တစ်စုံတစ်ယောက်က ဒါဝိဒ်မင်းကြီးအား “အဗရှလုံနှင့်အတူ ပူးပေါင်းကြံစည်သူတို့ထဲတွင် အဟိသောဖေလလည်း ပါသည်”ဟု ကြားပြော၏။ ထိုအခါ ဒါဝိဒ်မင်းကြီးက “အို ထာဝရဘုရား၊ အဟိသောဖေလ၏အကြံကို မိုက်မဲသောအကြံဖြစ်စေတော်မူပါ”ဟု ဆုတောင်းလေ၏။
ယောဘဝတ္တု။ 18:7 - မြန်မာ့စံမီသမ္မာကျမ်း အားမာန်ပြည့်သောခြေလှမ်းများသည် အားလျော့သွားလိမ့်မည်။ သူ့အကြံနှင့်သူ လဲပြိုသွားရလိမ့်မည်။ Common Language Bible ခိုင်ခံ့စွာသွားသောအခါ ကျဉ်းမြောင်းရာသို့ ရောက်လိမ့်မည်။ မိမိအကြံအစည်အားဖြင့် ရှုံးရလိမ့်မည်။ Garrad Bible ခွန် အား ဆိုင် ရာ ခြေ လှမ်း ကျဉ်း မြောင်း လျက်၊ ကိုယ်၏ ပြ ဋ္ဌာန်း ချက် လည်း ကိုယ် ကို ဖြို လှဲ လိမ့် မည်။ Judson Bible ခိုင်ခံ့စွာသွားသောအခါ ကျဉ်းမြောင်းရာသို့ ရောက်လိမ့်မည်။ မိမိအကြံအစည်အားဖြင့် ရှုံးရလိမ့်မည်။ |
တစ်စုံတစ်ယောက်က ဒါဝိဒ်မင်းကြီးအား “အဗရှလုံနှင့်အတူ ပူးပေါင်းကြံစည်သူတို့ထဲတွင် အဟိသောဖေလလည်း ပါသည်”ဟု ကြားပြော၏။ ထိုအခါ ဒါဝိဒ်မင်းကြီးက “အို ထာဝရဘုရား၊ အဟိသောဖေလ၏အကြံကို မိုက်မဲသောအကြံဖြစ်စေတော်မူပါ”ဟု ဆုတောင်းလေ၏။
ထိုအခါ အဗရှလုံနှင့် အစ္စရေးအမျိုးသားအပေါင်းတို့က “အာခိလူမျိုး ဟုရှဲပေးသောအကြံသည် အဟိသောဖေလပေးသောအကြံထက် ကောင်းသည်”ဟု ထောက်ခံကြ၏။ အကြောင်းမှာ အဗရှလုံကို ဘေးတွေ့စေမည့်အကြောင်း အဟိသောဖေလပေးသောအကြံပျက်ပြားရန် ထာဝရဘုရား စီစဉ်တော်မူပြီ။
ထိုသို့ဖြစ်သောကြောင့် ဆီးရီးယားဘုရင်သည် သံသယစိတ်ဝင်လာကာ မိမိအမှုထမ်းတို့ကိုဆင့်ခေါ်ပြီးလျှင် “ငါတို့တွင် မည်သူသည် အစ္စရေးဘုရင်၏လူ ဖြစ်သည်ကို ငါ့အား ပြောပါ”ဟု ဆို၏။
သင့်ကို အပြစ်တင်သူမှာ ငါမဟုတ်။ သင့်နှုတ်ပင်ဖြစ်၏။ သင့်နှုတ်ခမ်းသည် သင့်ကို ဆန့်ကျင်၍သက်သေထွက်ဆိုလေပြီ။
သူသည် ကြွယ်ဝချမ်းသာလျက်နေစဉ်မှာပင် ဒုက္ခရောက်ရလိမ့်မည်။ ဆင်းရဲဒုက္ခသည်လည်း သူ့ထံသို့ အစုလိုက်အပြုံလိုက်ရောက်လာလိမ့်မည်။
သင့်ကိုလည်း ဆင်းရဲတွင်းထဲမှ အတိုင်းမသိကျယ်ဝန်းရာသို့ ဆောင်ယူတော်မူ၏။ သင့်အဖို့ စားပွဲပေါ်တွင် အဆီအနှစ်နှင့်ပြည့်သောအစာကို တည်ခင်းပေးထားတော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်ခြေလှမ်းစရာလမ်းကို ကျယ်ပြန့်စေတော်မူသောကြောင့် အကျွန်ုပ်ခြေမချော်ခဲ့ပါ။
ထာဝရဘုရားသည် တိုင်းနိုင်ငံတို့၏အကြံဉာဏ်ကို ပယ်ဖျက်၍ လူမျိုးတို့၏အကြံအစည်များကို ဟန့်တားတော်မူ၏။
အပြစ်တင်စရာမရှိသောသူ၏ဖြောင့်မတ်ခြင်းသည် သူ၏လမ်းကိုဖြောင့်တန်းစေတတ်၏။ ဆိုးယုတ်သောသူမူကား မိမိ၏ဆိုးယုတ်မှုကြောင့် ကျဆုံးတတ်၏။
မကောင်းမှုပြုသောသူသည် အပြစ်ကျူးလွန်ခြင်းထဲ၌ ထောင်ချောက်မိတတ်၏။ ဖြောင့်မတ်သောသူမူကား ရွှင်လန်းစွာသီချင်းဆိုလျက် ဝမ်းမြောက်တတ်၏။
သင်လမ်းလျှောက်သောအခါ သင်၏ခြေလှမ်းသည် တားဆီးနှောင့်ယှက်ခြင်းခံရလိမ့်မည်မဟုတ်။ သင်ပြေးသောအခါလည်း ခလုတ်တိုက်လိမ့်မည်မဟုတ်။
ထိုရုပ်တုသည် အဆီးရီးယားပြည်ရှိ ယာရက်မင်းကြီးထံသို့ လက်ဆောင်အဖြစ် ယူဆောင်သွားခြင်း ခံရလိမ့်မည်။ ဧဖရိမ်သည် အရှက်ကွဲရလိမ့်မည်။ အစ္စရေးသည် မိမိအကြံအစည်ကြောင့် အရှက်ခွဲခံရလိမ့်မည်။
အကြောင်းမူကား ဤလောက၏ဉာဏ်ပညာသည် ဘုရားသခင်ရှေ့တော်၌ မိုက်မဲသောအရာဖြစ်၏။ “ဘုရားသခင်သည် ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူ၏”ဟု ကျမ်းစာ၌ရေးထား၏။