Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 18:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 အကြောင်းမူကား သူ့​ခြေ​တို့​သည် ပိုက်ကွန်​နှင့်​ငြိ​၍ သူ​သည်​လည်း ကွန်ရက်​ထဲတွင် လည်​နေ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ပိုက်ထဲသို့ အလိုလိုဝင်တတ်၏။ ကျော့ကွင်းပေါ်မှာ နင်းတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ထို သူ သည် ခြောက် လှန်း လွဲ သ ဖြင့် ပိုက် ထဲ သို့ ရောက်၍၊ တွင်း ကျ ပေါ် တွင် လျှောက် သွား ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ပိုက်​ထဲ​သို့ အ​လို​လို​ဝင်​တတ်၏။ ကျော့​ကွင်း​ပေါ်​မှာ နင်း​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 18:8
18 ပူးပေါင်းရင်းမြစ်များ  

အရှင်မင်းကြီး​အလို​တော်​ရှိ​လျှင် သူ​တို့​ကို​ဖျက်ဆီး​ပစ်​ရန် အမိန့်စာ​ထုတ်​တော်မူ​ပါ​။ အကျွန်ုပ်​သည်​လည်း အရှင်မင်းကြီး​၏​ဘဏ္ဍာတိုက်​ထဲသို့​သွင်း​ရန် ငွေ​တာလန်​တစ်သောင်း​ကို ဤ​အမှု​ဆောင်ရွက်​သူ​တို့​၏​လက်​သို့ အပ်​ပါ​မည်​”​ဟု လျှောက်​လေ​၏​။


ထို့နောက် ဟာမန်​သည် မိမိ​ဇနီး​ဇေရက်​နှင့် မိမိ​မိတ်ဆွေ​အပေါင်း​တို့​အား ဖြစ်ပျက်​ခဲ့​သမျှ​တို့​ကို ပြောပြ​ရာ သူ့​ဇနီး​ဇေရက်​နှင့် သူ့​ကို အကြံပေးသူ​တို့​က “​ယခု သင်​သည် မော်ဒကဲ​ကို စတင်​ပြီး​ရှုံးနိမ့်​လေ​ပြီ​။ သူ​သည် ဂျူး​လူမျိုး​မှန်​လျှင် သူ့​ကို သင်​အနိုင်ရ​လိမ့်မည်​မ​ဟုတ်​။ သူ့​ကို သင်​မုချ​ရှုံး​လိမ့်မည်​”​ဟု ပြန်ပြော​ကြ​၏​။


ထို့ကြောင့် မော်ဒကဲ​အတွက် စိုက်ထူ​ထား​သော​သစ်တိုင်​ပေါ်တွင် ဟာမန်​ကို ချိတ်ဆွဲ​ကြ​၏​။ ရှင်ဘုရင်​သည်​လည်း အမျက်​ပြေ​လေ​၏​။


ထိုအခါ အာရွှေရု​မင်းကြီး​က မိဖုရား​ဧသတာ​အား “​ထိုသို့​ပြု​ရန် စိတ်ရဲတင်း​သူ​ကား အဘယ်သူ​နည်း​။ အဘယ်မှာ နေ​သနည်း​”​ဟု မေး​လျှင်


သူ​၏​ဖနောင့်​သည် ကျော့ကွင်း​၌ မိ​လိမ့်မည်​။ ညွှတ်ကွင်း​သည်​လည်း သူ့​ကို​ဆွဲ​ထား​လိမ့်မည်​။


သင်​တို့​သိထား​ရ​မည်​မှာ ဘုရားသခင်​သည် ငါ့​အမှု​ကို ကောက်​စေ​တော်မူ​၍ ငါ့​ပတ်ပတ်လည်​တွင် ထောင်ချောက်​များ​ဖြင့် ဝိုင်းရံ​စေ​တော်မူ​၏​။


ထို့ကြောင့် ကျော့ကွင်း​များ​သည် သင့်​ကို​ဝိုင်းရံ​ထား​ပြီး ရုတ်တရက်​ကျရောက်​သော​ကြောက်မက်ဖွယ်ဘေး​သည်​လည်း သင့်​ကို ထိတ်လန့်​စေ​ပြီ​။


သူ​ရိတ်သိမ်း​ထား​သော​သီးနှံ​များ ဆူးပင်​ကြား​၌​ဝှက်ထား​လျှင်ပင် ဆာလောင်မွတ်သိပ်​သော​သူ​သည် ယူ​စား​လိမ့်မည်​။ သူခိုး​ဓားပြ​တို့​သည် သူ​၏​ဥစ္စာပစ္စည်း​ကို တိုက်ယူ​သွား​လိမ့်မည်​။


ပျက်စီးဆုံးပါး​ခြင်း​သည် ထိုသို့​သော​သူ​အပေါ် အမှတ်မထင်​ကျရောက်​ပါစေသော​။ သူ​လျှို့ဝှက်​စွာ​ထောင်​ထား​သော​ပိုက်ကွန်​၌ သူ​ကိုယ်တိုင်​ပြန်မိ​၍ ထို​ပျက်စီးဆုံးပါး​ခြင်း​ထဲသို့​ပင် ကျရောက်​ပါစေသော​။


လူမျိုးတကာ​တို့​သည် မိမိ​တို့​တူး​ထား​သော​တွင်း​ထဲသို့ ကျ​ကြ​ပြီ​။ သူ​တို့​ခြေ​သည် မိမိ​တို့​လျှို့ဝှက်​စွာ​ထောင်​ထား​သော ပိုက်ကွန်​၌​မိ​လေ​ပြီ​။


မကောင်းမှု​ပြု​သော​သူ​သည် အပြစ်​ကျူးလွန်​ခြင်း​ထဲ၌ ထောင်ချောက်​မိ​တတ်​၏​။ ဖြောင့်မတ်​သော​သူ​မူကား ရွှင်လန်း​စွာ​သီချင်းဆို​လျက် ဝမ်းမြောက်​တတ်​၏​။


ဆိုးယုတ်​သော​သူ​သည် မိမိ​ဒုစရိုက်​များ​ဖြင့် ဖမ်းဆီး​ခြင်း​ခံရ​၍ မိမိ​အပြစ်​ကြိုး​များ​ဖြင့် ချည်နှောင်​ခြင်း​ခံရ​လိမ့်မည်​။


အို မြေကြီးသား​တို့​၊ သင်​သည် ကြောက်မက်ဖွယ်ဘေး​၊ မြေတွင်း​၊ ကျော့ကွင်း​ထဲသို့ ကျရောက်​လေ​ပြီ​။


ကောင်းကင်​ပြတင်းပေါက်​တို့​သည်​ပွင့်​၍ မြေကြီး​အုတ်မြစ်​တို့​သည် တုန်ခါ​လေ​ပြီ​။ ကြောက်မက်ဖွယ်​ရာ​အသံ​ကြောင့် ထွက်ပြေး​သော​သူ​သည် မြေတွင်း​ထဲသို့​ကျ​လိမ့်မည်​။ မြေတွင်း​ထဲ​မှ​တက်လာ​သော​သူ​သည် ကျော့ကွင်း​၌​မိ​လိမ့်မည်​။


ဘုရားရှင်​ထာဝရဘုရား​က ‘ငါ​သည် များစွာ​သော​လူ​အလုံးအရင်း​နှင့်အတူ သင့်​ကို ငါ့​ပိုက်ကွန်​ဖြင့် အုပ်​မည်​။ သူ​တို့​သည် ထို​ပိုက်ကွန်​ဖြင့် သင့်​ကို​ဆွဲယူ​ကြ​လိမ့်မည်​။


ထိုမျှမက ကဲ့ရဲ့​ပြစ်တင်​ခြင်း​ခံရ​လျက် မာရ်နတ်​၏​ကျော့ကွင်း​ထဲသို့ မ​ကျရောက်​စေရန် အသင်းတော်​ပြင်ပ​၌ ဂုဏ်​သတင်း​ကောင်း​သော​သူ​လည်း​ဖြစ်​ရ​မည်။


ချမ်းသာ​လို​သော​သူ​တို့​သည် ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့​လည်းကောင်း၊ ထောင်ချောက်​ထဲသို့​လည်းကောင်း၊ လူ​တို့​ကို ပျက်စီး​ခြင်း​နှင့်​ဆုံးရှုံး​ခြင်း​တွင် နစ်မွန်း​စေ​တတ်​သော မိုက်မဲ​၍​အန္တရာယ်​ရှိ​သည့် တပ်မက်​ခြင်း​အမျိုးမျိုး​ထဲသို့​လည်းကောင်း ကျရောက်​တတ်​ကြ​၏။


မာရ်နတ်​က သူ့​အလို​အတိုင်း​ပြု​စေရန် သူ​တို့​ကို​ဖမ်းဆီး​ထား​သော်လည်း သူ​တို့​သည် မာရ်နတ်​၏​ကျော့ကွင်း​မှ လွတ်မြောက်​၍ အမြင်မှန်​ရ​ကောင်း​ရ​ကြ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ