“သင့်အမည်ကား အစ္စရေးဖြစ်ရမည်”ဟု ထာဝရဘုရား၏မိန့်ဆိုခြင်းကိုခံရသောယာကုပ်မှ ဆင်းသက်လာသောအမျိုးအနွယ်အရေအတွက်အတိုင်း ဧလိယသည် ကျောက်တုံးတစ်ဆယ့်နှစ်တုံးကိုယူ၍
မဿဲ 19:28 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“သင်တို့အား ငါအမှန်ဆိုသည်ကား အလုံးစုံတို့ကိုအသစ်ပြုပြင်သောကာလ၌ လူ့သားသည် မိမိ၏ဘုန်းအသရေနှင့်ပြည့်စုံသောပလ္လင်ပေါ်တွင်ထိုင်သောအခါ ငါ့နောက်သို့လိုက်သောသင်တို့သည်လည်း ပလ္လင်တစ်ဆယ့်နှစ်ခုပေါ်ထိုင်လျက် အစ္စရေးမျိုးနွယ်စုတစ်ဆယ့်နှစ်စုကို တရားစီရင်ရကြလိမ့်မည်။ Common Language Bible သခင်ယေရှုက ``ငါအမှန်အကန်ဆိုသည် ကားအသစ်ပြုပြင်ရာကာလတွင်လူသားသည် ဘုန်းအသရေနှင့်ပြည့်စုံသည့်ပလ္လင်တော်မှာ ထိုင်တော်မူသောအခါ ငါ၏တပည့်ဖြစ်သူ သင်တို့သည်လည်းပလ္လင်တစ်ဆယ့်နှစ်ခုပေါ်မှာ ထိုင်၍ ဣသရေလအနွယ်တစ်ဆယ့်နှစ်ပါးကို တရားစီရင်ရကြလတ္တံ့။- Garrad Bible ယေ ရှု က လူ့ သား သည် အ သစ် ပြု ပြင် ရာ ကာ လ ဘုန်း တော် ဆိုင် ရာ ပ လ္လင့် ပေါ် တွင် ထိုင် တော် မူ သော အ ခါ ငါ့ နောက် လိုက် ခဲ့ သော သင် တို့ လည်း ဆယ့် နှစ် ပ လ္လင် ပေါ် တွင် ထိုင် လျက် ဣ သ ရေ ေလ တစ် ဆယ့် နှစ် နွယ် ကို တ ရား စီ ရင် ရ ကြ လ တ္တံ။ Judson Bible ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအခါ၊ ငါ့နောက်သို့လိုက်ကြသော သင်တို့သည် တစ်ဆယ်နှစ်ခုသော ပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသရေလလူ တစ်ဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတ္တံ့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ အရာအားလုံးကို အသစ်ပြုပြင်သောအချိန်တွင် လူသားသည် မိမိ၏ ဘုန်းတော်နှင့်ပြည့်စုံသော ရာဇပလ္လင်ပေါ်တွင် ထိုင်လိမ့်မည်။ ထိုအခါ ငါ့နောက်သို့ လိုက်ကြသောသင်တို့သည် ရာဇပလ္လင်ဆယ့်နှစ်ခုပေါ်တွင် ထိုင်လျက် အစ္စရေးမျိုးနွယ်စု ဆယ့်နှစ်စုကို တရားစီရင်ကြလိမ့်မည်။ မြန်မာ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအခါ၊ ငါ့နောက်သို့လိုက်ကြသော သင်တို့သည် တစ်ဆယ်နှစ်ခုသော ပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသရေလလူ တစ်ဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတ္တံ့။- |
“သင့်အမည်ကား အစ္စရေးဖြစ်ရမည်”ဟု ထာဝရဘုရား၏မိန့်ဆိုခြင်းကိုခံရသောယာကုပ်မှ ဆင်းသက်လာသောအမျိုးအနွယ်အရေအတွက်အတိုင်း ဧလိယသည် ကျောက်တုံးတစ်ဆယ့်နှစ်တုံးကိုယူ၍
လှေကားထစ်ခြောက်ထစ်တွင် တစ်ထစ်စီ၏ထိပ်တစ်ဖက်စီတွင် ရပ်နေသောခြင်္သေ့ရုပ်တစ်ရုပ်စီ စုစုပေါင်းခြင်္သေ့ရုပ်တစ်ဆယ့်နှစ်ရုပ်ပါရှိ၏။ ထိုကဲ့သို့သောပလ္လင်မျိုးသည် မည်သည့်တိုင်းပြည်တွင်မျှမရှိ။
ဘုရားသခင်၏အိမ်တော်ဆက်ကပ်ပွဲတွင် နွားအကောင်တစ်ရာ၊ သိုးထီးအကောင်နှစ်ရာ၊ သိုးသငယ်အကောင်လေးရာနှင့် အစ္စရေးလူမျိုးအပေါင်းတို့အပြစ်ဖြေရာယဇ်အဖို့ အစ္စရေးအမျိုးအနွယ်အရေအတွက်နှင့်အညီ ဆိတ်ထီးတစ်ဆယ့်နှစ်ကောင်တို့ကို ပူဇော်ကြ၏။
ထို့နောက် သူတို့သည် ဧလိမ်အရပ်သို့ရောက်လာကြ၏။ ထိုအရပ်၌ စမ်းရေတွင်းတစ်ဆယ့်နှစ်တွင်းနှင့်တကွ စွန်ပလွံပင်ခုနစ်ဆယ်ရှိ၏။ သူတို့သည် ထိုအရပ်တွင် ရေနှင့်နီးသောနေရာ၌ စခန်းချကြလေ၏။
မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို ရေးသားထားပြီးလျှင် နံနက်စောစောထ၍ တောင်ခြေရင်း၌ ယဇ်ပလ္လင်ကိုလည်းကောင်း၊ အစ္စရေးမျိုးနွယ်တစ်ဆယ့်နှစ်နွယ်အတွက် ကျောက်တိုင်တစ်ဆယ့်နှစ်တိုင်ကိုလည်းကောင်း တည်လေ၏။
ထိုကျောက်တစ်ဆယ့်နှစ်လုံးသည် အစ္စရေး၏သားတို့၏အမည်များအလိုက် စီထားရမည်။ ကမ္ပည်းတံဆိပ်အဖြစ် မျိုးနွယ်တစ်ဆယ့်နှစ်နွယ်၏နာမည်ကို ကျောက်တစ်လုံးစီ၌ ရေးထိုးရမည်။
ကြည့်ရှုလော့။ ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အတိတ်မှအဖြစ်အပျက်တို့ကို မှတ်မိတော့မည်မဟုတ်။ စိတ်ထဲဝင်လာတော့မည်မဟုတ်။
ထာဝရဘုရားက “ငါဖန်ဆင်းမည့်ကောင်းကင်သစ်နှင့်မြေကြီးသစ်သည် ငါ့ရှေ့မှောက်၌ အစဉ်တည်သကဲ့သို့ သင်တို့၏အမျိုးအနွယ်၊ သင်တို့၏အမည်နာမသည် အစဉ်တည်လိမ့်မည်”ဟု မိန့်တော်မူ၏။
သင်သည် အကောင်းဆုံးဂျုံမှုန့်ကိုယူ၍ မုန့်ဝိုင်းတစ်ဆယ့်နှစ်ခု ဖုတ်ရမည်။ မုန့်ဝိုင်းတစ်ခုလျှင် တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံ ရှိရမည်။
အကြောင်းမူကား လူ့သားသည် မိမိ၏ကောင်းကင်တမန်များနှင့်အတူ မိမိခမည်းတော်၏ဘုန်းအသရေကိုဆောင်လျက် ကြွလာလိမ့်မည်။ ထိုအခါ လူအသီးသီးတို့အား သူတို့၏လုပ်ဆောင်မှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။
ထိုအခါ ပေတရုက “အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်၍ ကိုယ်တော်၏နောက်သို့လိုက်ခဲ့ကြပါပြီ။ သို့ဖြစ်လျှင် အကျွန်ုပ်တို့ မည်သည့်အရာကို ရရှိပါမည်နည်း”ဟု လျှောက်လေ၏။
ကိုယ်တော်ကလည်း“သင်သည် မည်သည့်အရာကို အလိုရှိသနည်း”ဟု မေးတော်မူလျှင် သူက “ကျွန်မ၏ဤသားနှစ်ယောက်တို့သည် ကိုယ်တော်၏နိုင်ငံတော်၌ လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် ထိုင်ရမည့်အကြောင်း အမိန့်ရှိတော်မူပါ”ဟု လျှောက်လေ၏။
လူ့သားသည် မိမိ၏ဘုန်းအသရေကိုဆောင်လျက် ကောင်းကင်တမန်အပေါင်းတို့နှင့်တကွ ကြွလာသောအခါ ဘုန်းအသရေနှင့်ပြည့်စုံသော မိမိ၏ပလ္လင်ပေါ်၌ ထိုင်တော်မူလိမ့်မည်။
ဘုရားသခင်၏နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ဦးစွာရှာကြလော့။ ထိုအခါ ဤအရာအားလုံးတို့ကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။
ယေရှုကလည်း“မြေခွေးတို့၌ တွင်းရှိကြ၏။ မိုးကောင်းကင်ငှက်တို့၌လည်း အသိုက်ရှိကြ၏။ လူ့သား၌မူကား ခေါင်းချစရာနေရာမရှိ”ဟု မိန့်တော်မူ၏။
သူတို့က “အကျွန်ုပ်တို့ကို ကိုယ်တော်၏ဘုန်းအသရေ၌ လက်ယာတော်ဘက်တွင်တစ်ယောက်၊ လက်ဝဲတော်ဘက်တွင်တစ်ယောက် ထိုင်ခွင့်ပြုတော်မူပါ”ဟု လျှောက်ကြ၏။
ရှေးကာလမှစ၍ မိမိ၏သန့်ရှင်းသောပရောဖက်တို့၏နှုတ်အားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့်အရာတည်းဟူသော အလုံးစုံတို့ကို မူလအတိုင်းပြန်ဖြစ်စေမည့်ကာလများတိုင်အောင် ကောင်းကင်သည် ထိုအရှင်ကိုလက်ခံထားရမည်။
ငါတို့သည် သည်းခံလျှင် ကိုယ်တော်နှင့်အတူစိုးစံရကြလိမ့်မည်။ ကိုယ်တော်ကိုငြင်းပယ်မည်ဆိုလျှင် ကိုယ်တော်သည်လည်း ငါတို့ကိုငြင်းပယ်တော်မူလိမ့်မည်။
သို့ဖြစ်၍ ယခု အစ္စရေးမျိုးနွယ်များထဲမှ မျိုးနွယ်တစ်နွယ်လျှင်တစ်ယောက်စီ လူတစ်ဆယ့်နှစ်ယောက်ကို ခေါ်ယူလော့။
သို့သော် ငါတို့သည် ကိုယ်တော်၏ကတိတော်အတိုင်း ဖြောင့်မတ်ခြင်းတရားကိန်းဝပ်ရာ ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုစောင့်မျှော်နေကြ၏။
ထိုအခါ ဘုရားသခင်၏ရှေ့တော်၌ မိမိတို့ပလ္လင်ပေါ်တွင် ထိုင်နေကြသောသက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် ဘုရားသခင်ကိုပျပ်ဝပ်ရှိခိုးလျက်
ထို့နောက် ကောင်းကင်၌ ကြီးမားသောနိမိတ်လက္ခဏာကိုတွေ့မြင်ရ၏။ အမျိုးသမီးတစ်ဦးသည် နေကိုဝတ်ဆင်လျက် လကို ခြေအောက်၌နင်းထားကာ ဦးခေါင်းပေါ်တွင် ကြယ်တစ်ဆယ့်နှစ်လုံးပါသောသရဖူကိုဆောင်းထား၏။
ထို့နောက် ပလ္လင်များနှင့် ၎င်းတို့အပေါ်တွင်ထိုင်နေသောသူတို့ကို ငါမြင်ရ၏။ ထိုသူတို့သည် တရားစီရင်ခွင့်ကိုရကြ၏။ တစ်ဖန် ယေရှုနှင့်ဆိုင်သောသက်သေခံချက်အတွက်လည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်အတွက်လည်းကောင်း ခေါင်းဖြတ်ခံရသောသူတို့၏ဝိညာဉ်များမှစ၍ သားရဲနှင့်သားရဲ၏ရုပ်တုကိုမကိုးကွယ်၊ သူ၏အမှတ်တံဆိပ်ကိုလည်း မိမိတို့၏နဖူး၊ သို့မဟုတ် လက်တွင် မခံယူသောသူတို့ကို ငါမြင်ရ၏။ သူတို့သည် အသက်ပြန်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူစိုးစံကြ၏။
ပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကလည်း “ကြည့်ရှုလော့။ ငါသည် အရာခပ်သိမ်းတို့ကို အသစ်ဖြစ်စေ၏”ဟု မိန့်တော်မူပြီးလျှင် “ရေးထားလော့။ ဤစကားတို့သည် သစ္စာစကား၊ မှန်ကန်သောစကားဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
မြို့၏လမ်းမအလယ်တစ်လျှောက် စီးဆင်းနေ၏။ မြစ်၏တစ်ဖက်တစ်ချက်စီ၌ကား အသီးတစ်ဆယ့်နှစ်မျိုးသီး၍ မိမိအသီးကို လစဉ်ပေးတတ်သည့်အသက်ပင်ရှိ၏။ ထိုအပင်မှ အရွက်များသည်လည်း လူမျိုးတကာတို့၏ကျန်းမာခြင်းအတွက်ဖြစ်၏။
ညသည် ရှိတော့မည်မဟုတ်။ ထာဝရအရှင်ဘုရားသခင်သည် သူတို့အပေါ်ထွန်းလင်းတော်မူသည်ဖြစ်၍ ဆီမီး၏အလင်းနှင့်နေ၏အလင်းတို့ မလိုအပ်တော့ပေ။ သူတို့သည် ကမ္ဘာအဆက်ဆက်စိုးစံကြလိမ့်မည်။
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်နှင့်အတူ ခမည်းတော်၏ပလ္လင်ပေါ်တွင်ထိုင်ရသကဲ့သို့ အောင်မြင်သောသူအား ငါ၏ပလ္လင်ပေါ်တွင် ငါနှင့်အတူထိုင်ရသောအခွင့်ကို ငါပေးမည်။
ပလ္လင်တော်၏ပတ်ဝန်းကျင်၌ကား အခြားသောပလ္လင်နှစ်ဆယ့်လေးခုရှိ၍ ထိုပလ္လင်များပေါ်တွင် ဖြူသောဝတ်ရုံကိုဝတ်ဆင်လျက် ဦးခေါင်းပေါ်၌ ရွှေသရဖူကိုဆောင်းထားသည့် သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် ထိုင်နေကြ၏။
ထို့နောက် တံဆိပ်ခတ်နှိပ်ခြင်းခံရသောသူတို့၏အရေအတွက်ကို ငါကြားရ၏။ အစ္စရေးအမျိုးသားတို့၏မျိုးနွယ်စုအားလုံးထဲမှ တစ်သိန်းလေးသောင်းလေးထောင်တို့သည် တံဆိပ်ခတ်နှိပ်ခြင်းခံရကြ၏။