Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 66:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ထာဝရဘုရား​က “​ငါ​ဖန်ဆင်း​မည့်​ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​သည် ငါ့​ရှေ့မှောက်​၌ အစဉ်​တည်​သကဲ့သို့ သင်​တို့​၏​အမျိုးအနွယ်​၊ သင်​တို့​၏​အမည်နာမ​သည် အစဉ်​တည်​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ``ကမ္ဘာ​မြေ​ကြီး​သစ်​နှင့်​မိုး​ကောင်း​ကင်​သစ် တို့​သည် ငါ​၏​တန်​ခိုး​တော်​အား​ဖြင့်​တည် မြဲ​လျက်​နေ​သ​ကဲ့​သို့၊ သင်​တို့​နာ​မည်​နာ​မ များ​နှင့်​သား​မြေး​တို့​သည်​တည်​မြဲ​လျက် နေ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ငါ ဖန် ဆင်း လ တ္တံ့ သော မိုး မြေ သစ် သည်၊ မျက် မှောက် တော် တွင် တည် မြဲ အံ့ သည့် နည်း တူ၊ သင် တို့၏ အ မျိုး အ နွယ် နှင့် အ မည် ပါ တည် မြဲ လိမ့် မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ငါ​ဖန်​ဆင်း​သော ကောင်း​ကင်​သစ်​နှင့် မြေ​ကြီး​သစ်​သည် ငါ့​ရှေ့၌ တည်​သ​ကဲ့​သို့၊ သင်​တို့၏​အ​မျိုး​အ​နွယ်​နှင့် သင်​တို့၏ နာ​မ​သည်​လည်း တည်​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 66:22
19 ပူးပေါင်းရင်းမြစ်များ  

သင်​၏​အမျိုးအနွယ်​သည် သဲပွင့်​ကဲ့သို့ များပြား​မည်​။ သင်​၏​သားမြေး​တို့​သည် သဲလုံး​ကဲ့သို့ များပြား​မည်​။ သူ​တို့​၏​အမည်​သည် ငါ့​ရှေ့မှောက်​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​မ​ဟုတ်​။ ဖျောက်ဖျက်​ခြင်း​ခံရ​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


မိုးကောင်းကင်​ကို​နေရာချ​ထား​ရန်​၊ ကမ္ဘာမြေကြီး​ကို အုတ်မြစ်ချ​ထား​ရန်​နှင့် ဇိအုန်​မြို့သား​အား ‘​သင်​သည် ငါ​၏​လူမျိုး​တော်​ဖြစ်​၏​’​ဟု ပြောကြား​ရန် သင့်​နှုတ်​၌ ငါ့​စကား​ကို သွင်း​ထား​ပြီ​။ သင့်​ကို ငါ့​လက်​အရိပ်​ဖြင့် မိုး​ထား​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​သည် သူ့​ကို​ချိုးဖဲ့ခြေမွှ​ရန် အလို​တော်​ရှိ​၏​။ သူ့​ကို​နာကျင်​စေ​တော်မူ​၏​။ သူ​၏​စိတ်ဝိညာဉ်​သည် အပြစ်ဒဏ်ဖြေရာယဇ်​ကို ပူဇော်​ပြီးလျှင် သူ​သည် သားစဉ်မြေးဆက်​ကို​မြင်​ရ​မည်​။ သူ​၏​နေ့ရက်​တို့​သည် ရှည်​၍ ထာဝရဘုရား​၏​အလို​တော်​သည် သူ​၏​လက်​၌ ပြည့်စုံ​ခြင်း​သို့​ရောက်​မည်​။


သား​သမီး​တို့​ထက်​ပို၍​မြတ်​သော အမှတ်ရစရာ​နှင့်​နာမည်​ကို ငါ့​အိမ်​တော်​အတွင်း​၊ ငါ့​တံတိုင်း​တော်​အတွင်း​၌ ငါ​ပေး​မည်​။ ပယ်ဖျက်​၍​မ​ရ​သော​ထာဝရ​အမည်နာမ​ကို သူ​တို့​အား ငါ​ပေး​မည်​။


ထာဝရဘုရား​က “​ဤသည်ကား သူ​တို့​နှင့်​ပြု​သော ငါ​၏​ပဋိညာဉ်​ဖြစ်​၏​။ သင်​၌​တည်​နေ​သော​ငါ​၏​ဝိညာဉ်​တော်​၊ သင့်​နှုတ်​၌​ငါ​ထား​သော ငါ​၏​နှုတ်ကပတ်တော်​သည် သင့်​နှုတ်​မှ​လည်းကောင်း​၊ သင့်​သားစဉ်မြေးဆက်​၏​နှုတ်​မှ​လည်းကောင်း​၊ သင့်​သားစဉ်မြေးဆက်​အဆက်ဆက်​၏​နှုတ်​မှ​လည်းကောင်း ယခု​မှစ၍ ကာလ​အစဉ်အဆက် တည်ရှိ​မည်​”​ဟု မိန့်​တော်မူ​၏​။


ငါ​ထာဝရဘုရား​သည် တရားမျှတမှု​ကို​နှစ်သက်​၏​။ မတရား​လုယက်မှု​ကို မုန်းတီး​၏​။ ငါ​သည် သစ္စာတရား​နှင့်အညီ သူ​တို့​အား အကျိုးအပြစ်​ကို​ပေး​မည်​။ သူ​တို့​နှင့်​ထာဝရ​ပဋိညာဉ်​ဖွဲ့​မည်​။


သူ​တို့​၏​သားစဉ်မြေးဆက်​တို့​သည် လူမျိုးခြား​တို့​တွင် ကျော်ကြား​လိမ့်မည်​။ သူ​တို့​၏​သားမြေး​တို့​သည် လူမျိုးတကာ​တို့​တွင် ကျော်ကြား​လိမ့်မည်​။ သူ​တို့​ကို​မြင်​သော​သူ​အပေါင်း​တို့​သည် ထာဝရဘုရား​ကောင်းချီး​ကို​ခံစား​ရ​သော​အမျိုးအနွယ်​ဟု အသိအမှတ်​ပြု​ကြ​လိမ့်မည်​။


ကြည့်ရှု​လော့​။ ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို ငါ​ဖန်ဆင်း​မည်​။ အတိတ်မှ​အဖြစ်အပျက်​တို့​ကို မှတ်မိ​တော့​မည်​မ​ဟုတ်​။ စိတ်​ထဲ​ဝင်လာ​တော့​မည်​မ​ဟုတ်​။


သူ​တို့​ဆောက်​သော​အိမ်​၌ အခြားသူ နေ​ရ​မည်​မ​ဟုတ်​။ သူ​တို့​စိုက်​သော​စပျစ်သီး​ကို​လည်း အခြားသူ​စား​ရ​မည်​မ​ဟုတ်​။ ငါ့​လူ​တို့​၏​သက်တမ်း​သည် သစ်ပင်​၏​သက်တမ်း​တမျှ ရှည်​မည်​။ ငါ​ရွေးချယ်​သော​သူ​တို့​သည် သူ​တို့​လက်​ဖြင့်​လုပ်ဆောင်​သော​အရာ​ကို ရေရှည်အကျိုး​ခံစား​ရ​မည်​။


သူ​တို့​၏​ကြိုးစားအားထုတ်​မှု​သည် အချည်းနှီး​ဖြစ်​မည်​မ​ဟုတ်​။ သူ​တို့​မွေးဖွား​သော​သားသမီး​များ ဒုက္ခရောက်​မည်​မ​ဟုတ်​။ အကြောင်းမူကား သူ​တို့​သည် ထာဝရဘုရား​၏​ကောင်းချီးမင်္ဂလာ​ကို​ခံစား​ရ​သော​အမျိုးအနွယ် ဖြစ်​လိမ့်မည်​။ သူ​တို့​နှင့်အတူ သူ​တို့​သားမြေး​တို့​လည်း ကောင်းချီးမင်္ဂလာ​ခံစား​ရ​လိမ့်မည်​။


“​ထာဝရဘုရား​က ‘နေ့​နှင့်​ည​တို့ သူ့​အချိန်​နှင့်​သူ ရောက်​မ​လာ​အောင် နေ့​နှင့်ဆိုင်သော​ပဋိညာဉ်​၊ ည​နှင့်ဆိုင်သော​ပဋိညာဉ်​ကို သင်​တို့​ချိုးဖောက်​နိုင်​လျှင်


ငါ​၏​အစေအပါး​ဒါဝိဒ်​နှင့်​ဖွဲ့​သော​ပဋိညာဉ်​ပျက်​ပြီး သူ​၏​ရာဇပလ္လင်​ပေါ် စိုးစံ​သော​မင်းမျိုး​ပြတ်​မည်​။ ငါ့​အမှု​ကို​ထမ်းဆောင်​သော​လေဝိ​အမျိုး ယဇ်ပုရောဟိတ်​တို့​နှင့်​ဖွဲ့​သော​ပဋိညာဉ်​လည်း ပျက်​မည်​။


ထို​အချိန်​၌ သင်​တို့​ကို ငါ​ဆောင်​ခဲ့​မည်​။ ထို​အချိန်​၌ သင်​တို့​ကို ငါ​စုစည်း​မည်​။ ဖမ်းဆီးခေါ်ဆောင်​သွား​ခြင်း​ခံရ​သော​သူ​တို့​ကို သင်​တို့​ရှေ့​သို့ ပြန်လာ​စေ​မည်​။ ကမ္ဘာလောက​သား​တို့​အလယ်​တွင် သင်​တို့​ကို ငါ​ချီးမြှောက်​၍ ဂုဏ်သရေ​ရှိ​စေ​မည်”​ဟု ထာဝရဘုရား​မိန့်​တော်မူ​၏​။


သင်​တို့​အား ငါ​ပညတ်​ထား​သမျှ​သော​အရာ​အားလုံး​တို့​ကို​စောင့်ထိန်း​ရန် သူ​တို့​ကို သွန်သင်​ကြ​လော့။ ငါ​သည်​လည်း ကပ်ကမ္ဘာ​ကုန်ဆုံး​သည့်​တိုင်အောင် သင်​တို့​နှင့်အတူ အစဉ်မပြတ်​ရှိ​၏”​ဟု မိန့်​တော်မူ​၏။


သို့သော် ငါ​တို့​သည် ကိုယ်တော်​၏​ကတိ​တော်​အတိုင်း ဖြောင့်မတ်​ခြင်း​တရား​ကိန်းဝပ်​ရာ ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို​စောင့်မျှော်​နေ​ကြ​၏။


ထို့နောက် ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို ငါ​မြင်​ရ​၏။ အကြောင်းမူကား ပထမ​ကောင်းကင်​နှင့် ပထမ​မြေကြီး​သည် ပျောက်ကွယ်​သွား​၍ ပင်လယ်​သည်​လည်း​မ​ရှိ​တော့​ချေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ