သင်သည် ကောင်းမွန်စွာပြုလျှင် လက်မခံဘဲနေမည်လော။ ကောင်းမွန်စွာမပြုလျှင် အပြစ်သည် တံခါးနားမှာဝပ်ချောင်းလျက်နေ၍ သင့်ကို လွှမ်းမိုးလို၏။ သို့သော် သင်သည် သူ့ကိုအနိုင်ယူရမည်”ဟု မိန့်တော်မူ၏။
ယောဘဝတ္တု။ 11:14 - မြန်မာ့စံမီသမ္မာကျမ်း သင်ပြုသောအပြစ်ကို စွန့်ပစ်ပြီး သင့်တဲများ၌ မကောင်းမှုကို လက်မခံလျှင် Common Language Bible သင်ပြုသော ဒုစရိုက်ကိုပယ်၍ သင့်အိမ်၌ ဆိုးညစ်သောအမှုကို လက်မခံလျှင်၎င်း၊ Garrad Bible လက် ဝယ် ရှိ သော ဒု စ ရိုက် ကို ကင်း ဝေး စေ လျက်၊ သင့် တဲ များ တွင် မ တ ရား မှု ကို တည်း ခို ခွင့် မ ပြု လျှင်လည်း ကောင်း၊ Judson Bible သင်ပြုသောဒုစရိုက်ကို ပယ်၍ သင့်အိမ်၌ ဆိုးညစ်သောအမှုကို လက်မခံလျှင်လည်းကောင်း၊ |
သင်သည် ကောင်းမွန်စွာပြုလျှင် လက်မခံဘဲနေမည်လော။ ကောင်းမွန်စွာမပြုလျှင် အပြစ်သည် တံခါးနားမှာဝပ်ချောင်းလျက်နေ၍ သင့်ကို လွှမ်းမိုးလို၏။ သို့သော် သင်သည် သူ့ကိုအနိုင်ယူရမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ထာဝရဘုရားက ဗျာဒိတ်ရသူပရောဖက်အပေါင်းတို့အားဖြင့် အစ္စရေးလူမျိုးနှင့်ယုဒလူမျိုးတို့အား “ဆိုးညစ်သောလမ်းတို့မှ ပြန်လှည့်လာကြလော့။ ငါ့အစေအပါးပရောဖက်တို့အားဖြင့် ဆင့်ဆိုစေသော၊ သင်တို့၏ဘိုးဘေးတို့အား ငါမိန့်မှာထားသောပညတ်တရားအလုံးစုံဖြစ်သည့် ငါ၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းကြလော့”ဟု သတိပေးတော်မူခဲ့၏။
အနန္တတန်ခိုးရှင်ထံပြန်လာလျှင် သင့်ကို ပြန်တည်ဆောက်တော်မူမည်။ မတရားမှုများကို သင့်တဲများနှင့် ဝေးကွာစေ၍
သင်ပြုသောမကောင်းမှုများမှာ များပြားလွန်းသည်မဟုတ်လော။ သင်ပြုသောအပြစ်များမှာလည်း အဆုံးမရှိ။
အကျွန်ုပ်မမြင်သောအရာကို သွန်သင်ပြသပါ။ အမှားလုပ်မိလျှင်လည်း နောက်မလုပ်တော့ပါ’ဟု ဆိုပါလိမ့်မည်လော။
ယခု ဆင်ခြင်ကြည့်ပါလော့။ မည်သူသည် အပြစ်မရှိဘဲ ပျက်စီးဖူးသနည်း။ ဖြောင့်မှန်သောသူသည် အဘယ်မှာ ဖျက်ဆီးခံရဖူးသနည်း။
သင်သာ သန့်ရှင်းဖြောင့်မတ်မည်ဆိုလျှင် ယခုပင် ကိုယ်တော်သည် ထ၍ သင်၏ဖြောင့်မတ်ခြင်းတည်ရာကို ပြန်ပေးတော်မူမည်။
စုံလင်သောတရားလမ်းကို ဂရုပြုပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ထံသို့ မည်သည့်အချိန်မှ ကြွလာတော်မူမည်နည်း။ အကျွန်ုပ်သည် မိမိအိမ်ထဲ၌ တည်ကြည်သော စိတ်နှလုံးဖြင့် အသက်ရှင်လျှောက်လှမ်းပါမည်။
သင်တို့လက်ကို ဖြန့်သောအခါ သင်တို့ထံမှ ငါမျက်နှာလွှဲမည်။ သင်တို့သည် အကြိမ်ကြိမ်ဆုတောင်းကြလျှင်လည်း ငါနားမထောင်။ သင်တို့လက်သည် သွေးစွန်းလျက်ရှိ၏။
ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။
ထိုအခါ ရှမွေလက အစ္စရေးအမျိုးသားအပေါင်းတို့အား “သင်တို့သည် စိတ်နှလုံးအကြွင်းမဲ့ ထာဝရဘုရားထံတော်သို့ပြန်လာလိုလျှင် သင်တို့တွင်ရှိသောတိုင်းတစ်ပါးသားတို့၏ဘုရားများ၊ အာရှတရက်ဘုရားများကို ဖယ်ရှားရမည်။ ထာဝရဘုရားထံ၌သာ စိတ်အာရုံပြု၍ ကိုယ်တော်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်။ သို့ပြုလျှင် သင်တို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ကယ်နုတ်တော်မူလိမ့်မည်”ဟု ဆို၏။