ဆာလံ 69:8 - မြန်မာ့စံမီသမ္မာကျမ်း8 အကျွန်ုပ်သည် အကျွန်ုပ်၏ညီအစ်ကိုများအတွက် သူစိမ်းဖြစ်သွား၍ အကျွန်ုပ်မိခင်၏သားများအတွက် တစ်ပါးအမျိုးသားဖြစ်သွားပါပြီ။ အခန်းကိုကြည့်ပါ။Common Language Bible8 ကျွန်တော်မျိုးသည်မိမိ၏ညီအစ်ကိုတို့တွင် သူစိမ်းတစ်ရံဆံကဲ့သို့လည်းကောင်း၊ မိသားစုတွင်လည်းတစ်ကျွန်းတစ်နိုင်ငံသား ကဲ့သို့လည်းကောင်းဖြစ်၍နေပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible8 ညီ အစ် ကို ချင်း တို့ တွင် သူ စိမ်း၊ အ မိ သား ချင်း တို့ တွင် နိုင် ငံ ခြား သား ဖြစ် နေ ပါ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible8 ကိုယ်ညီအစ်ကိုတို့တွင်၊ လူစိမ်းဖြစ်ခဲ့ပါပြီ။ တစ်မိတည်းသော ပေါက်ဖော်တို့တွင်၊ တစ်ကျွန်းတစ်နိုင်ငံသား ဖြစ်ခဲ့ပါပြီ။ အခန်းကိုကြည့်ပါ။ |
အို ထာဝရဘုရား၊ ကိုယ်တော်သိတော်မူပါ၏။ အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ အကျွန်ုပ်ကိုအကြည့်အရှုကြွလာတော်မူပါ။ အကျွန်ုပ်ကိုလိုက်လံညှဉ်းဆဲသူတို့အား လက်တုံ့ပြန်ပေးတော်မူပါ။ ကိုယ်တော်သည် စိတ်ရှည်သည်းခံတော်မူသည်ဖြစ်၍ အကျွန်ုပ်ကို အဝေးသို့မနှင်လိုက်ပါနှင့်။ ကိုယ်တော်ကြောင့် အကျွန်ုပ်ကဲ့ရဲ့ပြစ်တင်ခြင်းခံရကြောင်းကို သိမှတ်တော်မူပါ။
ထိုသို့ ဒါဝိဒ်နှင့်လူတို့ ပြောဆိုနေကြသည်ကို ဒါဝိဒ်၏အစ်ကိုအကြီးဆုံးဖြစ်သူ ဧလျာဘကြားသိလျှင် ဒါဝိဒ်ကိုအမျက်ထွက်၍ “သင် အဘယ်ကြောင့် ဤနေရာသို့ ဆင်းလာသနည်း။ တောကန္တာရမှ သိုးအနည်းငယ်ကို မည်သူနှင့် ထားခဲ့သနည်း။ သင်၌မာန်မာနရှိကြောင်း၊ မကောင်းသောစိတ်ကူးရှိနေကြောင်း ငါသိ၏။ တိုက်ပွဲကို ကြည့်လို၍ သင်လာခဲ့သည်မဟုတ်လော”ဟု သူ့အား ပြောဆိုလေ၏။