ဖာရောမင်းကြီးသည် စာရဲကြောင့် အာဗြံကိုကောင်းစားစေသဖြင့် အာဗြံသည် သိုးအုပ်၊ နွားအုပ်၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်တို့ကိုပိုင်ဆိုင်လာလေ၏။
ယောဘဝတ္တု။ 1:3 - မြန်မာ့စံမီသမ္မာကျမ်း သူသည် သိုးခုနစ်ထောင်၊ ကုလားအုတ်သုံးထောင်၊ နွားအရှဉ်းငါးရာ၊ မြည်းငါးရာနှင့် အစေခံအများအပြား ပိုင်ဆိုင်ထား၏။ အရှေ့ပြည်သားအပေါင်းတို့တွင် သူသည် အချမ်းသာဆုံးဖြစ်၏။ Common Language Bible သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ်သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သားတကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။ Garrad Bible သူ ပိုင် ဆိုင် ရာ ကား၊ သိုး ဆိတ် ခု နစ် ထောင်၊ ကု လား အုပ် သုံး ထောင်၊ နွား ရှဉ်း ငါး ရာ၊ မြည်း မ ငါး ရာ နှင့် အ လွန် များ ပြား သော ငယ် သား တို့ တည်း။ ထို့ ကြောင့်၊ အ ရှေ့ ပြည် သား တို့ တွင်၊ အ ကြီး မြတ် ဆုံး သော သူ ဖြစ်၏။ Judson Bible သူ၏ဥစ္စာကား၊ သိုး ခုနစ်ထောင်၊ ကုလားအုတ် သုံးထောင်၊ နွားယှဉ် ငါးရာ၊ မြည်းမ ငါးရာ၊ ငယ်သားအတိုင်းမသိများသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာ အရပ်သားတကာတို့ထက် သာ၍ကြီးသောသူ ဖြစ်၏။ |
ဖာရောမင်းကြီးသည် စာရဲကြောင့် အာဗြံကိုကောင်းစားစေသဖြင့် အာဗြံသည် သိုးအုပ်၊ နွားအုပ်၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုတ်တို့ကိုပိုင်ဆိုင်လာလေ၏။
အာဗြံသည် မိမိမယားစာရဲနှင့် မိမိတူလောတကိုလည်းကောင်း၊ သူတို့စုဆောင်းရရှိသောဥစ္စာရှိသမျှနှင့် ဟာရန်မြို့၌ ရရှိသောလူတို့ကိုလည်းကောင်း ခေါ်ဆောင်၍ ခါနာန်ပြည်သို့သွားရန်ထွက်ခွာလေ၏။ ထို့နောက် သူတို့သည် ခါနာန်ပြည်သို့ရောက်ကြ၏။
ထိုသူနှစ်ဦးတို့သည် အတူတကွနေထိုင်ရန် မြေမလုံလောက်ပေ။ အကြောင်းမူကား သူတို့၏ဥစ္စာအလွန်များပြားသဖြင့် သူတို့သည် အတူတကွနေထိုင်ရန် မဖြစ်နိုင်တော့ချေ။
ထာဝရဘုရားသည် အကျွန်ုပ်၏သခင်ကို အလွန်ကောင်းချီးပေးတော်မူသဖြင့် သူသည် ချမ်းသာသောသူဖြစ်လာပါသည်။ ကိုယ်တော်သည် သူ့အား သိုးအုပ်၊ နွားအုပ်၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျားများ၊ ကျွန်မိန်းမများ၊ ကုလားအုတ်များနှင့် မြည်းများကို ပေးတော်မူပါသည်။
မိမိမယားငယ်တို့၏သားတို့ကိုကား အာဗြဟံသည် လက်ဆောင်ပစ္စည်းများပေး၍ မိမိအသက်ရှင်စဉ်တွင် သူတို့ကို မိမိသားဣဇက်နှင့်ဝေးရာ အရှေ့ပြည်သို့ လွှတ်လိုက်လေ၏။
ဆိတ်မအကောင်နှစ်ရာ၊ ဆိတ်ထီးအကောင်နှစ်ဆယ်၊ သိုးမအကောင်နှစ်ရာ၊ သိုးထီးအကောင်နှစ်ဆယ်၊
ထိုအခါ သူတို့၏သိုးနွားများမှစ၍ သူတို့၏ဥစ္စာနှင့်တိရစ္ဆာန်ရှိသမျှတို့သည် ငါတို့ဥစ္စာဖြစ်လာမည်မဟုတ်လော။ သူတို့နှင့်လိုက်လျောသဘောတူကြစို့။ သို့ပြုလျှင် သူတို့သည် ငါတို့နှင့်အတူနေထိုင်ကြလိမ့်မည်”ဟု ဆိုကြ၏။
ထို့ကြောင့် အရှေ့တိုင်းသားတို့ ဉာဏ်ပညာရှိသည်ထက်၊ အီဂျစ်ပြည်သားတို့ ဉာဏ်ပညာရှိသည်ထက် ရှောလမုန်မင်းကြီးသည် ဉာဏ်ပညာပို၍ရှိလေ၏။
ထိုသို့ အဆီးရီးယားဘုရင်အား ဆက်သနိုင်ရန် မေနဟင်မင်းကြီးသည် အစ္စရေးပြည်ရှိသူဌေးအားလုံးတို့ထံမှ တစ်ဦးလျှင် ငွေရှယ်ကယ်ငါးဆယ်ကို ကောက်ခံခဲ့၏။ ဤသို့ဖြင့် အဆီးရီးယားဘုရင်သည် ထိုပြည်တွင် ဆက်မနေဘဲ ပြန်လည်ဆုတ်ခွာသွားခဲ့၏။
မောဘဘုရင်မေရှာမင်းကြီးသည် သိုးမွေးမြူသူဖြစ်၍ အစ္စရေးဘုရင်အား သိုးသငယ်အကောင်တစ်သိန်းနှင့် သိုးထီးအကောင်တစ်သိန်းတို့၏အမွေးကို ဆက်သရ၏။
ဣရှမေလအမျိုး ဩဗိလသည် ကုလားအုတ်များကို တာဝန်ယူရ၏။ မေရောနုတ်မြို့သားယေဒေယသည် မြည်းတို့ကို တာဝန်ယူရ၏။
မြေနိမ့်ဒေသနှင့် လွင်ပြင်တို့တွင် သူပိုင်ဆိုင်သောတိရစ္ဆာန်များစွာရှိသောကြောင့် တောထဲ၌ မျှော်စင်များကိုဆောက်လုပ်၏။ ရေတွင်းများစွာကိုလည်း တူး၏။ လယ်ယာစိုက်ပျိုးရေးကို ဝါသနာပါသောကြောင့် တောင်ကုန်းများ၊ သီးနှံဖြစ်ထွန်းသောမြေယာများတွင် လယ်သမားများ၊ စပျစ်ခြံလုပ်သားများကို ထားရှိ၏။
မိမိအဖို့ မြို့များကိုလည်း တည်ဆောက်၏။ ဘုရားသခင်သည် သူ့အား အလွန်ချမ်းသာကြွယ်ဝစေသဖြင့် သူ၌ သိုးနွားတိရစ္ဆာန် အမြောက်အမြားရှိ၏။
သူနှင့်သူ့အိမ်သူအိမ်သားများ၊ သူ၌ရှိသမျှတို့ကို ကိုယ်တော် ဝိုင်းရံကာကွယ်ပေးထားသည်မဟုတ်ပါလော။ သူလုပ်ဆောင်သမျှတို့ကို ကောင်းချီးပေးသဖြင့် သူပိုင်သောတိရစ္ဆာန်များသည်လည်း မြေကြီးတစ်ခွင် တိုးပွားနေသည်မဟုတ်ပါလော။
သူ့သားတို့သည် သတ်မှတ်ထားသောနေ့အတိုင်း သူတို့အိမ်အသီးသီး၌ စားသောက်ပွဲကို အလှည့်ကျကျင်းပ၍ သူတို့၏နှမသုံးယောက်ကိုလည်း အတူစားသောက်ကြရန် လူလွှတ်၍ ဖိတ်ကြားလေ့ရှိ၏။
အကြောင်းမူကား သင်တို့က ‘မင်းအရာရှိအိမ်ကား အဘယ်မှာနည်း။ လူဆိုးတို့နေသောတဲကား အဘယ်မှာနည်း’ဟု မေးတတ်ကြ၏။
ငါသည် ခေါင်းဆောင်နေရာတွင်နေ၍ သူတို့ကို လမ်းညွှန်ပြသပေးခဲ့၏။ စစ်သည်တို့ခြံရံထားသောရှင်ဘုရင်ကဲ့သို့လည်းကောင်း၊ ငိုကြွေးမြည်တမ်းသူကို နှစ်သိမ့်ပေးသူကဲ့သို့လည်းကောင်း ဖြစ်ခဲ့၏။
ငါ၌ ဥစ္စာပစ္စည်းများစွာရှိ၍ ငါ့လက်ဝယ်ငွေအမြောက်အမြားရှိသောကြောင့် ငါဝမ်းမြောက်မိခဲ့လျှင်၊
ငါလျှောက်သည့်လမ်းကို ကိုယ်တော့်အား လျှောက်တင်မည်။ အုပ်ချုပ်သူမင်းတစ်ပါးကဲ့သို့ ကိုယ်တော့်ထံ ချဉ်းကပ်မည်။
မိတ်ဆွေများအတွက် ယောဘဆုတောင်းပေးပြီးနောက်တွင် ထာဝရဘုရားသည် ယောဘဆုံးရှုံးခဲ့ရသောဥစ္စာတို့ကို ပြန်ပေးတော်မူ၏။ ထာဝရဘုရားသည် ယောဘအား သူပိုင်ဆိုင်ခဲ့သမျှ၏နှစ်ဆကို ပြန်ပေးတော်မူ၏။
ယောဘ၏ဘဝအစပိုင်းထက် နောက်ပိုင်းကို ထာဝရဘုရား ပို၍ကောင်းချီးပေးတော်မူသဖြင့် သူ၌ သိုး တစ်သောင်းလေးထောင်၊ ကုလားအုတ် ခြောက်ထောင်၊ နွားအရှဉ်း တစ်ထောင်၊ မြည်းမ တစ်ထောင် ရှိလေ၏။
ထာဝရဘုရား၏ကောင်းချီးမင်္ဂလာသည် လူကိုချမ်းသာကြွယ်ဝစေ၏။ ကိုယ်တော်သည် ထိုချမ်းသာကြွယ်ဝမှု၌ မည်သည့်ခက်ခဲပင်ပန်းမှုကိုမျှ ထပ်ပေါင်းတော်မမူ။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ချေမှုန်းနိုင်ခဲ့သောကေဒါအမျိုးနှင့်ပတ်သက်၍၊ ဟာဇော်နိုင်ငံတို့နှင့်ပတ်သက်၍ ထာဝရဘုရားက “ထကြ။ ကေဒါအမျိုးကို တိုက်ခိုက်ကြ။ အရှေ့ပြည်သားများကို ဖျက်ဆီးကြ။
ထိုအခါ ဗာလမ်က ပရောဖက်ပြုလျက် “မောဘဘုရင်ဗာလက်မင်းကြီးသည် ငါ့ကို အရှေ့တောင်ရိုး အာရံပြည်မှခေါ်လာ၍ ‘လာပါလော့။ ငါ့အဖို့ ယာကုပ်အမျိုးကိုကျိန်ဆဲပါလော့။ လာပါလော့။ အစ္စရေးလူမျိုးကိုရှုတ်ချပါလော့’ဟု ဆို၏။
အစ္စရေးလူမျိုးတို့စိုက်ပျိုးပြီးကြပြီဆိုလျှင် မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားတို့သည် ချီတက်လာပြီး သူတို့ကို တိုက်ခိုက်ကြ၏။
သူတို့သည် တိရစ္ဆာန်များ၊ တဲများနှင့်တကွ ချီတက်လာကြ၏။ ကျိုင်းကောင်အုပ်ကြီးသဖွယ် ချီလာ၍ အစ္စရေးပြည်ကို ဖျက်ဆီးကြ၏။ သူတို့နှင့် သူတို့၏ကုလားအုတ်များလည်း မရေတွက်နိုင်အောင် များပြားလှ၏။
ကျိုင်းကောင်အုပ်သဖွယ် များပြားလှသော မိဒျန်လူမျိုး၊ အာမလက်လူမျိုးနှင့် အရှေ့ပြည်သားအပေါင်းတို့သည် ချိုင့်ဝှမ်းလွင်ပြင်၌ စခန်းချလျက်ရှိကြ၏။ သူတို့၏ကုလားအုတ်တို့သည်လည်း ပင်လယ်ကမ်းခြေရှိသဲလုံးနှင့်အမျှ မရေတွက်နိုင်အောင်များပြား၏။
အရှေ့ပြည်သားစစ်သည်အပေါင်းတို့ထဲမှ ဓားကိုင်စစ်သည်တစ်သိန်းနှစ်သောင်းကျဆုံးသွားသဖြင့် ကြွင်းကျန်သောစစ်သည်တစ်သောင်းငါးထောင်တို့သာ ဇေဘဟနှင့်ဇာလမုန္နတို့နှင့်အတူ ကာကော်မြို့၌ ရှိကြ၏။
ထိုစဉ်က ကရမေလမြို့တွင် လုပ်ငန်းလုပ်ကိုင်၍ အလွန်ချမ်းသာသောသူ မောနမြို့သားတစ်ဦးရှိ၏။ သူသည် သိုးအကောင်သုံးထောင်၊ ဆိတ်အကောင်တစ်ထောင် ပိုင်ဆိုင်ပြီး ကရမေလမြို့၌နေ၍ သိုးများကို အမွေးညှပ်လျက်ရှိ၏။
ဒါဝိဒ်သည် ထိုအရပ်ကို တိုက်ခိုက်ပြီးလျှင် ယောက်ျားမိန်းမ တစ်ယောက်မကျန် သုတ်သင်ပစ်၏။ သိုး၊ နွား၊ မြည်း၊ ကုလားအုတ်နှင့် အဝတ်အစားတို့ကိုလည်း သိမ်းယူပြီး အာခိတ်မင်းကြီးထံ ပြန်သွားလေ၏။