Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 13:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို​သူ​နှစ်​ဦး​တို့​သည် အတူတကွ​နေထိုင်​ရန် မြေ​မ​လုံလောက်​ပေ​။ အကြောင်းမူကား သူ​တို့​၏​ဥစ္စာ​အလွန်​များပြား​သဖြင့် သူ​တို့​သည် အတူတကွ​နေထိုင်​ရန် မ​ဖြစ်နိုင်​တော့​ချေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 သူ​တို့​နှစ်​ဦး​တွင်​တိ​ရစ္ဆာန်​များ​၍​စား​ကျက်​မ​လုံ​လောက်​သည့်​အ​တွက်​ကြောင့် အ​တူ​တူ​နေ​ထိုင်​ရန်​မ​ဖြစ်​နိုင်​တော့​ချေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ထို နှစ် ဦး သား တို့ သည် အ တူ နေ ခြင်း ငှါ မြေ နေ ရာ မ ဆံ့။ ဥ စ္စာ စီး ပွား များ လွန်း၍၊ အ တူ မ နေ နိုင် ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​လူ​နှစ်​ဦး​တို့​သည် အ​တူ​နေ​ခြင်း​ငှာ ထို​မြေ​မ​ဆံ့​နိုင်။ ဥ​စ္စာ​များ​လွန်း၍၊ သူ​တို့​သည်​တစ်​ရပ်​တည်း​မ​နေ​နိုင်​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 13:6
7 ပူးပေါင်းရင်းမြစ်များ  

ဖာရော​မင်းကြီး​သည် စာရဲ​ကြောင့် အာဗြံ​ကို​ကောင်းစား​စေ​သဖြင့် အာဗြံ​သည် သိုးအုပ်​၊ နွားအုပ်​၊ မြည်းထီး​၊ မြည်းမ​၊ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​၊ ကုလားအုတ်​တို့​ကို​ပိုင်ဆိုင်​လာ​လေ​၏​။


အာဗြံ​သည် မိမိ​မယား​စာရဲ​နှင့် မိမိ​တူ​လောတ​ကို​လည်းကောင်း​၊ သူ​တို့​စုဆောင်း​ရရှိ​သော​ဥစ္စာ​ရှိသမျှ​နှင့် ဟာရန်​မြို့​၌ ရရှိ​သော​လူ​တို့​ကို​လည်းကောင်း ခေါ်ဆောင်​၍ ခါနာန်​ပြည်​သို့​သွား​ရန်​ထွက်ခွာ​လေ​၏​။ ထို့နောက် သူ​တို့​သည် ခါနာန်​ပြည်​သို့​ရောက်​ကြ​၏​။


အာဗြံ​သည် တိရစ္ဆာန်​မှစ၍ ရွှေ​၊ ငွေ​တို့​ဖြင့် အလွန်​ကြွယ်ဝ​၏​။


ချမ်းသာ​လို​သော​သူ​တို့​သည် ဖြားယောင်း​သွေးဆောင်​ရာ​ထဲသို့​လည်းကောင်း၊ ထောင်ချောက်​ထဲသို့​လည်းကောင်း၊ လူ​တို့​ကို ပျက်စီး​ခြင်း​နှင့်​ဆုံးရှုံး​ခြင်း​တွင် နစ်မွန်း​စေ​တတ်​သော မိုက်မဲ​၍​အန္တရာယ်​ရှိ​သည့် တပ်မက်​ခြင်း​အမျိုးမျိုး​ထဲသို့​လည်းကောင်း ကျရောက်​တတ်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ