Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 26:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 သို့ဖြစ်၍ အကျွန်ုပ်​တို့​သည် အကျွန်ုပ်​တို့​ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ အော်ဟစ်​တောင်းလျှောက်​သောအခါ ထာဝရဘုရား​သည် အကျွန်ုပ်​တို့​၏​အသံ​ကို နားညောင်း​တော်မူ​၍ အကျွန်ုပ်​တို့​ခံရ​သော ဆင်းရဲ​ခြင်း​၊ ပင်ပန်း​ခြင်း​၊ ညှဉ်းပန်းနှိပ်စက်​ခြင်း​တို့​ကို ကြည့်ရှု​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 ထို​အ​ခါ​အ​ကျွန်ုပ်​တို့​သည် ဘိုး​ဘေး​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ထံ​ကူ​ညီ မ​စ​ရန်​လျှောက်​ထား​ကြ​ပါ​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​ကျွန်ုပ်​တို့​၏​လျှောက်​ထား​ချက် ကို​နား​ညောင်း​တော်​မူ​၍ အ​ကျွန်ုပ်​တို့​ခံ​ရ သော​ညှင်း​ဆဲ​နှိပ်​စက်​ခြင်း​နှင့်​ဆင်း​ရဲ​ဒုက္ခ ကို​သိ​မြင်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ငါ တို့ အော် ဟစ် ကြ သော အ သံ ကို၊ ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နား ညောင်း တော် မူ သည့် အ လျောက်၊ နှိပ် စက် ညှဉ်း ဆဲ အ ပင် အ ပန်း ခံ ရ ခြင်း များ ကို ထောက် ရှု တော် မူ၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ဘိုး​ဘေး​တို့​ကိုး​ကွယ်​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်၍ လျှောက်​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်​တို့​ခံ​ရ​သော ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း၊ ပင်​ပန်း​ခြင်း​တို့​ကို ကြည့်​ရှု​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 26:7
18 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်​သည် သူငယ်​၏​အသံ​ကို ကြား​တော်မူ​၏​။ ထိုအခါ ဘုရားသခင်​၏​ကောင်းကင်တမန်​သည် ကောင်းကင်​မှ​နေ​၍ ဟာဂရ​ကို​ခေါ်​ပြီးလျှင် “​ဟာဂရ​၊ သင်​ဘာဖြစ်​သနည်း​။ မ​ကြောက်​နှင့်​။ အကြောင်းမူကား သူငယ်​ရှိ​သည့်​နေရာ​မှ သူငယ်​၏​အသံ​ကို ဘုရားသခင်​ကြား​တော်မူ​ပြီ​။


လေအာ​သည် ကိုယ်ဝန်ဆောင်​၍ သား​ကို​မွေးဖွား​သော် “​ထာဝရဘုရား​သည် ငါ​ခံရ​သော​ဖိစီးနှိပ်စက်မှု​ကို ကြည့်ရှု​တော်မူ​ပြီ​။ အကယ်စင်စစ် ငါ့​ယောက်ျား​သည် ယခု​ငါ့​ကို​ချစ်​လိမ့်မည်​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို ရုဗင် ဟု​မှည့်ခေါ်​လေ​၏​။


ထာဝရဘုရား​သည် ငါ​ခံရ​သော​ဒုက္ခဆင်းရဲ​ကို မြင်​တော်မူ​၍ ယနေ့​ခံရ​သော​ကျိန်ဆဲ​ခြင်း​အစား ကောင်း​သော​အရာ​ကို ငါ့​အား ထာဝရဘုရား​ပြန်ပေး​ကောင်း​ပေး​တော်မူ​လိမ့်မည်​”​ဟု မိန့်ဆို​၏​။


ကိုယ်တော်​၏​နာမ​တော်​ကို မြတ်နိုး​သော​သူ​တို့​အတွက် ပြု​လေ့​ရှိ​သည့်​အတိုင်း အကျွန်ုပ်​ဘက်​သို့​လှည့်​၍ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။


အကျွန်ုပ်​ကို ရန်သူ​၏​လက်​သို့​အပ်​တော်​မ​မူ​ဘဲ အကျွန်ုပ်​၏​ခြေ​ကို ကျယ်ဝန်း​သော​အရပ်​၌ ရပ်​စေ​တော်မူ​ပြီ​။


ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ငါ့​ကို​ခေါ်​လော့​။ ငါ​သည် သင့်​ကို​ကယ်မ​မည်​။ သင်​သည်​လည်း ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​လိမ့်မည်​။​”


ကာလ​အတန်ကြာ​ပြီးနောက် အီဂျစ်​ဘုရင်​သည်​လည်း အနိစ္စရောက်​လေ​၏​။ အစ္စရေး​အမျိုးသား​တို့​သည်​လည်း ကျွန်ပြု​ခံရ​သောကြောင့် ညည်းတွား​၍ အော်ဟစ်​ကြ​၏​။ ထိုသို့ ကျွန်ပြု​ခံရ​သောကြောင့် အော်ဟစ်​သော​သူ​တို့​၏​အသံ​သည် ဘုရားသခင်​အထံ​တော်​သို့ ရောက်​လေ​၏​။


ဘုရားသခင်​သည် အစ္စရေး​အမျိုးသား​တို့​ကို ကြည့်ရှု​တော်မူ​၍ သူ​တို့​ကို သိမှတ်​တော်မူ​၏​။


ယခု အစ္စရေး​အမျိုးသား​တို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ငါ့​ထံသို့​ရောက်​၍ သူ​တို့​အား အီဂျစ်​လူမျိုး​တို့​ဖိနှိပ်​ညှဉ်းဆဲ​ကြ​သည်​ကို​လည်း ငါ​မြင်​ပြီ​။


ထာဝရဘုရား​သည် အစ္စရေး​အမျိုးသား​တို့​ကို ကြည့်ရှု​တော်မူ​ကြောင်း​၊ သူ​တို့​ခံရ​သည့်​ဖိစီးနှိပ်စက်မှု​ကို သိမြင်​တော်မူ​ကြောင်း အစ္စရေး​လူမျိုး​တို့ ကြားသိ​ရ​သောအခါ ယုံကြည်​၍ ဦးညွှတ်​လျက် ရှိခိုးကိုးကွယ်​ကြ​၏​။


ထို့ပြင် အီဂျစ်​လူမျိုး​တို့​၏​ကျွန်ပြု​ခြင်း​ကို​ခံ​နေ​ရ​သော အစ္စရေး​အမျိုးသား​တို့​၏​ညည်းတွား​မြည်တမ်း​သံ​ကို​လည်း ငါ​ကြား​၍ ငါ​၏​ပဋိညာဉ်​ကို ငါ​အောက်မေ့​၏​။


“ကမ္ဘာမြေကြီး​ကို ဖန်ဆင်း​တော်မူ​သော​ထာဝရဘုရား​၊ ပုံဖော်​ဖြစ်တည်​စေ​တော်မူ​သော​ထာဝရဘုရား​၊ ယေဟောဝါ​အမည်​ရှိ​သော ထာဝရဘုရား​က


“​မနက်ဖြန် ယခုလို​အချိန်​တွင် ဗင်္ယာမိန်​ပြည်သား​တစ်​ယောက်​ကို သင့်​ထံသို့ ငါ​စေလွှတ်​မည်​။ ငါ​၏​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်ချုပ်သူမင်း​အဖြစ် သူ့​ကို သင်​ဘိသိက်ပေး​ရ​မည်​။ သူ​သည် ငါ့​လူမျိုး​တော်​ကို ဖိလိတ္တိ​လူမျိုး​တို့​လက်​မှ ကယ်တင်​လိမ့်မည်​။ သူ​တို့​၏​အော်ဟစ်ငိုကြွေးသံ​သည် ငါ့​ထံသို့​ရောက်လာ​သည်​ဖြစ်၍ ငါ​၏​လူမျိုး​တော်​တို့​ကို ငါ​ကြည့်ရှု​ပြီ​”​ဟု ကြားသိ​စေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ