သူတို့သည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်ကို မီးရှို့ကြပါ၏။ ကိုယ်တော်၏နာမတော်တည်ရာအရပ်ကို မြေသို့ကျသည့်တိုင်အောင် ရှုတ်ချကြပါ၏။
မြည်တမ်းစကား 2:6 - မြန်မာ့စံမီသမ္မာကျမ်း တဲတော်ကို ပြောင်တလင်းခါနေသောဥယျာဉ်ကဲ့သို့ ဖြစ်စေတော်မူပြီ။ တွေ့ဆုံစည်းဝေးရာတဲတော်ကို ဖျက်ဆီးတော်မူပြီ။ ထာဝရဘုရားသည် ဇိအုန်မြို့အား ပွဲတော်နေ့၊ ဥပုသ်နေ့ကို မေ့စေတော်မူပြီ။ အမျက်ပြင်းစွာဖြင့် ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်ကို ပစ်ပယ်တော်မူပြီ။ Common Language Bible ကိုယ်တော်အားငါတို့ဝတ်ပြုကိုးကွယ်ရာ ဗိမာန်တော်ကိုအစိတ်စိတ်အမြွှာမြွှာချိုးဖျက် တော်မူပြီ။ ကိုယ်တော်ရှင်သည်ဋ္ဌမ္မပွဲတော်နေ့များနှင့် ဥပုသ်နေ့များကိုအဆုံးသတ်စေတော်မူပြီ။ ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်တို့သည်အတူတူပင် အမျက်တော်အရှိန်ကိုခံရကြပါ၏။ Garrad Bible ထာ ဝ ရ ဘု ရား သည်၊ စံ ရာ တော် ကို ယာ ကဲ့ သို့ လက် လွှတ် ခြင်း၊ တွေ့ ဆုံ ရာ တော် ကို ဖျက် ဆီး ခြင်း ပြု လျက်၊ ဇိ အုန် မြို့၌ ပြု မြဲ ပွဲ နေ့၊ ဥ ပုသ် နေ့ များ ကို၊ သ တိ လစ် စေ သည့် ပြင်၊ အ မျက် ဒေါ သ အ လျောက်၊ ဘု ရင် မင်း နှင့် ပ ရော ဟိတ် တို့ ကို၊ မ ထီ လေး စား ပြု တော် မူ လေ ပြီ။ Judson Bible ဝင်းတော်ကို တောင်ယာခြံကဲ့သို့ အမှတ်ပြု၍ ချိုးဖျက်တော်မူပြီ။ မိမိပွဲသဘင်တော်ကို ဖျက်ဆီးတော်မူပြီ။ ဇိအုန်မြို့၌ခံသော ဓမ္မပွဲနေ့၊ ဥပုသ်နေ့တို့ကို ထာဝရဘုရား မေ့စေတော်မူပြီ။ အမျက်တော်အရှိန်ပြင်း၍ ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ်ကို မရှုမမှတ်ပြုတော်မူပြီ။ |
သူတို့သည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်ကို မီးရှို့ကြပါ၏။ ကိုယ်တော်၏နာမတော်တည်ရာအရပ်ကို မြေသို့ကျသည့်တိုင်အောင် ရှုတ်ချကြပါ၏။
ကိုယ်တော်၏တဲတော်သည် ဆလင်မြို့၌ရှိ၍ ကိုယ်တော်ကိန်းဝပ်တော်မူရာအရပ်သည် ဇိအုန်၌ရှိ၏။
ကိုယ်တော်သည် အဘယ်ကြောင့် ၎င်း၏ခြံစည်းရိုးတို့ကိုဖြိုဖျက်တော်မူသနည်း။ ယခုမှာမူ လမ်း၌ဖြတ်သွားသောသူအားလုံးသည် ၎င်း၏အသီးကိုဆွတ်ခူးကြပါ၏။
ကိုယ်တော်သည် သူ၏တံတိုင်းရှိသမျှတို့ကိုဖြိုဖျက်၍ သူ၏ခံတပ်များကို ဖျက်ဆီးတော်မူပြီ။
အချည်းနှီးသောပူဇော်သက္ကာကို နောက်တစ်ဖန်မယူဆောင်လာကြနှင့်။ နံ့သာပေါင်းသည် ငါ့အတွက်စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်၏။ လဆန်းနေ့၊ ဥပုသ်နေ့၊ ဓမ္မစည်းဝေးပွဲနေ့စသည့် ဒုစရိုက်နှင့်ရောပြွမ်းနေသည့်စည်းဝေးခြင်းနေ့မျိုးကို ငါသည်းမခံနိုင်တော့ချေ။
ဇိအုန်သမီးသည် စပျစ်ခြံထဲက တဲကဲ့သို့၊ သခွားခင်းထဲက ယာတဲကဲ့သို့၊ ရန်သူဝိုင်းထားသောမြို့ကဲ့သို့ ကျန်ရစ်ခဲ့လေ၏။
ထို့ကြောင့် သန့်ရှင်းရာဌာန၏အကြီးအကဲတို့ကို ငါရှုတ်ချမည်။ ယာကုပ်အမျိုးကို ကျိန်ခြင်းလက်သို့၊ အစ္စရေးလူမျိုးကို ကဲ့ရဲ့စော်ကားခြင်းလက်သို့ ငါအပ်မည်”ဟု မိန့်တော်မူ၏။
ယခု ငါ၏စပျစ်ခြံကို ငါမည်သို့ပြုမည်ကို သင်တို့အား ငါပြောမည်။ ခြံစည်းရိုးကို ငါဖယ်ရှားသဖြင့် စပျစ်ခြံသည် ဝါးမျိုဖျက်ဆီးခြင်းခံရမည်။ တံတိုင်းကို ငါဖြိုဖျက်သဖြင့် စပျစ်ခြံသည် နင်းချေခြင်းခံရမည်။
ရှင်းလင်းပြုစုခြင်း၊ တူးဆွပေါင်းသင်ခြင်းမခံရဘဲ ချုံပင်၊ ဆူးပင်များပေါက်ရောက်ရာ ဖုန်းဆိုးမြေဖြစ်မည်။ ထိုခြံအပေါ် မိုးမရွာသွန်းစေရန် တိမ်တိုက်တို့ကို ငါမိန့်မှာမည်။
ကိုယ်တော်၏သန့်ရှင်းသောလူမျိုးတော်တို့ ခဏသာပိုင်ဆိုင်ရပြီး ရန်သူတို့သည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်ကို နင်းချေကြပြီ။
အကျွန်ုပ်တို့၏ဘိုးဘေးများ ကိုယ်တော်ကိုချီးမွမ်းရာအရပ်ဖြစ်သည့် သန့်ရှင်း၍ ဂုဏ်ကျက်သရေရှိသော အကျွန်ုပ်တို့၏အိမ်တော်သည် မီးလောင်သွားလေပြီ။ ကျွန်ုပ်တို့နှစ်သက်မြတ်နိုးသောအရာရှိသမျှတို့သည် ပျက်စီးသွားလေပြီ။
သင်တို့သည် ဥပုသ်နေ့၌ ဂျေရုဆလင်မြို့တံခါးကိုဖြတ်၍ ဝန်ထုပ်ကိုမသယ်ဆောင်ရ။ ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့်ထိန်းရမည်ဟူသော ငါ့စကားကို နားမထောင်လျှင် ငါသည် မြို့တံခါးကိုမီးရှို့၍ ဂျေရုဆလင်မြို့၏ခံတပ်များကို လောင်ကျွမ်းစေမည်။ ထိုမီးသည် ငြိမ်းလိမ့်မည်မဟုတ်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
အကယ်စင်စစ် အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ဂျေရုဆလင်မြို့သားတို့အပေါ်သို့ ငါ့အမျက်ဒေါသကိုသွန်ချခဲ့သကဲ့သို့ အီဂျစ်ပြည်သို့ သင်တို့သွားသောအခါ သင်တို့အပေါ်သို့ ငါ့အမျက်ဒေါသကို သွန်ချမည်။ သင်တို့သည် ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ ရွံရှာစရာ၊ ကဲ့ရဲ့စရာဖြစ်မည်။ ဤပြည်ကို သင်တို့ ပြန်မြင်ရတော့မည်မဟုတ်’ဟု မိန့်တော်မူပြီ။
ထို့ကြောင့် ဗာရုတ်အား ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါတည်ထောင်ခဲ့သော၊ ငါစိုက်ပျိုးခဲ့သော ဤပြည်တစ်ပြည်လုံးကို ငါဖြိုဖျက်မည်၊ နုတ်ပစ်မည်’ဟု မိန့်တော်မူ၏။
ဘေဘီလုံမြို့မှထွက်ပြေးလွတ်မြောက်လာသောသူတို့၏အသံကို ကြားရလေပြီ။ သူတို့သည် ငါတို့ဘုရားသခင် ထာဝရဘုရား လက်တုံ့ပြန်ခြင်းအကြောင်း၊ ဗိမာန်တော်အတွက် လက်တုံ့ပြန်ခြင်းအကြောင်းကို ဇိအုန်မြို့တွင် ကြွေးကြော်ကြလေပြီ။
ပွဲတော်သို့လာသောသူမရှိတော့ပြီဖြစ်၍ ဇိအုန်မြို့လမ်းတို့ ငိုကြွေးမြည်တမ်းကြလေပြီ။ မြို့တံခါးအားလုံး ဆိတ်ညံလေပြီ။ ယဇ်ပုရောဟိတ်တို့လည်း ညည်းတွားကြလေပြီ။ အပျိုကညာတို့လည်း ဝမ်းနည်းကြေကွဲလျက် ခါးသီးစွာခံစားနေကြရလေပြီ။
ထာဝရဘုရားကိုယ်တော်တိုင် သူတို့ကို ကွဲလွင့်စေတော်မူပြီ။ သူတို့ကို မကြည့်ရှုတော့ပေ။ လူတို့သည် ယဇ်ပုရောဟိတ်တို့ကို မရိုသေကြ။ သက်ကြီးဝါကြီးတို့ကို မသနားကြ။
ငါတို့က “လူမျိုးခြားတို့တွင် ထိုသူ၏အရိပ်အောက်၌ ငါတို့ခိုလှုံအသက်ရှင်ကြမည်”ဟု ဆိုခဲ့သော်လည်း ငါတို့၏အသက်သခင်ဖြစ်သော၊ ထာဝရဘုရားဘိသိက်ပေးသော ထိုသူသည် သူတို့တူးသောတွင်းထဲသို့ ကျလေပြီ။
မိမိတို့လက်ဖြင့် အကြီးအကဲတို့ကို ချိတ်ဆွဲထားကြပါ၏။ သက်ကြီးဝါကြီးတို့ကိုလည်း မလေးစားကြပါ။
သူသည် ပဋိညာဉ်ကိုချိုးဖောက်ခြင်းဖြင့် ကျိန်ဆိုခဲ့သည်ကိုမထီမဲ့မြင်ပြုလျက် တစ်ပါးသူကို အကူအညီတောင်း၏။ ထိုသို့ပြုသောကြောင့် သူသည် ဘေးလွတ်မည်မဟုတ်’ဟု မိန့်တော်မူ၏။
ငါသည် သင်တို့၏မြို့များကို ပြိုပျက်စေ၍ သင်တို့၏သန့်ရှင်းရာဌာနကို လူသူကင်းမဲ့စေမည်။ သင်တို့၏မွှေးကြိုင်သောရနံ့ကိုလည်း ငါခံယူမည်မဟုတ်။
“သတ်မှတ်ထားသောပွဲတော်ကြောင့် ဝမ်းနည်းနေရ၍ သင်၏ကဲ့ရဲ့ခြင်းဝန်ကိုလည်း ထမ်းနေရသောသူတို့ကို ငါစုဝေးမည်။
“သင်တို့သည် ငါ့တရားလမ်းကိုမလိုက်၊ မျက်နှာရဖို့သာသွန်သင်တတ်ကြသောကြောင့် ငါသည် သင်တို့ကို လူအပေါင်းတို့ရှေ့တွင် မထီမဲ့မြင်ပြုစရာ၊ ရှုတ်ချစရာဖြစ်စေမည်။”