Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 69:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သူ​တို့​သည် အကျွန်ုပ်​၏​အစာ​အတွက် ဆေးခါး​ကို​ကျွေး​၍ အကျွန်ုပ်​ရေငတ်​သောအခါ ဝိုင်ချဉ်​ကို တိုက်​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ကျွန်​တော်​မျိုး​ဆာ​လောင်​မွတ်​သိပ်​သော​အ​ခါ ရန်​သူ​တို့​သည်​အ​ဆိပ်​ကို​ကျွေး​ကြ​ပါ​၏။ ရေ​ငတ်​သော​အ​ခါ​ပုန်း​ရည်​ကို​တိုက်​ကြ ပါ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 အ ကျွန်ုပ် စား လို သော်၊ ဆေး ခါး ကို ကျွေး လျက်၊ ရေ ငတ် သော်၊ ပုံး ရည် ကို တိုက် ကြ ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 အ​ကျွန်ုပ်​စား​စ​ရာ​ဖို့ ဆေး​ခါး​ကို ကျွေး​ကြ​ပါ၏။ ရေ​ငတ်​သော​အ​ခါ ပုံး​ရည်​ကို တိုက်​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 69:21
13 ပူးပေါင်းရင်းမြစ်များ  

တစ်ဖန် နေ​အောက်​တွင်​ပြု​သော​နှိပ်စက်​မှု​ရှိသမျှ​တို့​ကို ငါ​ပြန်​၍​တွေ့မြင်​၏​။ ကြည့်ရှု​လော့​။ နှိပ်စက်​ခံရ​သော​သူ​တို့​သည် မျက်ရည်​ကျ​သော်လည်း သူ​တို့​ကို​နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။ သူ​တို့​ကို​နှိပ်စက်​သော​သူ​တို့​၏​လက်​တွင် တန်ခိုးအာဏာ​ရှိ​သဖြင့် သူ​တို့​ကို နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။


ထို့ကြောင့် ပရောဖက်​တို့​နှင့်​ပတ်သက်၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဂျေရုဆလင်​မြို့​ရှိ​ပရောဖက်​တို့ အစပြု​လိုက်​သော မကောင်းမှု​သည် တစ်ပြည်လုံး​သို့ ပျံ့နှံ့​လေ​ပြီ​။ ထို့ကြောင့် ငါ​သည် သူ​တို့​အား ဒေါန​ကို​စား​စေ​မည်​။ အဆိပ်​ရေ​ကို သောက်​စေ​မည်”​ဟု မိန့်​တော်မူ​၏​။


ငါ​တို့ အဘယ်ကြောင့်​ထိုင်​နေ​ကြ​သနည်း​။ အတူတကွ​စုဝေး​လျက် ခံတပ်​မြို့​များ​ထဲသို့​ဝင်​၍ သေကျေပျက်စီး​ကြ​ကုန်​စို့​။ ထာဝရဘုရား​ကို ငါ​တို့​ပြစ်မှား​ကြ​သောကြောင့် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ​တို့​ကို သေကျေပျက်စီး​စေ​တော်မူ​ပြီ​။ အဆိပ်​ရေ​ကို​သောက်​စေ​တော်မူ​ပြီ​။


ထို့ကြောင့် အစ္စရေး​၏​ဘုရားသခင်​၊ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​သည် ဤ​လူမျိုး​အား ဒေါန​ကို​စား​စေ​မည်​။ အဆိပ်​ရေ​ကို​သောက်​စေ​မည်​။


သူ​သည် တစ်ညလုံး ခါးသီး​စွာ​ငိုကြွေး​နေ​ရ​ပြီ​။ သူ့​ပါးပြင်​ပေါ်တွင် မျက်ရည်​များ စိုရွှဲ​နေ​ပြီ​။ သူ့​ချစ်သူ​တို့​လည်း သူ့​ကို မ​နှစ်သိမ့်​ကြ​။ သူ့​မိတ်ဆွေ​အပေါင်း​တို့​က​လည်း သူ့​ကို​သစ္စာဖောက်​ပြီး ရန်သူ​ဖြစ်သွား​ကြ​ပြီ​။


သူ​၏​အညစ်အကြေး​သည် သူ့​အဝတ်​၌​စွန်း​နေ​ပြီ​။ သူ​၏​နိဂုံး​ကို သူ​မ​ဆင်ခြင်​မိ​ခဲ့​။ သူ​သည် အံ့ဩဖွယ်​ပြိုလဲ​သွား​လေ​ပြီ​။ သူ့​ကို နှစ်သိမ့်​ပေး​မည့်​သူ​လည်း​မ​ရှိ​။ အို ထာဝရဘုရား​၊ ရန်သူ​တို့​သည် အကျွန်ုပ်​ကို အောင်နိုင်​ကြ​ပြီ​။ အကျွန်ုပ်​ခံရ​သော ဆင်းရဲဒုက္ခ​ကို ကြည့်ရှု​တော်မူ​ပါ​။


သူ​တို့​သည် ကိုယ်တော်​အား ဆေးခါး​နှင့်​ရော​ထား​သော​စပျစ်​ဝိုင်​ကို တိုက်​ကြ​၏။ ကိုယ်တော်​သည် မြည်းစမ်း​၍ သောက်​လို​သော​စိတ်​ရှိ​တော်​မ​မူ​ချေ။


ထိုအခါ သူ​တို့​အထဲမှ တစ်​ယောက်​သည် ချက်ချင်း​ပြေး​သွား​၍ ရေမြှုပ်​ကို​ယူ​ကာ ဝိုင်ချဉ်​နှင့်​ပြည့်​စေ​ပြီးလျှင် ၎င်း​ကို​ကျူရိုး​ပေါ်​တပ်​လျက် ကိုယ်တော်​အား​သောက်​စေ​၏။


ကိုယ်တော်​အား မုရန်​ရောစပ်​ထား​သော​စပျစ်​ဝိုင်​ကို တိုက်​ကြ​၏။ သို့သော် ကိုယ်တော်​သည် သောက်​တော်​မ​မူ။


ထိုအခါ လူ​တစ်​ဦး​သည်​ပြေးသွား​၍ ရေမြှုပ်​ကို ဝိုင်ချဉ်​နှင့်​ပြည့်​စေ​ပြီးလျှင် ကျူရိုး​ပေါ်​တပ်​လျက် ကိုယ်တော်​အား​သောက်​စေ​ကာ “ရှိပါလေစေ။ ဧလိယ​သည် သူ့​ကို အောက်သို့​ချ​ရန် လာ​မည်​၊ မ​လာ​မည်​ကို ငါ​တို့​ကြည့်​ကြ​စို့”​ဟု ဆို​လေ​၏။


စစ်သား​တို့​သည်​လည်း ကိုယ်တော်​ကို​ပြောင်လှောင်​ကြ​ပြီး ကိုယ်တော်​ထံသို့​ချဉ်းကပ်​လျက် ဝိုင်ချဉ်​ကို​တိုက်​ကာ


ယနေ့ ငါ​တို့​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​မှ စိတ်နှလုံး​လမ်းလွဲ​၍ ထို​လူမျိုး​တို့​၏​ဘုရား​များ​ကို​သွားရောက်​ဝတ်ပြု​သည့် ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ​၊ မျိုးနွယ်စု​ဖြစ်စေ​၊ မျိုးနွယ်​ဖြစ်စေ သင်​တို့​တွင် မ​ရှိ​စေ​ရ​။ သင်​တို့​တွင် အဆိပ်​ရှိ​၍​ခါး​သော​အသီး​ကို သီး​စေ​သော​အမြစ်​မ​ရှိ​စေ​ရ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ