Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 31:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 အကျွန်ုပ်​သည် သေလွန်​ပြီး​သော​သူ​ကဲ့သို့ လူ​တို့​၏​စိတ်​ထဲမှ​မေ့လျော့​ခြင်း​ခံရ​၍ ကွဲပျက်​သော​အိုး​ကဲ့သို့​ဖြစ်​ပါ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ကျွန်​တော်​မျိုး​သေ​လေ​ပြီ​ကဲ့​သို့ လူ​အ​ပေါင်း​တို့​သည်​ကျွန်​တော်​မျိုး​အား မေ့​ပျောက်​သွား​ကြ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​စွန့်​ပစ်​ခြင်း​ခံ​ရ​သည့် အိုး​ကွဲ​ကဲ့​သို့​ဖြစ်​ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 အ မှတ် မ ရ သော သေ လွန် သူ ကဲ့ သို့၊ အ ကျွန်ုပ် ကို မေ့ ကြ ပါ ပြီ။ အိုး ကွဲ ကဲ့ သို့ ဖြစ် ပါ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 မ​အောက်​မေ့​သော​အ​သေ​ကောင်​ကဲ့​သို့၊ အ​ကျွန်ုပ်​ကို မေ့​လျော့​ကြ​ပါ၏။ အိုး​ခြမ်း​ကဲ့​သို့ အ​ကျွန်ုပ်​ဖြစ်​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 31:12
11 ပူးပေါင်းရင်းမြစ်များ  

ငါ့​ညီအစ်ကို​တို့​ကို ငါ​နှင့် ဝေးကွာ​စေ​တော်မူ​ပြီ​။ ငါ​နှင့်​သိကျွမ်း​သော​သူ​တို့​သည်​လည်း ငါ့​ကို ကျောခိုင်း​သွား​ကြ​ပြီ​။


ငါ့​ဆွေမျိုးသားချင်း​တို့​သည် ငါ့​ကို စွန့်ခွာ​သွား​ကြ​၏​။ ငါ​နှင့်​သိကျွမ်း​သော​သူ​တို့​သည်​လည်း ငါ့​ကို မေ့သွား​ကြ​၏​။


အကျွန်ုပ်​သည် အခိုးရိုက်​သော သားရေဘူး​ကဲ့သို့​ဖြစ်​သော်လည်း ကိုယ်တော်​၏​ပြဋ္ဌာန်းချက်​ကို မ​မေ့လျော့​ပါ​။


သင်​သည် သံ​လှံတံ​ဖြင့် သူ​တို့​ကို​ကျိုးပဲ့​စေ​၍ သူ​တို့​ကို မြေအိုး​ကဲ့သို့ ရိုက်ခွဲ​လိမ့်မည်​”​ဟု ငါ့​အား မိန့်​တော်မူ​၏​။


အကျွန်ုပ်​အသက်​ကို​ရန်ရှာ​သော​သူ​တို့​သည် အကျွန်ုပ်​ကို​ထောင်ဖမ်း​ကြ​ပါ​၏​။ အကျွန်ုပ်​ဒုက္ခ​ရောက်​ရန်​ရှာကြံ​သော​သူ​တို့​သည် ပျက်စီး​ခြင်း​အကြောင်း​များ​ပြောဆို​၍ လိမ်လည်လှည့်ဖြားမှု​များ​ကို တစ်နေ့လုံး​ကြံစည်​ကြ​ပါ​၏​။


ထာဝရဘုရား​သည် ထာဝရ​မင်္ဂလာရှိ​ပါစေသော​။ အာမင်​နှင့် အာမင်​။


အိုးထိန်းသည်​သည် အိုး​ကို​မ​နှမြော​ဘဲ ခွဲ​လိုက်​သဖြင့် အကျိုးအပဲ့​များ​ကြား​တွင် မီးဖို​ထဲမှ​မီး​ကို​ကော်ယူ​၍​ရ​လောက်​သော​၊ ရေတိုင်ကီ​ထဲမှ​ရေ​ကို​ခပ်ယူ​၍​ရ​လောက်​သော အိုးခြမ်းပဲ့​တစ်​ခု​မျှ​မ​တွေ့​ရ​သည်​အထိ ကွဲကြေ​သွား​သော​အိုး​ကဲ့သို့ ကျိုးပဲ့​သွား​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


သူ​သည် မြေ​အိုး​များ​ကို​ကြေမွ​စေ​သကဲ့သို့ သံ​လှံတံ​ဖြင့် သူ​တို့​ကို​အုပ်ထိန်း​လိမ့်မည်။ဤသည်ကား ငါ​ကိုယ်တိုင် ငါ့​ခမည်းတော်​ထံမှ​ရရှိ​သော​အုပ်စိုး​ခွင့်​နှင့်တူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ