ဘုရားသခင်သည် အလင်းကို နေ့ ဟုခေါ်ဝေါ်၍ အမှောင်ကို ည ဟုခေါ်ဝေါ်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ပထမနေ့ရက်ဖြစ်လေ၏။
ယောဘဝတ္တု။ 2:13 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ယောဘခံစားရသောဝေဒနာအလွန်ပြင်းထန်သည်ကို မြင်သဖြင့် မည်သူမျှစကားမပြောဘဲ သူနှင့်အတူမြေပေါ်တွင် ခုနစ်ရက်ခုနစ်ညထိုင်နေလေ၏။ Common Language Bible ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူမြေပေါ်မှာထိုင်၍၊ သူသည်ပြင်းစွာသောဆင်းရဲခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ စကားမပြောမဆိုဘဲနေကြ၏။ v Garrad Bible ခု နှစ် ရက် နေ့ ညဉ့် ပတ် လုံး၊ ယော ဘ နှင့် အ တူ မြေ ပေါ် မှာ ထိုင် နေ ကြ ရာ၊ ကြီး စွာ သော ပူ ပန် ခြင်း ဒု က္ခ ကို သိ မြင် ကြ သော ကြောင့်၊ မည် သူ မျှ စ ကား မ ပြော မ ဆို နိုင် ချေ။ Judson Bible ခုနစ်ရက်ပတ်လုံး ယောဘနှင့်အတူ မြေပေါ်မှာထိုင်၍၊ သူသည် ပြင်းစွာသောဆင်းရဲ ခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ စကားမပြောမဆိုဘဲ နေကြ၏။ |
ဘုရားသခင်သည် အလင်းကို နေ့ ဟုခေါ်ဝေါ်၍ အမှောင်ကို ည ဟုခေါ်ဝေါ်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ပထမနေ့ရက်ဖြစ်လေ၏။
ဘုရားသခင်သည် မိုးမျက်နှာကြက်ကို မိုးကောင်းကင် ဟုခေါ်ဝေါ်တော်မူ၏။ ညချမ်းအချိန်ရောက်ပြီး နံနက်အချိန်ရောက်၏။ ဒုတိယနေ့ရက်ဖြစ်လေ၏။
သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
ထိုအကြောင်းကိုကြားလျှင် ငါသည် အတွင်းအင်္ကျီ၊ အပြင်ဝတ်လုံကိုဆွဲဆုတ်ပြီး ဆံပင်၊ မုတ်ဆိတ်တို့ကို ဆွဲနုတ်ကာ လက်မှိုင်ချလျက်ထိုင်နေမိ၏။
ထိုစကားကို ငါကြားလျှင် ရက်ပေါင်းများစွာထိုင်၍ငိုကြွေးမြည်တမ်းလျက်၊ အစာရှောင်လျက် ကောင်းကင်ဘုံရှင်ဘုရားသခင်ထံ ဆုတောင်းလျက်နေလေ၏။
“သင်နှင့် စကားပြောလျှင် သင်စိတ်အနှောင့်အယှက်ဖြစ်မည်လော။ သို့သော် မည်သူသည် စကားမပြောဘဲနေနိုင်မည်နည်း။
ကိုယ်တော်သည် အကျွန်ုပ်၏မျက်ခွံကို မပိတ်နိုင်အောင်ကိုင်ထားတော်မူ၏။ အကျွန်ုပ်သည် မငြိမ်မသက်ဖြစ်၍ စကားပင်မပြောနိုင်ပါ။
ဇိအုန်မြို့တံခါးတို့သည် ညည်းတွား၍ ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ဇိအုန်မြို့သည် လူသူကင်းမဲ့လိမ့်မည်။ မြေကြီးပေါ်ထိုင်ရလိမ့်မည်။
အို ဘေဘီလုံသမီးပျို၊ မြေမှုန့်ပေါ်တွင် ဆင်းထိုင်လော့။ အို ခါလဒဲသမီး၊ ရာဇပလ္လင်ပေါ်မဟုတ်၊ မြေကြီးပေါ်တွင် ထိုင်လော့။ သင့်ကို နူးညံ့သိမ်မွေ့သောသူဟု ခေါ်တော့မည်မဟုတ်။
ဇိအုန်သမီးပျို၏သက်ကြီးဝါကြီးတို့သည် လျှော်တေအဝတ်ကိုဝတ်လျက်၊ မြေကြီးပေါ်၌ တိတ်ဆိတ်စွာထိုင်လျက်၊ မိမိတို့ခေါင်းပေါ်သို့ မြေမှုန့်ကိုပစ်တင်ကြပြီ။ ဂျေရုဆလင်အပျိုကညာတို့သည် မြေကြီးသို့ ခေါင်းငိုက်စိုက်ကျလေပြီ။
ငါသည် ခေဗာမြစ်နား၊ တေလဗိဗမြို့ရှိ သုံ့ပန်းတို့ထံပြန်ရောက်လာ၍ သူတို့နေထိုင်ရာမြို့တွင် ငါထိုင်နေ၏။ ထိုနေရာတွင် ခုနစ်ရက်ပတ်လုံး ထိုင်၍ မိန်းမောတွေဝေလျက်နေလေ၏။