သူသည် ထူထဲသောဒိုင်းလွှားကြီးကိုကိုင်လျက် ကိုယ်တော့်ကို တိုက်ခိုက်ရန် တဇွတ်ထိုးပြေးလာ၏။
ယောဘဝတ္တု။ 16:12 - မြန်မာ့စံမီသမ္မာကျမ်း အေးချမ်းစွာနေရစဉ် ငါ့ကို တစ်စစီချိုးဖဲ့တော်မူပြီ။ ငါ့လည်ပင်းကို ဖမ်းကိုင်ပြီးလျှင် ငါ့ကို တစ်စစီခြေမွှတော်မူပြီ။ ငါ့ကို ပစ်မှတ်အဖြစ်ထားတော်မူပြီ။ Common Language Bible ငါသည်ငြိမ်ဝပ်လျက်နေသောအခါ ငါ့အရိုးတို့ကို ချိုးတော်မူ၏။ လည်ပင်းကိုကိုင်၍ အပိုင်းပိုင်းပြတ်စေ ခြင်းငှါ လှုပ်တော်မူ၏။ ငါ့ကို ပစ်စရာစက်သွင်းတော် မူ၏။ Garrad Bible ချမ်း သာ စဉ် ပင်၊ ငါ့ ကို ခွဲ ဖျက် လျက်၊ လည် ကို ကိုင် ညှစ်၍ အ မွှာ မွှာ ခွဲ တော် မူ လေ ပြီ။ စက် ကွင်း အ ဖြစ် ဖြင့် ငါ့ ကို ထား လျက်၊ Judson Bible ငါသည်ငြိမ်ဝပ်လျက်နေသောအခါ ငါ့အရိုးတို့ကို ချိုးတော်မူ၏။ လည်ပင်းကိုကိုင်၍ အပိုင်းပိုင်းပြတ်စေခြင်းငှာ လှုပ်တော်မူ၏။ ငါ့ကို ပစ်စရာစက်သွင်းတော်မူ၏။ |
သူသည် ထူထဲသောဒိုင်းလွှားကြီးကိုကိုင်လျက် ကိုယ်တော့်ကို တိုက်ခိုက်ရန် တဇွတ်ထိုးပြေးလာ၏။
ဘုရားသခင်သည် ငါ့ကို လူမိုက်တို့လက်သို့ အပ်တော်မူပြီ။ လူဆိုးတို့လက်သို့ ထိုးအပ်လိုက်လေပြီ။
ဘုရားသခင်သည် ငါ့ကို စိတ်အားလျော့စေတော်မူပြီ။ အနန္တတန်ခိုးရှင်သည် ငါ့ကို ထိတ်လန့်စေတော်မူပြီ။
ထိုစဉ်က ကိုယ်တော်၏မီးခွက်သည် ငါ့ဦးခေါင်းထက်တွင် မီးခွက်သဖွယ် ထွန်းလင်းတော်မူသဖြင့် ထိုအလင်းဖြင့် မှောင်မိုက်ထဲတွင် ငါသွားလာရ၏။
ဒုက္ခဆင်းရဲနှင့်ကြုံနေရပြီဖြစ်၍ ငါ၌ ဝမ်းမြောက်ခြင်းမရှိ။ ငြိမ်သက်ခြင်းမရှိ။ အေးအေးချမ်းချမ်းနေခွင့်မရတော့ပြီ”ဟု ညည်းဆိုလေ၏။
ခြင်္သေ့၏မာန်ဖီသံ၊ ခြင်္သေ့ကြီး၏ဟိန်းဟောက်သံ ဆိတ်သုဉ်းရ၏။ ခြင်္သေ့ပျိုတို့၏အစွယ်များ ကျိုးသွားရ၏။
အကယ်စင်စစ် အနန္တတန်ခိုးရှင်ထံမှ မြားတို့သည် ငါ့ကိုယ်၌စိုက်ဝင်လျက်ရှိ၏။ ငါ့စိတ်ဝိညာဉ်သည် ထိုမြားတို့၏အဆိပ်ရည်ကို သောက်သုံးနေရ၏။ ဘုရားသခင်ထံမှ ကြောက်မက်ဖွယ်ရာတို့သည် ငါ့ရှေ့၌ တန်းစီလျက်ရှိ၏။
ကိုယ်တော်သည် အကျွန်ုပ်ကို စောင့်ကြပ်ထားသည်မှာ အကျွန်ုပ်သည် ပင်လယ်ကြီးလော၊ မြွေနဂါးကြီးလော။
လူကိုစောင့်ကြည့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ်ပြုမိပြီလော။ ကိုယ်တော့်ကိုမည်သို့ပြုမိပါသနည်း။ အကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် ဝန်ထုပ်ဝန်ပိုးဖြစ်ရသည်အထိ အဘယ်ကြောင့်အကျွန်ုပ်ကိုပစ်မှတ်ထားတော်မူပါသနည်း။
အကြောင်းမှာ ကိုယ်တော်သည် မိုးသက်မုန်တိုင်းဖြင့် ငါ့ကိုကြေမွစေတော်မူပြီ။ အကြောင်းမရှိဘဲ ငါ၌ ဒဏ်ရာများပြားစေတော်မူခဲ့ပြီ။
သို့သော် ကိုယ်တော်သည် ခွေးအတို့နေရာအရပ်တွင် အကျွန်ုပ်တို့ကိုကြေမွစေ၍ သေခြင်း၏အရိပ်ဖြင့် အကျွန်ုပ်တို့ကိုဖုံးလွှမ်းခဲ့ပါ၏။
စင်စစ် ကိုယ်တော်သည် လက်ကိုဆန့်၍ ငါ့ကို တစ်နေ့လုံး အကြိမ်ကြိမ်ဆုံးမတော်မူပြီ။
ကိုယ်တော်သည် ငါ၏အသားအရေကို ရွတ်တွစေတော်မူပြီ။ ငါ၏အရိုးတို့ကို ချိုးတော်မူပြီ။
သူတို့က သင့်ကိုကိုင်ဆွဲလိုက်သောအခါ သင်ကျိုးသွားသဖြင့် သူတို့၏ပခုံးများလည်း အနာရသွား၏။ သင့်ကိုမှီလိုက်သောအခါ သင်ကျိုးသွားသဖြင့် သူတို့၏ခါးလည်း ယိမ်းယိုင်သွားရ၏’ဟု မိန့်တော်မူ၏။
[ထိုကျောက်ပေါ်သို့ကျသောသူသည် အပိုင်းပိုင်းကျိုးလိမ့်မည်။ ထိုကျောက်သည် တစ်စုံတစ်ဦးအပေါ်သို့ကျလျှင် ထိုသူသည် ညက်ညက်ကြေလိမ့်မည်]”ဟု မိန့်တော်မူ၏။
သူတို့သည် ငါ့အသက်ကို လည်စင်းခံ၍စောင့်ရှောက်ပေးသူများဖြစ်ကြ၏။ ငါတစ်ဦးတည်းသာမက လူမျိုးခြားတို့၏အသင်းတော်အပေါင်းတို့သည်လည်း သူတို့ကို ကျေးဇူးတင်လျက်ရှိကြ၏။