သင်သည် ကောင်းမွန်စွာပြုလျှင် လက်မခံဘဲနေမည်လော။ ကောင်းမွန်စွာမပြုလျှင် အပြစ်သည် တံခါးနားမှာဝပ်ချောင်းလျက်နေ၍ သင့်ကို လွှမ်းမိုးလို၏။ သို့သော် သင်သည် သူ့ကိုအနိုင်ယူရမည်”ဟု မိန့်တော်မူ၏။
ယောဘဝတ္တု။ 21:19 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့က ‘သူပြုခဲ့သောအပြစ်အတွက် သူ့သားသမီးအဖို့ ဘုရားသခင်သည် သိုထားတော်မူ၏’ဟု ဆိုကြသော်လည်း သူတို့သိသွားအောင် ကိုယ်တော်သည် သူတို့ကိုသာ ပြန်ပေးဆပ်စေပါစေ။ Common Language Bible ဘုရားသခင်သည် သူ၏အပြစ်ကို သူ၏သားသမီးတို့အဘို့ ဘယ်နှစ်ကြိမ် သိုထားတော်မူဘူးသည်ကို ၎င်း၊ သူသည်ကိုယ်တိုင်သိ၍၊ Garrad Bible ထို သူ၏ သား သ မီး တို့ အ တွက်၊ ဒု စ ရိုက် အ ကျိုး ဆက် ကို ဘု ရား သ ခင် ရန် ထား တော် မူ သည် ဟု ဆို ပါ ဦး။ သူ့ ကိုယ် တိုင် သိ ရ စေ ရန်၊ သူ့ ကိုယ်၌ ဆပ် ပေး တော် မူ ပါ စေ။ Judson Bible ဘုရားသခင်သည် သူ၏အပြစ်ကို သူ၏သားသမီးတို့အဖို့ ဘယ်နှစ်ကြိမ် သိုထားတော်မူဖူးသည်ကိုလည်းကောင်း၊ သူသည်ကိုယ်တိုင်သိ၍၊ |
သင်သည် ကောင်းမွန်စွာပြုလျှင် လက်မခံဘဲနေမည်လော။ ကောင်းမွန်စွာမပြုလျှင် အပြစ်သည် တံခါးနားမှာဝပ်ချောင်းလျက်နေ၍ သင့်ကို လွှမ်းမိုးလို၏။ သို့သော် သင်သည် သူ့ကိုအနိုင်ယူရမည်”ဟု မိန့်တော်မူ၏။
ငါသည် ရှင်ဘုရင်အဖြစ် ဘိသိက်ပေးခံရသော်လည်း ယနေ့ စိတ်အားလျော့လျက်ရှိ၏။ ဇေရုယာ၏သားဖြစ်သော ဤသူတို့မူကား ငါ့ထက် စိတ်ခက်ထန်ကြ၏။ ထာဝရဘုရားသည် မကောင်းမှုပြုသောသူကို မကောင်းမှုနှင့်အလျောက် ပြန်ပေးဆပ်ပါစေသော”ဟု ဆိုလေ၏။
ငါ၏ရန်သူတို့အပေါ် မကောင်းမှုအကျိုးကို ကိုယ်တော်ဆပ်ပေးပါစေသော။ ကိုယ်တော်၏သစ္စာတော်နှင့်အညီ ထိုသူတို့ကို ဖယ်ရှားသုတ်သင်တော်မူပါ။
ထိုအရာတို့ကို မပျပ်ဝပ်မကိုးကွယ်ရ။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သဝန်တိုတတ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို့၏မျိုးဆက် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် ဖခင်တို့၏အပြစ်အတွက် သားမြေးတို့ကို ဒဏ်ခတ်သောဘုရား၊
ဘိုးဘေးတို့၏ဒုစရိုက်ကြောင့် သားမြေးတို့အားကွပ်မျက်မည့်နေရာကို ပြင်ဆင်ကြလော့။ သို့မဟုတ်လျှင် သူတို့သည် ထ၍ကမ္ဘာမြေကိုသိမ်းယူကြလိမ့်မည်။ ကမ္ဘာမြေပြင်ကို မြို့များနှင့်ပြည့်စေကြလိမ့်မည်။
ထိုကာလတွင် “ဖခင်တို့က ချဉ်သောစပျစ်သီးကိုစား၍ သားတို့က သွားကျိန်း၏”ဟု နောက်တစ်ဖန် ပြောဆိုကြတော့မည်မဟုတ်။
သို့သော် ထိုဖခင်၏သားသည် မိမိဖခင်ကျူးလွန်သောအပြစ်ရှိသမျှတို့ကိုမြင်၏။ သူသည် ဆင်ခြင်၍ ထိုသို့သောအမှုတို့ကိုမပြု။
“အစ္စရေးပြည်နှင့်ပတ်သက်ပြီး ‘ဖခင်တို့က ချဉ်သောစပျစ်သီးကိုစား၍ သားတို့က သွားကျိန်း၏’ဟု သင်တို့ပြောဆိုသော ဤစကားပုံကား မည်သို့နည်း။
ထိုအခါ သင်တို့သည် ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကို ဆောင်သောသူနှင့် မဆောင်သောသူကို ပြန်၍ ပိုင်းခြားသိမြင်ကြလိမ့်မည်။
‘ထာဝရဘုရားသည် စိတ်ရှည်သောဘုရား၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား၊ ကျူးလွန်သောအပြစ်ကို ခွင့်လွှတ်သော်လည်း အပြစ်ဒဏ်မခတ်ဘဲမနေ၊ ဖခင်တို့၏အပြစ်ကို သားမြေးတို့အပေါ် တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင် အပြစ်ဒဏ်ကျရောက်စေသောဘုရားဖြစ်၏’ဟု မိန့်တော်မူသည်နှင့်အညီ ဖြစ်ပါစေသော။
အကြောင်းမူကား လူ့သားသည် မိမိ၏ကောင်းကင်တမန်များနှင့်အတူ မိမိခမည်းတော်၏ဘုန်းအသရေကိုဆောင်လျက် ကြွလာလိမ့်မည်။ ထိုအခါ လူအသီးသီးတို့အား သူတို့၏လုပ်ဆောင်မှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။
သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ်နှလုံးတို့ကြောင့် သင်သည် အမျက်တော်နေ့တည်းဟူသော ဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့အတွက် အမျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏။
ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြစ်သွားစေတော်မူ၏။ ဤသည်ကား ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာမည့်အကြောင်းတည်း။
လင်းလက်သောငါ့ဓားကို ငါသွေးမည်။ ထိုဓားကိုကိုင်၍ တရားစီရင်မည်။ ငါ့ကိုရန်ပြုသောသူတို့ကိုလက်စားချေမည်။ ငါ့ကိုမုန်းတီးသောသူတို့ကို လက်တုံ့ပြန်မည်။
ကြေးပန်းတိမ်ဆရာ အလက်ဇန္ဒြားသည် ငါ့ကိုအလွန်ဒုက္ခပေးခဲ့၏။ သခင်ဘုရားသည် သူပြုသောအမှုအတိုင်း သူ့အားပေးဆပ်တော်မူလိမ့်မည်။
သူပေးခဲ့သည့်အတိုင်း သူ့အားပြန်ပေးကြလော့။ သူပြုသောအမှုများအပေါ် နှစ်ဆတိုး၍တုံ့ပြန်ကြလော့။ သူရောစပ်ခဲ့သောခွက်၌ သူ့အတွက်နှစ်ဆရောစပ်ပေးကြလော့။