကတိသစ္စာထားသည့်အတိုင်း ပြုပါမည်။ ကယ်တင်ခြင်းသည် ထာဝရဘုရားထံတော်မှ လာပါ၏”ဟု ဆုတောင်းလေ၏။
သင်၏ဘုရားသခင်ထာဝရဘုရားအား ကတိသစ္စာပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားသည် ထိုကတိသစ္စာကို သင့်ထံမှ မုချတောင်းတော်မူမည်ဖြစ်၍ ထိုကတိသစ္စာကိုပြည့်စုံစေရန် မနှောင့်နှေးနှင့်။ နှောင့်နှေးလျှင် သင့်အပေါ် အပြစ်သက်ရောက်မည်။