Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 88:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ချစ်​သော​သူ​နှင့်​မိတ်ဆွေ​ကို ကိုယ်တော်​သည် အကျွန်ုပ်​နှင့်​ဝေးကွာ​စေ​တော်မူ​၏​။ အကျွန်ုပ်​သည် မှောင်မိုက်​နှင့်​သာ မိတ်ဖွဲ့​ရ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 အ​ရင်း​နှီး​ဆုံး​သော​မိတ်​ဆွေ​များ​အား​ပင် လျှင် ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​မှာ​မိတ်​ဆွေ​ဖွဲ့​ရန်​မှောင်​မိုက်​သာ​လျှင် ကျန်​ရှိ​ပါ​တော့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ချစ် ခင် သူ၊ ပေါင်း ဖော် သူ တို့ ကို အ ကျွန်ုပ် နှင့် ဝေး စေ တော် မူ ပါ ပြီ။ အ သိ မိတ် ဆွေ မှာ၊ မှောင် မိုက် ခြင်း ပါ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ချစ်​သော​သူ​နှင့် အ​ဆွေ​ခင်​ပွန်း​ကို အ​ကျွန်ုပ်​နှင့် ဝေး​ဝေး​ရွှေ့​တော်​မူ​ပြီ။ အ​သိ​အ​ကျွမ်း​တို့​သည် မှောင်​မိုက်​ထဲ​မှာ ရှိ​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 88:18
6 ပူးပေါင်းရင်းမြစ်များ  

လူမျိုး​အပေါင်း​တို့​သည် ငါ့​ကို​ဝိုင်းရံ​ထား​ကြ​၏​။ ငါ​သည် ထာဝရဘုရား​၏​နာမ​တော်​အားဖြင့် သူ​တို့​ကို မုချ​သုတ်သင်ရှင်းလင်း​ပစ်​မည်​။


သူ​တို့​သည် ငါ့​ကို​ဝိုင်းရံ​ထား​ကြ​၏​။ အကယ်စင်စစ် သူ​တို့​သည် ငါ့​ကို​ဝိုင်းရံ​ထား​ကြ​၏​။ ငါ​သည် ထာဝရဘုရား​၏​နာမ​တော်​အားဖြင့် သူ​တို့​ကို မုချ​ဖြတ်ပယ်​ရှင်းလင်း​မည်​။


အကျွန်ုပ်​ကို​ရန်ဖက်ပြု​သော​သူ​အပေါင်း​တို့​ကြောင့် အကျွန်ုပ်​သည် အထူးသဖြင့် အကျွန်ုပ်​၏​အိမ်နီးချင်း​များ​အတွက် ကဲ့ရဲ့ပြစ်တင်စရာ​ဖြစ်​၍ အကျွန်ုပ်​၏​အသိ​မိတ်ဆွေ​များ​အတွက်​လည်း ကြောက်ရွံ့စရာ​ဖြစ်​ပါ​ပြီ​။ လမ်း​၌ အကျွန်ုပ်​ကို တွေ့မြင်​သော​သူ​တို့​သည် အကျွန်ုပ်​ထံမှ​ထွက်ပြေး​ကြ​ပါ​၏​။


အကျွန်ုပ်​ချစ်​သော​သူ​တို့​နှင့် အကျွန်ုပ်​၏​မိတ်ဆွေ​တို့​သည် အကျွန်ုပ်​၏​အနာ​ကြောင့် အကျွန်ုပ်​ကို​ရှောင်ဖယ်​ကြ​ပါ​၏​။ အကျွန်ုပ်​၏​ဆွေမျိုးသားချင်း​တို့​သည်​လည်း အဝေး​၌​ရပ်​နေ​ကြ​ပါ​၏​။


ကိုယ်တော်​သည် အကျွန်ုပ်​၏​အသိမိတ်ဆွေ​များ​ကို အကျွန်ုပ်​နှင့်​ဝေးကွာ​စေ​တော်မူ​ပါ​ပြီ​။ အကျွန်ုပ်​ကို သူ​တို့​အတွက် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်စေ​တော်မူ​ပါ​ပြီ​။ အကျွန်ုပ်​သည် ပိတ်​မိ​နေ​သဖြင့် မ​ထွက်​နိုင်​ပါ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ