ယောဘဝတ္တု။ 6:15 - မြန်မာ့စံမီသမ္မာကျမ်း15 ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့လည်းကောင်း၊ ဖြတ်သန်းစီးဆင်းသွားသောတောင်ကျချောင်းရေကဲ့သို့လည်းကောင်း သစ္စာမဲ့ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible15 ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible15-16 ငါ့ ညီ အစ် ကို တို့ ကား၊ ခြောက် သော ချောင်း ကဲ့ သို့ သ စ္စာ မဲ့ ကြ လေ စွ။ ၎င်း ရေ ကြောင်း များ သည်၊ ရေ ခဲ ကြောင့် ညှို့၍၊ အ ရည် ပျော် သော မိုး ပွင့် ကြောင့် ပြည့် လျှံ စီး သွား သော် လည်း၊ အခန်းကိုကြည့်ပါ။Judson Bible15 ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသောရေကဲ့သို့ ရွေ့သွားကွယ်ပျောက် တတ်ကြ၏။ အခန်းကိုကြည့်ပါ။ |
‘ကြည့်ရှုလော့။ ယုဒဘုရင်နန်းတော်၌ ကျန်ရစ်သောမိန်းမအပေါင်းတို့ကို ဘေဘီလုံဘုရင်၏မှူးမတ်တို့ထံ ခေါ်ဆောင်သွားကြမည်။ ထိုမိန်းမတို့က မင်းကြီးယုံကြည်ရသောမိတ်ဆွေတို့သည် မင်းကြီးကို သွေးဆောင်ကြပြီ၊ အနိုင်ရကြပြီ။ မင်းကြီး၏ခြေသည် ရွှံ့ထဲနစ်သွားလေပြီ။ မိတ်ဆွေတို့လည်း ကျောခိုင်းသွားလေပြီဟု ဆိုကြလိမ့်မည်။
သူတို့သည် သင်တို့နှင့်အတူစားသောက်သောအခါ ရှက်ကြောက်ခြင်းမရှိဘဲ မိမိတို့အတွက်သာ ဂရုစိုက်လျက် သင်တို့၏မေတ္တာပွဲ၌ အစွန်းအထင်းများဖြစ်ကြ၏။ သူတို့သည် လေ၌လွင့်ပါသွားသော မိုးရေမပါသည့်မိုးတိမ်များ၊ အမြစ်ပါမကျန်ဆွဲနုတ်ခံရ၍ နှစ်ကြိမ်သေသည့် အသီးမသီးသော ဆောင်းဦးကာလသစ်ပင်များ၊