၄ ရာ 17:13 - မြန်မာ့စံမီသမ္မာကျမ်း
13 ထို့ကြောင့် ထာဝရဘုရားက ဗျာဒိတ်ရသူပရောဖက်အပေါင်းတို့အားဖြင့် အစ္စရေးလူမျိုးနှင့်ယုဒလူမျိုးတို့အား “ဆိုးညစ်သောလမ်းတို့မှ ပြန်လှည့်လာကြလော့။ ငါ့အစေအပါးပရောဖက်တို့အားဖြင့် ဆင့်ဆိုစေသော၊ သင်တို့၏ဘိုးဘေးတို့အား ငါမိန့်မှာထားသောပညတ်တရားအလုံးစုံဖြစ်သည့် ငါ၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များကို စောင့်ထိန်းကြလော့”ဟု သတိပေးတော်မူခဲ့၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
13 ထာဝရဘုရားသည်မိမိ၏စေတမန်များ နှင့်ပရောဖက်တို့ကိုစေလွှတ်၍ ဣသရေလ အမျိုးသားများနှင့်ယုဒအမျိုးသားများ ကိုသတိပေးတော်မူ၏။ ကိုယ်တော်က``သင်တို့ သည်မိမိတို့၏ဆိုးညစ်သောအကျင့်တို့ကို ရှောင်ရှားကြလော့။ သင်တို့ဘိုးဘေးများနှင့် ငါ၏အစေခံပရောဖက်များမှတစ်ဆင့် သင်တို့အား၊ ငါပေးအပ်သည့်ပညတ်တော် တွင်ပါရှိသောငါ၏အမိန့်တော်ကိုနာခံ ကြလော့'' ဟုမိန့်တော်မူ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
13 ထာ ဝ ရ ဘု ရား က၊ ဘိုး ဘေး တို့ အား ငါ မိန့် မှာ ခဲ့ သည့် အ တိုင်း၊ သင် တို့ ကို လည်း ငါ ကျွန် ရင်း ပ ရော ဖက် တို့ ဖြင့် ထား စေ သော တ ရား တော် အ ရ ငါ့ ပ ညတ် နှင့် ထုံး ဖွဲ့ ချက် များ ကို စောင့် ရှောက် လျက် ကိုယ့် မ ကောင်း လမ်း ကို ကြဉ် ရှောင် ကြ လော့ ဟူ ၍ ပ ရော ဖက်၊ အ မြော် အ မြင် ဆ ရာ အ ပေါင်း တို့ ဖြင့် ဣ သ ရေ လ နှင့် ယု ဒ အ မျိုး တို့ အား ဗျာ ဒိတ် ထား တော် မူ သော် လည်း
အခန်းကိုကြည့်ပါ။ ကော်ပီ
13 သို့ရာတွင် ထာဝရဘုရားက အဓမ္မလမ်းတို့ကို ရှောင်ကြလော့။ ငါသည် သင်တို့ဘိုးဘေးတို့၌ ထားသောတရား၊ ငါ့ကျွန်ပရောဖက်တို့ဖြင့် ပေးလိုက်သောတရားကို အကုန်အစင်ကျင့်၍၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ကြလော့ဟု ပရောဖက်များနှင့် အနာဂတ်ဟောဆရာများတို့ဖြင့် ဣသရေလအမျိုး၊ ယုဒအမျိုး၌ သက်သေခံတော်မူသော်လည်း၊
အခန်းကိုကြည့်ပါ။ ကော်ပီ