ငါ့မိတ်ဆွေတို့သည် ငါ့ကို ပြက်ရယ်ပြုကြ၏။ ငါသည် ဘုရားသခင်ရှေ့တော်တွင် မျက်ရည်ကျရပါ၏။
ယောဘဝတ္တု။ 19:13 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ညီအစ်ကိုတို့ကို ငါနှင့် ဝေးကွာစေတော်မူပြီ။ ငါနှင့်သိကျွမ်းသောသူတို့သည်လည်း ငါ့ကို ကျောခိုင်းသွားကြပြီ။ Common Language Bible ငါ့ညီအစ်ကိုတို့ကို ငါနှင့် ကွာဝေးစေတော်မူ၏။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်းသောသူဖြစ် ကြ၏။ Garrad Bible ညီ အစ် ကို တို့ ကို ငါ နှင့် ကွာ ဝေး စေ တော် မူ၍၊ အ သိ အ ကျွမ်း များ လည်း၊ စိမ်း ကား သူ တို့ ဖြစ် ကြ လေ ပြီ။ Judson Bible ငါ့ညီအစ်ကိုတို့ကို ငါနှင့်ကွာဝေးစေတော်မူ၏။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်းသောသူဖြစ်ကြ၏။ |
ငါ့မိတ်ဆွေတို့သည် ငါ့ကို ပြက်ရယ်ပြုကြ၏။ ငါသည် ဘုရားသခင်ရှေ့တော်တွင် မျက်ရည်ကျရပါ၏။
အကယ်စင်စစ် ကိုယ်တော်သည် ငါ့ကို အားအင်ကုန်ခန်းစေတော်မူပြီ။ ငါ့မိသားစုအသိုက်အမြုံအားလုံးကို ဖျက်ဆီးတော်မူပြီ။
ထိုအခါ ယောဘ၏ညီအစ်ကိုမောင်နှမအပေါင်းတို့နှင့် ယခင်က သိကျွမ်းခဲ့သူအပေါင်းတို့သည် သူ့ထံသို့ရောက်လာ၍ သူ့အိမ်၌ အတူစားသောက်ကြ၏။ သူ့အား ထာဝရဘုရား ကြုံတွေ့စေသောဆင်းရဲဒုက္ခအပေါင်းတို့အတွက် သူ့ကို အားပေးနှစ်သိမ့်ကြ၏။ သူ့အား ငွေစတစ်စနှင့် ရွှေလက်စွပ်တစ်ကွင်းစီလည်း ပေးကြ၏။
ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့လည်းကောင်း၊ ဖြတ်သန်းစီးဆင်းသွားသောတောင်ကျချောင်းရေကဲ့သို့လည်းကောင်း သစ္စာမဲ့ကြ၏။
ယုံကြည်စိတ်ချမိ၍ သူတို့အရှက်ကွဲရလေပြီ။ ထိုအရပ်သို့ရောက်သောအခါ သူတို့စိတ်ပျက်ကြရ၏။
အကျွန်ုပ်ကိုရန်ဖက်ပြုသောသူအပေါင်းတို့ကြောင့် အကျွန်ုပ်သည် အထူးသဖြင့် အကျွန်ုပ်၏အိမ်နီးချင်းများအတွက် ကဲ့ရဲ့ပြစ်တင်စရာဖြစ်၍ အကျွန်ုပ်၏အသိမိတ်ဆွေများအတွက်လည်း ကြောက်ရွံ့စရာဖြစ်ပါပြီ။ လမ်း၌ အကျွန်ုပ်ကို တွေ့မြင်သောသူတို့သည် အကျွန်ုပ်ထံမှထွက်ပြေးကြပါ၏။
အကျွန်ုပ်သည် သေလွန်ပြီးသောသူကဲ့သို့ လူတို့၏စိတ်ထဲမှမေ့လျော့ခြင်းခံရ၍ ကွဲပျက်သောအိုးကဲ့သို့ဖြစ်ပါပြီ။
အကျွန်ုပ်ချစ်သောသူတို့နှင့် အကျွန်ုပ်၏မိတ်ဆွေတို့သည် အကျွန်ုပ်၏အနာကြောင့် အကျွန်ုပ်ကိုရှောင်ဖယ်ကြပါ၏။ အကျွန်ုပ်၏ဆွေမျိုးသားချင်းတို့သည်လည်း အဝေး၌ရပ်နေကြပါ၏။
အကျွန်ုပ်အသက်ကိုရန်ရှာသောသူတို့သည် အကျွန်ုပ်ကိုထောင်ဖမ်းကြပါ၏။ အကျွန်ုပ်ဒုက္ခရောက်ရန်ရှာကြံသောသူတို့သည် ပျက်စီးခြင်းအကြောင်းများပြောဆို၍ လိမ်လည်လှည့်ဖြားမှုများကို တစ်နေ့လုံးကြံစည်ကြပါ၏။
ငါ့မုန့်ကိုစားသော ငါယုံကြည်စိတ်ချခဲ့သည့် ငါ၏မိတ်ဆွေရင်းချာပင်လျှင် ငါ့ကိုဖနောင့်နှင့်ပေါက်လေပြီ။
ကဲ့ရဲ့ပြစ်တင်ခြင်းသည် အကျွန်ုပ်၏စိတ်နှလုံးကိုကျိုးပဲ့စေ၍ အကျွန်ုပ်သည် အလွန်စိတ်ပျက်အားငယ်လျက်ရှိပါ၏။ အကျွန်ုပ်သည် စာနာထောက်ထားမည့်သူကို စောင့်မျှော်သော်လည်း မရှိခဲ့ပါ။ နှစ်သိမ့်ပေးမည့်သူများကိုရှာသော်လည်း မတွေ့ခဲ့ပါ။
အကျွန်ုပ်သည် အကျွန်ုပ်၏ညီအစ်ကိုများအတွက် သူစိမ်းဖြစ်သွား၍ အကျွန်ုပ်မိခင်၏သားများအတွက် တစ်ပါးအမျိုးသားဖြစ်သွားပါပြီ။
အကြောင်းမူကား ကိုယ်တော်၏အိမ်တော်အတွက် ထက်သန်သောစိတ်သည် အကျွန်ုပ်ကိုလွှမ်းမိုးလျက်ရှိပါ၏။ ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်သောသူတို့၏ ကဲ့ရဲ့ပြစ်တင်သောစကားသည် အကျွန်ုပ်အပေါ်သို့ကျရောက်ပါ၏။
ချစ်သောသူနှင့်မိတ်ဆွေကို ကိုယ်တော်သည် အကျွန်ုပ်နှင့်ဝေးကွာစေတော်မူ၏။ အကျွန်ုပ်သည် မှောင်မိုက်နှင့်သာ မိတ်ဖွဲ့ရပါ၏။
ကိုယ်တော်သည် အကျွန်ုပ်၏အသိမိတ်ဆွေများကို အကျွန်ုပ်နှင့်ဝေးကွာစေတော်မူပါပြီ။ အကျွန်ုပ်ကို သူတို့အတွက် စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေတော်မူပါပြီ။ အကျွန်ုပ်သည် ပိတ်မိနေသဖြင့် မထွက်နိုင်ပါ။
ငါ့ချစ်သူတို့ကို ငါခေါ်သော်လည်း သူတို့သည် ငါ့ကိုလှည့်စားကြလေပြီ။ ငါ၏ယဇ်ပုရောဟိတ်များနှင့်သက်ကြီးဝါကြီးတို့သည် ဆက်လက်ရှင်သန်နိုင်ရန် အစာရေစာရှာဖွေရင်း မြို့တွင်း၌ပင် သေဆုံးကြလေပြီ။
သူသည် တစ်ညလုံး ခါးသီးစွာငိုကြွေးနေရပြီ။ သူ့ပါးပြင်ပေါ်တွင် မျက်ရည်များ စိုရွှဲနေပြီ။ သူ့ချစ်သူတို့လည်း သူ့ကို မနှစ်သိမ့်ကြ။ သူ့မိတ်ဆွေအပေါင်းတို့ကလည်း သူ့ကိုသစ္စာဖောက်ပြီး ရန်သူဖြစ်သွားကြပြီ။
သို့သော် ဤအမှုအရာအားလုံးဖြစ်ပျက်ရခြင်းမှာ ပရောဖက်ကျမ်းများပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း”ဟု မိန့်တော်မူ၏။ ထိုအခါ တပည့်တော်အားလုံးတို့သည် ကိုယ်တော်ကိုစွန့်ခွာ၍ ထွက်ပြေးကြ၏။
ငါ၏အမှုအတွက် ပထမအကြိမ်ချေပပြောဆိုရာတွင် မည်သူမျှ ငါ့ဘက်၌မနေဘဲ အားလုံးသည် ငါ့ကိုစွန့်ပစ်ကြ၏။ ဤအမှုအရာကြောင့် သူတို့၏အပြစ်ကို မှတ်တော်မမူပါစေနှင့်။