Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 54:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ငါ​၏​ရန်သူ​တို့​အပေါ် မကောင်းမှု​အကျိုး​ကို ကိုယ်တော်​ဆပ်ပေး​ပါစေသော​။ ကိုယ်တော်​၏​သစ္စာ​တော်​နှင့်အညီ ထို​သူ​တို့​ကို ဖယ်ရှားသုတ်သင်​တော်မူ​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 ငါ​၏​ရန်​သူ​တို့​၏​ဆိုး​ညစ်​မှု​သည်​သူ​တို့​အား ပြန်​လည်​၍​ဒဏ်​ခတ်​စေ​ရန်​ဘု​ရား​သ​ခင် စီ​ရင်​တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​သည်​သစ္စာ​စောင့်​တော်​မူ​သည်​ဖြစ်​၍ သူ​တို့​အား​သုတ်​သင်​ပယ်​ရှင်း​တော်​မူ​လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ငါ့ ရန် သူ တို့ အား မ ကောင်း ကျိုး ဆပ် ပေး၍၊ သ စ္စာ တော် အား ဖြင့် ပယ် ရှား တော် မူ ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ငါ၏​ရန်​သူ​တို့​အား မ​ကောင်း​သော​အ​ကျိုး​ကို ဆပ်​ပေး​တော်​မူ​မည်။ သ​စ္စာ​တော်​ရှိ​သည်​အ​တိုင်း သူ​တို့​ကို ပယ်​ရှင်း​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 54:5
11 ပူးပေါင်းရင်းမြစ်များ  

အို ပျက်စီး​ခြင်း​သို့​ရောက်​မည့် ဘေဘီလုံ​၏​သမီး​၊ ငါ​တို့​အပေါ် သင်​ပြု​ခဲ့​သည့်​အတိုင်း သင်​၌​ဆပ်ပေး​မည့်​သူ​သည် မင်္ဂလာ​ရှိ​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ဆုတောင်းချက်​ကို​နားညောင်း​၍ အကျွန်ုပ်​၏​အသနားခံ​ခြင်း​ကို စူးစိုက်​နားထောင်​တော်မူ​ပါ​။ ကိုယ်တော်​၏​သစ္စာ​တော်​အားဖြင့်​လည်းကောင်း​၊ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​အားဖြင့်​လည်းကောင်း အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။


အကျွန်ုပ်​သည် ကိုယ်တော်​၏​အစေအပါး ဖြစ်​သောကြောင့် ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​အားဖြင့် အကျွန်ုပ်​၏​ရန်သူ​တို့​ကို ဖယ်ရှားသုတ်သင်​တော်မူ​ပါ​။ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို ရန်ဖက်ပြု​သော​သူ​အားလုံး​ကို​လည်း ဖျက်ဆီး​တော်မူ​ပါ​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လမ်း​ကို အကျွန်ုပ်​အား​သွန်သင်ပြသ​တော်မူ​ပါ​။ အကျွန်ုပ်​၏​ရန်သူ​တို့​ကြောင့် အကျွန်ုပ်​ကို​ညီညာ​သော​လမ်း​၌​ပို့ဆောင်​တော်မူ​ပါ​။


ထာဝရဘုရား​၏​သန့်ရှင်း​သူ​အပေါင်း​တို့​၊ ထာဝရဘုရား​ကို ချစ်​ကြ​လော့​။ ထာဝရဘုရား​သည် သစ္စာစောင့်​သော​သူ​တို့​ကို ကာကွယ်​စောင့်ရှောက်​တော်မူ​၏​။ မာန်မာန​ဖြင့်​ပြုမူ​သော​သူ​တို့​ကို​မူကား မလျှော့မပေါ့​အပြစ်ပေး​တော်မူ​၏​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​၏​ရန်သူ​တို့​ကြောင့် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ထဲ၌ အကျွန်ုပ်​ကို ပို့ဆောင်​တော်မူ​ပါ​။ ကိုယ်တော်​၏​လမ်း​ကို အကျွန်ုပ်​ရှေ့​မှာ ဖြောင့်တန်း​စေ​တော်မူ​ပါ​။


အို ဘုရားသခင်​၊ မာနထောင်လွှား​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ဆန့်ကျင်​လျက် ထကြွ​ကြ​ပါ​၏​။ ကြမ်းကြုတ်​သော​လူတစ်စု​သည်​လည်း အကျွန်ုပ်​၏​အသက်​ကို ရန်ရှာ​ကြ​ပါ​၏​။ သူ​တို့​သည် ကိုယ်တော်​ကို ဦးထိပ်ထား​ခြင်း​မ​ရှိ​ကြ​ပါ​။


အို ဘုရားရှင်​၊ ဒါဝိဒ်​အား ကိုယ်တော်​၏​သစ္စာ​တော်​ဖြင့် ကျိန်ဆို​ထား​တော်မူ​သော ကိုယ်တော်​၏​ရှေးဦး​မေတ္တာကရုဏာ​တော်​သည် အဘယ်မှာ​ရှိ​ပါ​သနည်း​။


ကိုယ်တော်​သည် သူ​တို့​၏​အပြစ်ဒုစရိုက်​အတွက် သူ​တို့​ကို​လက်တုံ့ပြန်​၍ သူ​တို့​၏​မကောင်းမှု​အတွက် သူ​တို့​ကို​ဖယ်ရှားသုတ်သင်​တော်မူ​လိမ့်မည်​။ ငါ​တို့​၏​ဘုရားသခင် ထာဝရဘုရား​သည် သူ​တို့​ကို ဖယ်ရှားသုတ်သင်​တော်မူ​လိမ့်မည်​။


ကြေး​ပန်းတိမ်​ဆရာ အလက်ဇန္ဒြား​သည် ငါ့​ကို​အလွန်​ဒုက္ခ​ပေး​ခဲ့​၏။ သခင်​ဘုရား​သည် သူ​ပြု​သော​အမှု​အတိုင်း သူ့​အား​ပေးဆပ်​တော်မူ​လိမ့်မည်။


သူ​ပေး​ခဲ့​သည့်​အတိုင်း သူ့​အား​ပြန်​ပေး​ကြ​လော့။ သူ​ပြု​သော​အမှု​များ​အပေါ် နှစ်ဆ​တိုး​၍​တုံ့ပြန်​ကြ​လော့။ သူ​ရောစပ်​ခဲ့​သော​ခွက်​၌ သူ့​အတွက်​နှစ်ဆ​ရောစပ်​ပေး​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ