ထာဝရဘုရားသည် ငါခံရသောဒုက္ခဆင်းရဲကို မြင်တော်မူ၍ ယနေ့ခံရသောကျိန်ဆဲခြင်းအစား ကောင်းသောအရာကို ငါ့အား ထာဝရဘုရားပြန်ပေးကောင်းပေးတော်မူလိမ့်မည်”ဟု မိန့်ဆို၏။
မြည်တမ်းစကား 1:9 - မြန်မာ့စံမီသမ္မာကျမ်း သူ၏အညစ်အကြေးသည် သူ့အဝတ်၌စွန်းနေပြီ။ သူ၏နိဂုံးကို သူမဆင်ခြင်မိခဲ့။ သူသည် အံ့ဩဖွယ်ပြိုလဲသွားလေပြီ။ သူ့ကို နှစ်သိမ့်ပေးမည့်သူလည်းမရှိ။ အို ထာဝရဘုရား၊ ရန်သူတို့သည် အကျွန်ုပ်ကို အောင်နိုင်ကြပြီ။ အကျွန်ုပ်ခံရသော ဆင်းရဲဒုက္ခကို ကြည့်ရှုတော်မူပါ။ Common Language Bible သူ၏ညစ်ညမ်းမှုကိုအလွယ်တကူ တွေ့မြင်နိုင်သော်လည်း သူသည်မိမိကြုံတွေ့ရမည့်ကံကြမ္မာကို အမှုထားပုံမပေါ်။ သူ၏ပြိုလဲမှုမှာကြောက်မက်ဖွယ်ကောင်း လှ၏။ သူ့အားအဘယ်သူမျှလည်းနှစ်သိမ့်မှု မပေးနိုင်ကြ။ ရန်သူများအနိုင်ရ၍သွားသဖြင့်သူသည် မိမိအား ကရုဏာထားတော်မူပါရန်ထာဝရဘုရား ထံတော်သို့ဆုတောင်းပတ္ထနာပြုလေသည်။ Garrad Bible ထ မီ ညစ် နွမ်း သော ထို မြို့ သည်၊ အ ကျိုး အ ပြစ် ကို မ မြော် မြင် သည် နှင့် အ ညီ၊ နှစ် သိမ့် စေ သူ မဲ့ လျက်၊ အံ့ ဖွယ် သ ရဲ လဲ ကျ သည့် အ လျောက်၊ အို ထာ ဝ ရ ဘု ရား၊ ရန် သူ မောက် ကြွား သည့် အ တွက် အ ကျွန်ုပ်၏ ဒု က္ခ ကို ရှု ကြည့် တော် မူ ပါ ဟု တောင်း လျှောက် လေ ၏။ Judson Bible သူ၌ မစင်ကြယ်သော လက္ခဏထင်ရှားသော်လည်း၊ နောက်ခံရသောအပြစ်ကို မအောက်မေ့။ ထိုကြောင့်၊ မျက်နှာပေးသောသူ မရှိဘဲ အံ့ဩဖွယ်သော အခြင်းအရာနှင့် နှိမ့်ချခြင်းသို့ရောက်လေ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှုတော်မူပါ။ ရန်သူသည် ကိုယ်ကို ချီးမြှောက်ပါပြီ။ |
ထာဝရဘုရားသည် ငါခံရသောဒုက္ခဆင်းရဲကို မြင်တော်မူ၍ ယနေ့ခံရသောကျိန်ဆဲခြင်းအစား ကောင်းသောအရာကို ငါ့အား ထာဝရဘုရားပြန်ပေးကောင်းပေးတော်မူလိမ့်မည်”ဟု မိန့်ဆို၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ အလွန်ခါးသီးစွာခံစားနေရသည်ကို သိမြင်တော်မူ၏။ အစ္စရေးလူမျိုးတို့တွင် ကျွန်ပြုခံရသူနှင့် ကျွန်ပြုမခံရသူကိုပါ ကူညီမည့်သူ တစ်ယောက်မျှမရှိ။
အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော၊ တန်ခိုးနှင့်ပြည့်စုံသော၊ ကြောက်ရွံ့ရိုသေဖွယ်သော၊ ပဋိညာဉ်နှင့် မေတ္တာကရုဏာတော်ကိုစောင့်ထိန်းတော်မူသောဘုရား ဖြစ်တော်မူပါ၏။ အဆီးရီးယားဘုရင်တို့လက်ထက်မှစ၍ ယနေ့ထိတိုင် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဘိုးဘေးများနှင့် ကိုယ်တော်၏လူမျိုးတော်အပေါင်းတို့ကြုံတွေ့ခဲ့ရသောအခက်အခဲအလုံးစုံတို့ကို ဘာမျှမဟုတ်ဟု မှတ်တော်မမူပါနှင့်။
အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှုကို ကြည့်ရှုတော်မူ၍ အကျွန်ုပ်ကို ကယ်မတော်မူပါ။ အကြောင်းမူကား ကိုယ်တော်၏တရားတော်ကို အကျွန်ုပ်မမေ့လျော့ပါ။
အို ထာဝရဘုရား၊ ဆိုးယုတ်သောသူ၏အလိုဆန္ဒကို ဖြည့်ဆည်းပေးတော်မမူပါနှင့်။ သူ၏အကြံကိုထမြောက်စေတော်မမူပါနှင့်။(စေလာ)
အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှုနှင့် အကျွန်ုပ်၏အခက်အခဲပြဿနာကို ကြည့်ရှု၍ အကျွန်ုပ်၏အပြစ်ရှိသမျှတို့ကို ခွင့်လွှတ်တော်မူပါ။
သူတို့သည် အကျွန်ုပ်၏အစာအတွက် ဆေးခါးကိုကျွေး၍ အကျွန်ုပ်ရေငတ်သောအခါ ဝိုင်ချဉ်ကို တိုက်ကြပါ၏။
ငါသည် သင်တို့ကို သင်တို့ဖိစီးနှိပ်စက်ခံရသောအီဂျစ်ပြည်ထဲမှ ထုတ်ဆောင်၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ပြည်ဖြစ်သော နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်မည်”ဟူ၍ မိန့်တော်မူသည်’ဟု ပြောရမည်။
ထာဝရဘုရားက “အီဂျစ်ပြည်၌ရှိသောငါ့လူမျိုးတော်ခံရသည့် ဖိစီးနှိပ်စက်မှုကို အမှန်တကယ် ငါမြင်ပြီ။ အဓမ္မစေခိုင်းသူများကြောင့် သူတို့၏အော်ဟစ်ငိုကြွေးသံကိုလည်း ငါကြားပြီ။ အကယ်စင်စစ် သူတို့၏ဒုက္ခဝေဒနာများကို ငါသိပြီ။
ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို ကြည့်ရှုတော်မူကြောင်း၊ သူတို့ခံရသည့်ဖိစီးနှိပ်စက်မှုကို သိမြင်တော်မူကြောင်း အစ္စရေးလူမျိုးတို့ ကြားသိရသောအခါ ယုံကြည်၍ ဦးညွှတ်လျက် ရှိခိုးကိုးကွယ်ကြ၏။
တစ်ဖန် နေအောက်တွင်ပြုသောနှိပ်စက်မှုရှိသမျှတို့ကို ငါပြန်၍တွေ့မြင်၏။ ကြည့်ရှုလော့။ နှိပ်စက်ခံရသောသူတို့သည် မျက်ရည်ကျသော်လည်း သူတို့ကိုနှစ်သိမ့်ပေးမည့်သူမရှိ။ သူတို့ကိုနှိပ်စက်သောသူတို့၏လက်တွင် တန်ခိုးအာဏာရှိသဖြင့် သူတို့ကို နှစ်သိမ့်ပေးမည့်သူမရှိ။
ဂျေရုဆလင်မြို့ ခလုတ်တိုက်ပြီ။ ယုဒပြည် လဲကျပြီ။ သူတို့၏စကား၊ သူတို့၏အပြုအမူတို့သည် ထာဝရဘုရားကိုဆန့်ကျင်ကြ၏။ ဘုန်းအသရေတော်ရှေ့တွင် ပုန်ကန်ကြ၏။
အို ထာဝရဘုရား၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းကြီး ပေးပို့လိုက်သည့် အသက်ရှင်တော်မူသောဘုရားသခင်အား စော်ကားပြောဆိုသောစကားအလုံးစုံကို နားထောင်တော်မူပါ။
သင်မည်သူ့ကို ကဲ့ရဲ့ပြစ်တင်နေသနည်း၊ မည်သူ့ကို စော်ကားပြောဆိုနေသနည်း၊ မည်သူ့ကို အော်ဟစ်နေသနည်း၊ မည်သူ့ကို မောက်မောက်မာမာကြည့်နေသနည်း။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကိုပင် မဟုတ်လော။
သင်သည် ငါ့ကိုအမျက်ထွက်သောကြောင့်၊ သင်စော်ကားပြောဆိုသောစကားကို ငါကြားရသောကြောင့် ငါသည် သင့်ကို နဖားကြိုးတပ်မည်၊ ဇက်ကြိုးတပ်မည်။ သင်လာသောလမ်းဖြင့် သင့်ကိုပြန်စေမည် ဟူ၍မိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။
ရာဗရှာခ၏သခင် အဆီးရီးယားဘုရင်သည် ရာဗရှာခကိုစေလွှတ်၍ အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ပြစ်တင်စေ၏။ ထိုစကားကို သင်၏ဘုရားသခင်ထာဝရဘုရား ကြားတော်မူ၍ ကြားတော်မူသောစကားအတွက် သင်၏ဘုရားသခင်ထာဝရဘုရားသည် သူ့ကိုဆုံးမကောင်းဆုံးမတော်မူလိမ့်မည်။ ထို့ကြောင့် အသက်ရှင်ကျန်ရစ်သောသူတို့အတွက် ဆုတောင်းပတ္ထနာပြုပါ’ဟူ၍ မိန့်မှာသည်”ဟု ပြောကြား၏။
“စစ်ပွဲ ပြီးဆုံးပြီ။ ထာဝရဘုရား၏လက်တော်မှ မိမိအပြစ်အတွက် နှစ်ဆခံယူပြီးပြီဖြစ်၍ အပြစ်လည်း ခွင့်လွှတ်ခြင်းခံရပြီ”ဟု ဂျေရုဆလင်မြို့အား ကြေညာပြီး နှစ်သိမ့်ပေးလော့။
သင်က “ငါသည် သခင်မ ထာဝစဉ်ဖြစ်နေမည်”ဟု ဆိုလျက် ဤအရာတို့ကိုနှလုံးမသွင်း၊ အဆုံးကိုလည်း မအောက်မေ့။
ဘေးနှစ်ခုသည် သင့်အပေါ်ကျရောက်လေပြီ။ မည်သူသည် သင့်အတွက် ဝမ်းနည်းမည်နည်း။ ဖျက်ဆီး၍ပျက်စီးခြင်းဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့်ဓားဘေးတို့သည် သင့်အပေါ်ကျရောက်လေပြီ။ သင့်ကို ငါမည်သို့နှစ်သိမ့်ပေးရမည်နည်း။
ထာဝရဘုရားက “မုန်တိုင်းဒဏ်အလူးအလိမ့်ခံရ၍ နှစ်သိမ့်ခြင်းမရသော အချင်းအဖိနှိပ်ခံရသူ၊ ကြည့်ရှုလော့။ သင်၏တိုက်ကို စိမ်းပြာရောင်ကျောက်ဖြင့်တည်၍ နီလာဖြင့်အုတ်မြစ်ချမည်။
သင်ဖောက်ပြန်ခြင်း၊ ဟီသံပေးခြင်း၊ ညစ်ညမ်းသောပြည့်တန်ဆာအလုပ်လုပ်ခြင်း စသည့် ရွံရှာဖွယ်ရာတို့ကို ကွင်းပြင်၊ တောင်ကုန်းပေါ်၌ပြုနေသည်ကို ငါမြင်၏။ အို ဂျေရုဆလင်၊ သင်၌အမင်္ဂလာရှိ၏။ မည်မျှကြာအောင် ညစ်ညူးနေမည်နည်း”ဟု မိန့်တော်မူ၏။
အသုဘရှင်ကို နှစ်သိမ့်ဖို့ ငိုကြွေးမြည်တမ်းမည့်သူ၊ အစားအစာပေးမည့်သူ ရှိမည်မဟုတ်။ မိဘဆုံးသွားလျှင်ပင် နှစ်သိမ့်ခြင်းခွက်ကို ကမ်းပေးမည့်သူ ရှိမည်မဟုတ်။
အပြစ်မဲ့သောဆင်းရဲသားတို့ဖောက်ထွင်းသည်ကို သင်မတွေ့။ သို့သော် သင့်အဝတ်အောက်စွန်း၌ သူတို့၏သွေးစွန်းသည်ကို တွေ့ရ၏။ ထိုသို့ဖြစ်လျက်နှင့်ပင်
မောဘပြည်သည် ထာဝရဘုရားထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်သောကြောင့် သူ့ကို ယစ်မူးစေကြလော့။ သူသည် မိမိအန်ဖတ်၌ လူးလိမ့်၍ ပြက်ရယ်ပြုစရာဖြစ်လိမ့်မည်။
ပရောဖက်တို့သည် မဟုတ်မမှန်ပရောဖက်ပြုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း မိမိတို့သဘောအတိုင်း အုပ်ချုပ်ကြ၏။ ထိုသို့သောအမှုအရာတို့ကို ငါ့လူမျိုးတော်သည် နှစ်သက်ကြ၏။ အဆုံး၌ သင်တို့ မည်သို့ပြုကြမည်နည်း။
ဘေဘီလုံမြို့ကိုတိုက်ခိုက်ရန် လေးပစ်ကျွမ်းသောလေးသည်တော်အပေါင်းတို့ကို ခေါ်ကြ။ မြို့ပတ်ပတ်လည်၌ တပ်ချကြ။ ထိုမြို့သည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ထာဝရဘုရားကို ဆန့်ကျင်သည်ဖြစ်၍ ထိုမြို့ပြုခဲ့သမျှအတိုင်း ပြန်၍ပြုကြ။ ထိုမြို့ကျင့်သည့်အတိုင်း ပြန်ပေးဆပ်စေ။ မည်သူမျှ မလွတ်မြောက်စေနှင့်။
ဇိအုန်မြို့သည် လက်ကိုဆန့်သော်လည်း နှစ်သိမ့်မည့်သူတစ်ယောက်မျှမရှိ။ ယာကုပ်ကို ရန်ပြုကြစေရန် ပတ်ပတ်လည်ရှိလူမျိုးတို့ကို ထာဝရဘုရားအမိန့်ပေးတော်မူပြီ။ ဂျေရုဆလင်မြို့သည် ထိုသူတို့အလယ်၌ မစင်ကြယ်သောအရာကဲ့သို့ဖြစ်လေပြီ။
အကျွန်ုပ်ညည်းတွားသံကို ကြားသော်လည်း အကျွန်ုပ်ကို နှစ်သိမ့်ပေးမည့်သူ တစ်ယောက်မျှမရှိပါ။ အကျွန်ုပ်ဒုက္ခရောက်ကြောင်းကို အကျွန်ုပ်၏ရန်သူအပေါင်းတို့ ကြားကြပါပြီ။ ကိုယ်တော် ဤသို့ပြုတော်မူသည်ကို သူတို့ နှစ်သက်အားရကြပါ၏။ ကိုယ်တော်မိန့်ဆိုထားသောနေ့ရက် ရောက်လာပါစေ။ သူတို့သည် အကျွန်ုပ်ကဲ့သို့ ဖြစ်ကြပါစေ။
အို ဂျေရုဆလင်သမီး၊ သင့်ကို မည်သို့ပြောရမည်နည်း၊ မည်သည့်အရာဖြင့် နှိုင်းပြရမည်နည်း။ အို ဇိအုန်သမီးပျို၊ သင့်ကို မည်သူနှင့်ခိုင်းနှိုင်းပြီး နှစ်သိမ့်ပေးရမည်နည်း။ အကယ်စင်စစ် သင်၏ဒဏ်ရာသည် ပင်လယ်ကဲ့သို့နက်၍ သင့်ကို မည်သူကုသပေးနိုင်မည်နည်း။
ရွှေသည် အရောင်မှိန်သွားပါပြီတကား။ ရွှေစင်သည် အရောင်ပြောင်းသွားပါပြီတကား။ သန့်ရှင်းရာဌာနမှ ကျောက်များသည်လည်း လမ်းဆုံလမ်းခွတို့၌ ပြန့်ကျဲနေပါပြီတကား။
အို ထာဝရဘုရား၊ အကျွန်ုပ်တို့ မည်သို့ဖြစ်ခဲ့သည်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ ခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို ကြည့်တော်မူပါ။ မြင်တော်မူပါ။
သို့သော် ထာဝရဘုရားက “ယခုမူ သူ့ကိုငါဖျောင်းဖျမည်၊ တောကန္တာရသို့ ခေါ်သွားမည်၊ သူ့အား မေတ္တာဖြင့် ပြောဆိုမည်။
ဤသည်ကား၊ သူတို့သည် မာနထောင်လွှား၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏လူမျိုးတော်ကို လှောင်ပြောင်ကဲ့ရဲ့သောအပြစ်ဒဏ်တည်း။
များစွာသောဂျူးလူမျိုးတို့သည် မာသနှင့်မာရိတို့ကို သူတို့၏မောင်အတွက်နှစ်သိမ့်ရန် သူတို့ထံသို့ရောက်နေကြ၏။
သို့ဖြစ်၍ အကျွန်ုပ်တို့သည် အကျွန်ုပ်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်သောအခါ ထာဝရဘုရားသည် အကျွန်ုပ်တို့၏အသံကို နားညောင်းတော်မူ၍ အကျွန်ုပ်တို့ခံရသော ဆင်းရဲခြင်း၊ ပင်ပန်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကို ကြည့်ရှုတော်မူ၏။
သို့သော် သူတို့ကိုရန်ပြုသောသူတို့၏ရန်သူတို့သည် ထောင်လွှားလာပြီး “ဤအမှုအလုံးစုံကို ထာဝရဘုရားပြုတော်မူသည်မဟုတ်၊ ငါတို့လက်ဖြင့် အောင်မြင်ခဲ့သည်”ဟု အထင်လွဲ၍ ဆိုလာမည်ကို စိုးရိမ်၏’ဟု မိန့်တော်မူ၏။
သူတို့သည် ဉာဏ်ပညာရှိလျှင် ဤအမှုကိုနားလည်ကြလိမ့်မည်။ သူတို့၏နိဂုံးကိုဆင်ခြင်မိကြလိမ့်မည်။
အကြောင်းမူကား တရားစီရင်ခြင်းကို ဘုရားသခင်၏အိမ်တော်မှ အစပြုမည့်အချိန်ရောက်လေပြီ။ ထိုသို့ ငါတို့ထံမှ အစပြုမည်ဆိုလျှင် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို မနာခံသောသူတို့၏နိဂုံးသည် မည်သို့ဖြစ်မည်နည်း။
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော့်ကျွန်မ ခံရသောဆင်းရဲဒုက္ခကို အကယ်စင်စစ် ကြည့်တော်မူပါ။ ကိုယ်တော့်ကျွန်မကို မမေ့လျော့ဘဲ အောက်မေ့တော်မူပါ။ ကိုယ်တော့်ကျွန်မအား သားယောက်ျားကိုပေးသနားတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်သည် သူ့ဘဝတစ်ခုလုံးကို ထာဝရဘုရားထံ ဆက်ကပ်အပ်နှံပါမည်။ သူ့ဆံပင်ကိုလည်း မရိတ်ပါ”ဟု ကတိသစ္စာပြုဆုတောင်းလေ၏။