Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 1:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 အချည်းနှီး​သော​ပူဇော်သက္ကာ​ကို နောက်တစ်ဖန်​မ​ယူဆောင်​လာ​ကြ​နှင့်​။ နံ့သာပေါင်း​သည် ငါ့​အတွက်​စက်ဆုပ်ရွံရှာဖွယ်​ရာ​ဖြစ်​၏​။ လဆန်းနေ့​၊ ဥပုသ်နေ့​၊ ဓမ္မစည်းဝေးပွဲ​နေ့​စသည့် ဒုစရိုက်​နှင့်​ရောပြွမ်း​နေ​သည့်​စည်းဝေး​ခြင်း​နေ့​မျိုး​ကို ငါ​သည်း​မ​ခံ​နိုင်​တော့​ချေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 သင်​တို့​၏​အ​သုံး​မ​ကျ​သော​ပူ​ဇော်​သ​ကာ​များ​ကို နောက်​တစ်​ဖန်​ငါ​အ​လို​မ​ရှိ။ သင်​တို့​ပူ​ဇော်​သည့်​နံ့​သာ​ပေါင်း​၏​ရ​နံ့​ကို​ငါ​ရွံ​မုန်း​၏။ သင်​တို့​၏​လ​ဆန်း​ပွဲ​နေ့​များ၊ ဥ​ပုသ်​နေ့​များ​နှင့်​ဘာ​သာ​ရေး​ပွဲ​နေ့​များ​ကို​ငါ​စက်​ဆုပ်​၏။ သင်​တို့​၏​အ​ပြစ်​များ​ကြောင့်​ထို​အ​ရာ​များ​သည်​ဖောက်​ပြန်​ပျက်​စီး​နေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 စက် ဆုပ် ရာ ရ နံ့ သ ဖွယ် အ ချည်း နှီး သော ပူ ဇော် သ က္ကာ ကို ထပ် မံ၍ မ ဆောင် ခဲ့ ကြ နှင့်။ လ ဆန်း နေ့၊ ဥ ပုသ် နေ့ များ နှင့်၊ အ စု အ ရုံး မျှ စု ရုံး ခြင်း၊ အ ဓ မ္မ ပါ သော စည်း ဝေး ခြင်း များ ကို ငါ မ ခံ နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 အ​ချည်း​နှီး​သော​ပူ​ဇော်​သ​ကာ​ကို နောက်​တစ်​ဖန်​မ​ဆောင်​ခဲ့​ကြ​နှင့်၊ သင်​တို့​မီး​ရှို့​သော​နံ့​သာ​ပေါင်း​ကို ငါ​ရွံ​ရှာ​၏။ လ​ဆန်း​နေ့၊ ဥ​ပုသ်​နေ့၊ ပ​ရိ​သတ်​စည်း​ဝေး​သော​နေ့​ကို​လည်း ရွံ​ရှာ​၏။ အ​ဓ​မ္မ​အ​မှု​နှင့် ရော​နှော​သော ဓ​မ္မ​စည်း​ဝေး​ခြင်း​တို့​ကို သည်း​မ​ခံ​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 1:13
25 ပူးပေါင်းရင်းမြစ်များ  

ခင်ပွန်း​က​လည်း “​ယနေ့​သည် လဆန်းနေ့​လည်း​မ​ဟုတ်​။ ဥပုသ်နေ့​လည်း မ​ဟုတ်​။ အဘယ်ကြောင့် ယနေ့ သွား​လို​သနည်း​”​ဟု ဆို​လျှင် သူ့​မိန်းမ​က “​အဆင်ပြေ​ပါ​လိမ့်မည်​”​ဟု ပြန်ပြော​၏​။


ဥပုသ်နေ့​၊ လဆန်းနေ့​၊ သတ်မှတ်​ထား​သော​ပွဲတော်​နေ့​များ​တွင် ထာဝရဘုရား​ထံ ပူဇော်​ရ​မည့်​မီးရှို့ရာယဇ်​အားလုံး​ကို စီရင်ထုံးဖွဲ့​ထား​သော​အရေအတွက်​နှင့်အညီ ထာဝရဘုရား​ရှေ့​တော်​၌ ပုံမှန်​ပူဇော်​ရ​၏​။


သူ​တို့​သည် တောကန္တာရ​၌ ဘယ်နှကြိမ်​ဘယ်နှခါ​မျှ ကိုယ်တော်​ကို​ပုန်ကန်​ကြ​ပြီး ကန္တာရမြေ​၌ ကိုယ်တော်​ကို​စိတ်ထိခိုက်​စေ​ခဲ့​ကြ​သနည်း​။


သင်​တို့​သည် ပထမ​နေ့​နှင့်​သတ္တမ​နေ့​၌ သန့်ရှင်း​သော​ဓမ္မစည်းဝေး​ခြင်း​ကို ပြုလုပ်​ရ​မည်​။ ထို​နေ့​တို့​၌ လူ​တိုင်း စားစရာ​များ​ကို​ချက်ပြုတ်​ခြင်း​မှတစ်ပါး အခြား​မည်သည့်​အလုပ်​ကို​မျှ​မ​လုပ်​ရ​။


ဆိုးယုတ်​သော​သူ​၏​ယဇ်ကောင်​သည် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။ ထို့ထက်မက ၎င်း​ကို ဆိုးညစ်​သော​အကြံ​ဖြင့် ယူဆောင်​လာ​လျှင် ပို၍​ပင် စက်ဆုပ်ရွံရှာဖွယ်​ဖြစ်​၏​။


“​ကျွန်မ​သည် မိတ်သဟာယယဇ်​များ​ပူဇော်​ရန်​ရှိ​၍ ယနေ့​ပင် ကျွန်မ​၏​ကတိသစ္စာ​တို့​ကို ပြည့်စုံ​စေ​ပါ​ပြီ​။


ထာဝရဘုရား​က “​လူသား​အပေါင်း​တို့​သည် လဆန်းနေ့​တိုင်း​၊ ဥပုသ်နေ့​တိုင်း ငါ့​ရှေ့မှောက်​တွင် လာရောက်​ရှိခိုးကိုးကွယ်​ကြ​လိမ့်မည်​။


နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​၊ သိုးသငယ်​ကို​ယဇ်ပူဇော်​သော​သူ​သည် ခွေး​၏​လည်ပင်း​ကို​ချိုး​သော​သူ​ဖြစ်​၏​။ ဘောဇဉ်ပူဇော်သက္ကာ​ကို​ပူဇော်​သော​သူ​သည် ဝက်​၏​သွေး​ကို​ပူဇော်​သော​သူ​၊ လော်ဗန်​ကို​ပူဇော်​သော​သူ​သည် ရုပ်တုဆင်းတု​ကို​ကောင်းချီးပေး​သော​သူ​ဖြစ်​၏​။ သူ​တို့​သည် မိမိ​တို့​နှစ်သက်​ရာ​လမ်း​ကို​ရွေးချယ်​ကြ​၍ သူ​တို့​၏​စိတ်ဝိညာဉ်​သည် ရွံရှာဖွယ်​ရာ​တို့​ကို နှစ်သက်​ကြ​၏​။


တဲ​တော်​ကို ပြောင်တလင်းခါ​နေ​သော​ဥယျာဉ်​ကဲ့သို့ ဖြစ်​စေ​တော်မူ​ပြီ​။ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ကို ဖျက်ဆီး​တော်မူ​ပြီ​။ ထာဝရဘုရား​သည် ဇိအုန်​မြို့​အား ပွဲတော်​နေ့​၊ ဥပုသ်နေ့​ကို မေ့​စေ​တော်မူ​ပြီ​။ အမျက်​ပြင်းစွာ​ဖြင့် ရှင်ဘုရင်​နှင့်​ယဇ်ပုရောဟိတ်​ကို ပစ်ပယ်​တော်မူ​ပြီ​။


အို အစ္စရေး​အမျိုးအနွယ်​တို့​၊ ဘုရားရှင်​ထာဝရဘုရား​က ‘သွား​ကြ​၊ ကိုယ့်​ရုပ်တု​ကို ကိုယ်​ကိုးကွယ်​ကြ​လော့​။ နောက်​မှ ရုပ်တု​များ​ကို ပူဇော်​ပြီး သန့်ရှင်း​သော​ငါ့​နာမ​ကို မ​ရှုတ်ချ​တော့​ဘဲ ငါ့​စကား​ကို နားထောင်​ရ​မည့်​အချိန် ရောက်လာ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏​။


သတ်မှတ်​ထား​သည့်​ပွဲတော်​များ​ဖြစ်​သော လဆန်း​နေ့​ပွဲတော်​၊ ဥပုသ်နေ့​ပွဲတော်​၊ သူ​ကျင်းပ​သော​ပွဲ​အားလုံး​ကို​လည်း အဆုံးသတ်​ပစ်​မည်​။


အစာရှောင်​ဖို့ အသင့်ပြင်​ကြ​လော့​။ ဓမ္မစည်းဝေးပွဲ​ကို ဆင့်ခေါ်​ကြ​လော့​။ သက်ကြီးဝါကြီး​များ​၊ ပြည်သူပြည်သား​များ​အားလုံး သင်​တို့​ဘုရားသခင်​ထာဝရဘုရား​၏​အိမ်​တော်​၌ စုရုံး​၍ ထာဝရဘုရား​ထံ အော်ဟစ်​ကြ​လော့​။


ဇိအုန်​တောင်​ပေါ်တွင် တံပိုး​ကို​မှုတ်​ကြ​လော့​။ အစာရှောင်​ရန် အသင့်ပြင်​ကြ​လော့​။ ဓမ္မစည်းဝေးပွဲ​ကို ဆင့်ခေါ်​ကြ​လော့​။


ငါ​သည် သင်​တို့​၏​မြို့​များ​ကို ပြိုပျက်​စေ​၍ သင်​တို့​၏​သန့်ရှင်းရာဌာန​ကို လူသူကင်းမဲ့​စေ​မည်​။ သင်​တို့​၏​မွှေးကြိုင်​သော​ရနံ့​ကို​လည်း ငါ​ခံယူ​မည်​မ​ဟုတ်​။


“ငါ့​ယဇ်ပလ္လင်​ရှိ​ရာ​သို့​ဝင်​၍ မီး​ကို​အချည်းနှီး​မ​ထွန်း​ရ​အောင် တံခါး​ကို မည်သူ​ပိတ်​ပေး​မည်နည်း​။ ငါ​သည် သင်​တို့​ကို မ​နှစ်သက်​။ သင်​တို့​လက်​နှင့်​ပူဇော်​သော​ယဇ်​ကို ငါ​လက်​မ​ခံ”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


“​သင့်​အတွက် ငွေ​တံပိုးခရာ​နှစ်​ခု​ကို ထုလုပ်​လော့​။ လူထု​ကို​စုရုံး​ရာ​တွင်​လည်းကောင်း​၊ တပ်စခန်း​တို့ ခရီးဆက်ရာ​တွင်​လည်းကောင်း ထို​ခရာ​တို့​ကို မှုတ်​ရ​မည်​။


သူ​တို့​သည် လူ​တို့​၏​ပညတ်ချက်​များ​ကို ဩဝါဒ​များ​အဖြစ်​သွန်သင်​လျက် ငါ့​ကို အချည်းနှီး​ကိုးကွယ်​ကြ​၏’ဟူ၍ ပရောဖက်ပြု​ဟောပြော​ခဲ့​သည်​မှာ မှန်​လှ​ပေ​၏”​ဟု မိန့်​တော်မူ​၏။


သို့သော် ဖာရိရှဲ​တို့၊ သင်​တို့​သည် အမင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ပင်စိမ်း၊ စမုန်စပါး​နှင့် ဟင်းသီးဟင်းရွက်​အမျိုးမျိုး​တို့​ကို ဆယ်ဖို့တစ်ဖို့​ပေး​လှူ​ကြ​သော်လည်း တရားမျှတ​ခြင်း​နှင့် ဘုရားသခင်​အပေါ်​ထား​ရှိ​ရ​မည့်​ချစ်​ခြင်း​တို့​ကို ချန်လှပ်​ထား​ကြ​၏။ ဤ​အရာ​များ​ကို ပြု​ရ​မည်​ဖြစ်​ပြီး အထက်​တွင်​ဆို​သော​အရာ​များ​ကို​လည်း ဥပေက္ခာ​မ​ပြု​ရ။


သို့ရာတွင် သင်​တို့​၏​စုဝေး​ခြင်း​သည် ကောင်းကျိုး​ကို​ဖြစ်စေ​သည်​ထက် ဆိုးကျိုး​ကို​သာ​ဖြစ်စေ​သောကြောင့် ဤ​ညွှန်ကြား​ချက်​ကို​ပေး​ရာ​၌ သင်​တို့​အား ငါ​မ​ချီးမွမ်း​နိုင်။


ဘုရားသခင်​၏​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ဝမ်း​မ​နည်း​စေ​ကြ​နှင့်။ သင်​တို့​သည် ရွေးနုတ်​ခြင်း​နေ့ရက်​အတွက် ထို​ဝိညာဉ်​တော်​ဖြင့် တံဆိပ်​ခတ်နှိပ်​ခြင်း​ကို​ခံရ​ကြ​၏။


အချို့​တို့​သည် မလိုမုန်းထား​စိတ်​နှင့် ပဋိပက္ခ​ဖြစ်​စေ​လို​သော​စိတ်​တို့​ဖြင့် ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။ အချို့​တို့​မူကား စေတနာ​စိတ်​ဖြင့် ဟောပြော​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ