Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ယောဘဝတ္တု။ 2 - Garrad Bible

1 တစ် နေ့ သ၌ကောင်း ကင် သား တို့ သည်၊ ထာ ဝ ရ ဘု ရား ထံ ဝင် ရောက် ခ စား ကြ ပြန် ရာ၊ စာ တန် လည်း အ ထံ တော်၌ ခ စား ခြင်း ငှာ၊ သူ တို့ နှင့် ပါ လာ သည် ဖြစ်၍၊

2 စာ တန် အား အ ဘယ် က လာ သ နည်း ဟု၊ ထာ ဝ ရ ဘု ရား မေး တော် မူ သော်၊ စာ တန် က မြေ ကြီး တစ် လျှောက် ပေါ် တွင် လှည့် ပတ် သွား လာ ရာ မှ လာ ရောက် ပါ သည် ဟု ပြန် လျှောက် လေ ၏။

3 ထာ ဝ ရ ဘု ရား က လည်း၊ မြေ ကြီး ပေါ် တွင်၊ စုံ လင် ဖြောင့် မှန်၍၊ ငါ ဘု ရား ကို ခန့် ညား လျက် ဒု စ ရိုက် ကို ရှောင် ကြဉ် သူ၊ ငါ့ ကျွန် ယော ဘ ကဲ့ သို့ တစ် ယောက် မျှ မ ရှိ ကြောင်း သင် သိ မှတ် ပြီ လော။ သူ သည် စုံ လင် ခြင်း ကို ကိုယ်၌ မြဲ စွဲ လျက် နေ၏။ ဖျက် ဆီး စေ ရန် ငါ့ အား သင် ပန် ထွာ နှိုး ဆော် ခြင်း သည်၊ အ ကြောင်း မဲ့ ဖြစ် လေ ပြီ တ ကား ဟု မိန့် တော် မူ ရာ၊

4 စာ တန် က၊ အ ရေ အ စား အ ရေ၊ အ သက် အ စား ပိုင် သ မျှ နှင့် လဲ လှယ် တတ် သည့် အ တိုင်း၊

5 အ ရိုး အ သား ကို လက် တော် ဖြင့် ဆန့် တန်း၍ ထိ ခိုက် တော် မူ ပါ က၊ မျက် မှောက် ထင် ထင် ငြင်း ပယ် ခြင်း ကို မု ချ ပြု ပါ လိမ့် မည် ဟု၊ ထာ ဝ ရ ဘု ရား ပြန် လျှောက် လျှင်၊

6 ထာ ဝ ရ ဘု ရား က၊ သူ သည် သင့် လက် ဝယ် ရှိ၏။ အ သက် ကို ကား ခြွင်း ထား လော့ ဟု မိန့် တော် မူ သော်၊

7 စာ တန် သည် အ ထံ တော် မှ ထွက် သွား ပြီး လျှင်၊ ယော ဘ၌ ခြေ ဖ ဝါး မှ ဦး ထိပ် တိုင် အောင်၊ အ နာ ဆိုး ဘေး သင့် စေ၏။

8 ယော ဘ သည် ကိုယ် ကို ခြစ် ရန် အိုး ခြမ်း ကို ကိုင် ယူ၍၊ ပြာ ထဲ တွင် ထိုင် နေ ရာ၊

9 မ ယား က အ ရှင် သည်၊ စုံ လင် ခြင်း ကို ကိုယ်၌ မြဲ စွဲ သေး သ လော။ ဘု ရား သ ခင် ကို ငြင်း ပယ် ပြီး လျှင် သေ ပေ တော့ ဟု ဆို သော်၊

10 ယော ဘ က၊ မိန်း မ ယုတ် ပြော သ ကဲ့ သို့၊ သင် ပြော လေ စွ တ ကား။ ဘု ရား သ ခင် အ ထံ တော် မှ အ ကောင်း ကို ခံ လျှင်၊ အ ဆိုး ကို လည်း ခံ အပ် သည် မ ဟုတ် တုံ လော ဟု ဆို၏။ ဤ အ မှု ရှိ သ မျှ နှင့် စပ်၍ လည်း၊ ယော ဘ သည် ဝ စီ ကံ မျှ မ ပြစ် မှား ချေ။

11 ထို အ ခါ။ ယော ဘ၏ အ ဆွေ ခင် ပွန်း သုံး ဦး ဖြစ် သော၊ တေ မန့် အ မျိုး သား ဧ လိ ဖတ်၊ ရှု အာ့ အ မျိုး သား ဗိ လ ဒဒ်၊ နေ မတ် အ မျိုး သား ဇော ဖာ တို့ သည်၊ ဘေး သင့် ရောက် သ မျှ ကို ကြား သိ ကြ သော ကြောင့်၊ စာ နာ၍ နှစ် သိမ့် စေ ခြင်း ငှာ ခ ရီး ချိန်း ချက် လျက်၊ နေ ရာ ရင်း မှ အ သီး အ သီး လာ ရောက် ကြ ပြီး လျှင်၊

12 အ ဝေး က မျှော် ကြည့် ရာ၊ ယော ဘ မှန်း မ သိ သ ဖြင့်၊ အော် ဟစ် ငို ကြွေး ခြင်း၊ အ သီး အ သီး ဝတ် လုံ ဆုတ် ခြင်း၊ ဦး ခေါင်း ထက် မြေ မုန့် ကျ စေ ရန် ကောင်း ကင် သို့ မြှောက် ကြဲ ခြင်း များ ကို ပြု ကြ၏။

13 ခု နှစ် ရက် နေ့ ညဉ့် ပတ် လုံး၊ ယော ဘ နှင့် အ တူ မြေ ပေါ် မှာ ထိုင် နေ ကြ ရာ၊ ကြီး စွာ သော ပူ ပန် ခြင်း ဒု က္ခ ကို သိ မြင် ကြ သော ကြောင့်၊ မည် သူ မျှ စ ကား မ ပြော မ ဆို နိုင် ချေ။

Garrad Holy Bible © Bible Society of Myanmar, 1928.

Bible Society of Myanmar
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ