၂ ရာ 3:39 - မြန်မာ့စံမီသမ္မာကျမ်း39 ငါသည် ရှင်ဘုရင်အဖြစ် ဘိသိက်ပေးခံရသော်လည်း ယနေ့ စိတ်အားလျော့လျက်ရှိ၏။ ဇေရုယာ၏သားဖြစ်သော ဤသူတို့မူကား ငါ့ထက် စိတ်ခက်ထန်ကြ၏။ ထာဝရဘုရားသည် မကောင်းမှုပြုသောသူကို မကောင်းမှုနှင့်အလျောက် ပြန်ပေးဆပ်ပါစေသော”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible39 ငါသည်ဘုရားသခင်ဘိသိက်ပေးတော်မူ သောဘုရင်ပင်ဖြစ်သော်လည်း ယနေ့အား လျော့ပါ၏။ ဇေရုယာ၏သားတို့သည်ငါ့ အတွက်ရက်စက်ကြမ်းကြုတ်လွန်းလှပါသည် တကား။ ဤရာဇဝတ်ကောင်တို့အားအပြစ် နှင့်အလျောက် ထာဝရဘုရားဒဏ်ခတ်တော် မူပါစေသော'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible39 ငါ သည် ဘိ သိက် တော် ခံ ဘု ရင် မင်း မှန် သော် လည်း၊ ယ နေ့ နူး ညံ့ သိမ် မွေ့ ၏။ ဇေ ရု ယာ့ သား ဖြစ် သော ဤ သူ တို့ ကား၊ ငါ့ ထက် ကြမ်း ကြုတ် ကြ၏။ ထာ ဝ ရ ဘု ရား သည် လူ သွမ်း တို့ အ ကျင့် ဆိုး အ တိုင်း ဆပ် ပေး တော် မူ ပါ စေ သော ဟု မြွက် ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible39 ငါသည် ဘိသိက်ခံရ၍ ရှင်ဘုရင်ဖြစ်သော်လည်း ယနေ့အားနည်း၏။ ဇေရုသားဖြစ်သော ဤသူတို့သည် ငါ့ထက်လွန်၍ အားကြီးကြ၏။ မတရားသဖြင့် ပြုသောသူကို မိမိအပြစ်နှင့်အလျောက် ထာဝရဘုရားပေးဆပ်တော်မူစေသတည်းဟု မိမိကျွန်တို့အား မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်မင်းကြီးက “ငါ့သားတော်ရှောလမုန်သည် အသက်ငယ်သေး၍ အတွေ့အကြုံနည်းလှ၏။ ထာဝရဘုရားအဖို့ တည်ဆောက်ရမည့်အိမ်တော်သည် အတိုင်းတိုင်းအပြည်ပြည်တွင် နာမည်ကျော်ကြား၍ ဂုဏ်ကျက်သရေတင့်တယ်နေရမည်။ ထို့ကြောင့် ယခုပင် ငါကြိုတင်ပြင်ဆင်ထားပေးမည်”ဟု မိန့်ဆို၍ အနိစ္စမရောက်မီ များစွာပြင်ဆင်ထားပေးခဲ့၏။
အကြောင်းမူကား သူသည် သင့်အား ကောင်းကျိုးပြုသော ဘုရားသခင်၏အစေခံဖြစ်၏။ သို့ရာတွင် မကောင်းသောအမှုကိုသင်ပြုလျှင် ကြောက်ရွံ့ခြင်းရှိလော့။ သူသည် ဓားကို အကြောင်းမဲ့ဆောင်ထားသည်မဟုတ်။ သူသည် မကောင်းသောအမှုကိုပြုကျင့်သောသူအား အမျက်တော်အတွက် အပြစ်ဒဏ်ပေးသည့် ဘုရားသခင်၏အစေခံဖြစ်၏။