Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 1:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 ဇိအုန်​မြို့​သည် လက်​ကို​ဆန့်​သော်လည်း နှစ်သိမ့်​မည့်​သူ​တစ်ယောက်​မျှ​မ​ရှိ​။ ယာကုပ်​ကို ရန်ပြု​ကြ​စေရန် ပတ်ပတ်လည်​ရှိ​လူမျိုး​တို့​ကို ထာဝရဘုရား​အမိန့်ပေး​တော်မူ​ပြီ​။ ဂျေရုဆလင်​မြို့​သည် ထို​သူ​တို့​အလယ်​၌ မစင်ကြယ်​သော​အရာ​ကဲ့သို့​ဖြစ်​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ``ငါ​သည်​မိ​မိ​လက်​များ​ကို​ကမ်း​လှမ်း​ပါ သော်​လည်း ငါ့​အား​ကူ​ညီ​မည့်​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တိုက်​ခိုက်​ရန် အ​ရပ်​တ​ကာ​မှ​ရန်​သူ​များ​ကို ဆင့်​ခေါ်​တော်​မူ​လေ​ပြီ။ သူ​တို့​သည်​ငါ့​ကို​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အ​ရာ​ဟု မှတ်​ယူ​ကြ​ပါ​၏။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ဇိ အုန် မြို့ သည် လက် အုပ် ချီ သော် လည်း၊ နှစ် သိမ့် စေ သူ မ ရှိ ချေ။ ယာ ကုပ် လူ မျိုး ကို ရည် လျက်၊ ထာ ဝ ရ ဘုရား သည် ပတ် ဝန်း ကျင် ရှိ လူ မျိုး တို့ ရန် မူ ကြ စေ ခြင်း ငှာ၊ မိန့် တော် မူ သည့် အ တိုင်း၊ ယေ ရု ရှ လင် မြို့ ကို ညစ် ညူး ဖွယ် ထင် မှတ် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 ဇိ​အုန်​သ​တို့​သ​မီး​သည် မိ​မိ​လက်​ဝါး​တို့​ကို​ဖြန့်​သော်​လည်း၊ နှစ်​သိမ့်​စေ​သော​သူ မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်​ပတ်​လည်၌ ရန်​သူ​တို့​ကို ခန့်​ထား​တော်​မူ​ပြီ။ ယေ​ရု​ရှ​လင်​မြို့​သည် သူ​တို့​တွင် ရွံ​ရှာ​ဖွယ် ဖြစ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 1:17
29 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ရှောလမုန်​မင်းကြီး​သည် ထာဝရဘုရား​၏​ယဇ်ပလ္လင်​တော်​ရှေ့​၊ အစ္စရေး​လူထု​အပေါင်း​တို့​ရှေ့​တွင်​ရပ်​လျက် ကောင်းကင်​သို့​လက်​ကို​ဖြန့်​ပြီးလျှင်


တစ်စုံတစ်ယောက်​ဖြစ်စေ​၊ ကိုယ်တော်​၏​လူမျိုး​တော်​အစ္စရေး​အပေါင်း​တို့​ဖြစ်စေ ကိုယ့်​ဝေဒနာ​ကိုယ်​သိမှတ်​လျက် ဤ​အိမ်​တော်​သို့​မျက်နှာမူ​ပြီး လက်​ကို​ဆန့်​လျက် ဆုတောင်း​အသနားခံ​လျှင်


ဇေဒကိ​မင်းကြီး နန်းစံ​ကိုး​နှစ်​၊ ဒသမ​လ​၊ ဆယ်​ရက်​နေ့​တွင် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် မိမိ​စစ်သည်​အပေါင်း​တို့​နှင့်တကွ ဂျေရုဆလင်​မြို့​သို့​စစ်ချီလာ​၍ မြို့ပြင်​၌​စခန်းချ​ကြ​၏​။ မြို့​ပတ်ပတ်လည်​၌ မြေကတုတ်​ကို​ဆောက်​ကြ​၏​။


တစ်ဖန် နေ​အောက်​တွင်​ပြု​သော​နှိပ်စက်​မှု​ရှိသမျှ​တို့​ကို ငါ​ပြန်​၍​တွေ့မြင်​၏​။ ကြည့်ရှု​လော့​။ နှိပ်စက်​ခံရ​သော​သူ​တို့​သည် မျက်ရည်​ကျ​သော်လည်း သူ​တို့​ကို​နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။ သူ​တို့​ကို​နှိပ်စက်​သော​သူ​တို့​၏​လက်​တွင် တန်ခိုးအာဏာ​ရှိ​သဖြင့် သူ​တို့​ကို နှစ်သိမ့်ပေး​မည့်​သူ​မ​ရှိ​။


သင်​တို့​လက်​ကို ဖြန့်​သောအခါ သင်​တို့​ထံမှ ငါ​မျက်နှာလွှဲ​မည်​။ သင်​တို့​သည် အကြိမ်ကြိမ်​ဆုတောင်း​ကြ​လျှင်​လည်း ငါ​နား​မ​ထောင်​။ သင်​တို့​လက်​သည် သွေး​စွန်း​လျက်​ရှိ​၏​။


ထာဝရဘုရား​က “​မုန်တိုင်းဒဏ်​အလူးအလိမ့်​ခံရ​၍ နှစ်သိမ့်​ခြင်း​မ​ရ​သော အချင်း​အဖိနှိပ်​ခံရ​သူ​၊ ကြည့်ရှု​လော့​။ သင်​၏​တိုက်​ကို စိမ်းပြာရောင်​ကျောက်​ဖြင့်​တည်​၍ နီလာ​ဖြင့်​အုတ်မြစ်ချ​မည်​။


ငါ့​အမွေ​သည် အရောင်အသွေး​စုံ​သော​သိမ်းငှက်​နှင့်​တူ​၏​။ အခြား​သိမ်းငှက်​တို့​သည် ငါ့​အမွေ​ကို ဝိုင်းဝန်း​တိုက်ခိုက်​ကြ​၏​။ တောရိုင်းတိရစ္ဆာန်​အပေါင်း​တို့​၊ စုဝေး​၍​လာ​ကြ​။ ဝါးမျို​ရန်​လာ​ကြ​။


အို ဂျေရုဆလင်​မြို့​၊ သင့်​ကို​မည်သူ​သနား​မည်နည်း​။ မည်သူ​စာနာထောက်ထား​မည်နည်း​။ မည်သူ​သည် သင့်​အား သာကြောင်းမာကြောင်း လှည့်​၍​နှုတ်ခွန်းဆက်​မည်နည်း​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “ဤ​ပြည်​ရှိ လူ​အယုတ်အမြတ်​၊ အကြီး​အငယ်​မ​ရွေး သေ​ကြ​ရ​မည်​။ သို့သော် သင်္ဂြိုဟ်​ခံရ​မည်​မ​ဟုတ်​။ သူ​တို့​အတွက် ငိုကြွေးမြည်တမ်း​မည့်​သူ​၊ ကိုယ့်​အသား​ကို ကိုယ်​မွှမ်း​မည့်​သူ​၊ ခေါင်းတုံးတုံး​မည့်​သူ ရှိ​မည်​မ​ဟုတ်​။


ထာဝရဘုရား​က ‘အကယ်စင်စစ် ငါ​သည် ရန်သူ​တို့​ကို​အမိန့်ပေး​၍ ဤ​မြို့​သို့ ပြန်လာ​စေ​မည်​။ သူ​တို့​သည် ဤ​မြို့​ကို တိုက်ခိုက်​သိမ်းပိုက်​၍ မီး​ရှို့​ကြ​လိမ့်မည်​။ ငါ​သည် ယုဒ​မြို့ရွာ​တို့​ကို နေထိုင်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


သားဦး​ဖွား​၍ ဝေဒနာ​ခံစား​ရ​သော​မိန်းမ​၏​ညည်းတွား​သံ​ကဲ့သို့ ဇိအုန်​သမီး​၏​အသံ​ကို ငါ​ကြား​ရ​၏​။ သူ​သည် မောဟိုက်​လျက်​၊ လက်​ကို​ဖြန့်ထား​လျက် ‘ငါ​၌ အမင်္ဂလာ​ရှိ​၏​။ လူသတ်သမား​များ​ကြောင့် ငါ့​စိတ်နှလုံး မောပန်း​လှ​သည်’​ဟု ဆို​၏​။


သိုးထိန်း​တို့​သည် မိမိ​တို့​၏​သိုးအုပ်​များ​နှင့်အတူ လာ​၍ ဇိအုန်​မြို့​ပတ်ပတ်လည်​၌ တဲထိုး​ကြ​မည်​။ အသီးသီး မိမိ​စားကျက်​၌ ကျက်စား​ကြ​မည်”​ဟု မိန့်​တော်မူ​၏​။


ငါ​သည် ဖြေမဆည်​နိုင်​လောက်အောင် ဝမ်းနည်း​၏​။ ငါ့​စိတ်နှလုံး​သည် ညှိုးနွမ်း​လျက်​ရှိ​၏​။


ထို့ကြောင့် ငါ​ငိုကြွေး​နေ​ရ​ပြီ​။ ငါ့​မျက်စိ​မှ မျက်ရည်​များ​စီးကျ​ရ​လေ​ပြီ​။ နှစ်သိမ့်ပေး​မည့်​သူ​၊ ငါ့​စိတ်ဝိညာဉ်​ကို ပြန်လည်​အားဖြည့်​ပေး​မည့်​သူ​သည် ငါ​နှင့်​အလှမ်းဝေး​လေ​ပြီ​။ ရန်သူ​က အနိုင်ရ​သောကြောင့် ငါ့​သားသမီး​တို့ ညှိုးငယ်​ရ​လေ​ပြီ​။


ငါ့​ချစ်သူ​တို့​ကို ငါ​ခေါ်​သော်လည်း သူ​တို့​သည် ငါ့​ကို​လှည့်စား​ကြ​လေ​ပြီ​။ ငါ​၏​ယဇ်ပုရောဟိတ်​များ​နှင့်​သက်ကြီးဝါကြီး​တို့​သည် ဆက်လက်​ရှင်သန်​နိုင်​ရန် အစာရေစာ​ရှာဖွေ​ရင်း မြို့​တွင်း​၌ပင် သေဆုံး​ကြ​လေ​ပြီ​။


သူ​သည် တစ်ညလုံး ခါးသီး​စွာ​ငိုကြွေး​နေ​ရ​ပြီ​။ သူ့​ပါးပြင်​ပေါ်တွင် မျက်ရည်​များ စိုရွှဲ​နေ​ပြီ​။ သူ့​ချစ်သူ​တို့​လည်း သူ့​ကို မ​နှစ်သိမ့်​ကြ​။ သူ့​မိတ်ဆွေ​အပေါင်း​တို့​က​လည်း သူ့​ကို​သစ္စာဖောက်​ပြီး ရန်သူ​ဖြစ်သွား​ကြ​ပြီ​။


အကျွန်ုပ်​ညည်းတွား​သံ​ကို ကြား​သော်လည်း အကျွန်ုပ်​ကို နှစ်သိမ့်ပေး​မည့်​သူ တစ်ယောက်​မျှ​မ​ရှိ​ပါ​။ အကျွန်ုပ်​ဒုက္ခ​ရောက်​ကြောင်း​ကို အကျွန်ုပ်​၏​ရန်သူ​အပေါင်း​တို့ ကြား​ကြ​ပါ​ပြီ​။ ကိုယ်တော် ဤသို့​ပြု​တော်မူ​သည်​ကို သူ​တို့ နှစ်သက်အားရ​ကြ​ပါ​၏​။ ကိုယ်တော်​မိန့်ဆို​ထား​သော​နေ့ရက် ရောက်လာ​ပါစေ​။ သူ​တို့​သည် အကျွန်ုပ်​ကဲ့သို့ ဖြစ်​ကြ​ပါစေ​။


ဂျေရုဆလင်​မြို့​သည် အပြစ်​ကျူးလွန်​လေ​ပြီ​။ ထို့ကြောင့် ရွံရှာဖွယ်​ဖြစ်​လေ​ပြီ​။ သူ့​ကို​ဂုဏ်ပြုချီးမွမ်း​သော​သူ​ရှိသမျှ​တို့​သည် သူ​၌​အဝတ်မပါ​အချည်းစည်း​ဖြစ်​နေ​သည်​ကို​မြင်​သဖြင့် သူ့​ကို​စက်ဆုပ်ရွံရှာ​ကြ​လေ​ပြီ​။ သူ​သည်​လည်း ညည်းတွား​လျက် လှည့်ထွက်​သွား​လေ​ပြီ​။


သူ​၏​အညစ်အကြေး​သည် သူ့​အဝတ်​၌​စွန်း​နေ​ပြီ​။ သူ​၏​နိဂုံး​ကို သူ​မ​ဆင်ခြင်​မိ​ခဲ့​။ သူ​သည် အံ့ဩဖွယ်​ပြိုလဲ​သွား​လေ​ပြီ​။ သူ့​ကို နှစ်သိမ့်​ပေး​မည့်​သူ​လည်း​မ​ရှိ​။ အို ထာဝရဘုရား​၊ ရန်သူ​တို့​သည် အကျွန်ုပ်​ကို အောင်နိုင်​ကြ​ပြီ​။ အကျွန်ုပ်​ခံရ​သော ဆင်းရဲဒုက္ခ​ကို ကြည့်ရှု​တော်မူ​ပါ​။


လူ​တို့​က​လည်း သူ​တို့​အား “​ထွက်သွား​ကြ​၊ မစင်ကြယ်​သော​သူ​တို့​၊ ထွက်သွား​ကြ​၊ ထွက်သွား​ကြ​။ ငါ​တို့​ကို မ​ထိ​နှင့်​”​ဟု ဟစ်အော်​ကြ​၏​။ သူ​တို့​လည်း ထွက်သွား​၍ လှည့်လည်​သွားလာ​ကြ​ရ​၏​။ လူမျိုးတကာ​တို့​က​လည်း “​ငါ​တို့​နှင့်အတူ မ​နေ​ကြ​တော့​နှင့်​”​ဟု ဆို​ကြ​၏​။


“​အချင်း​လူသား​၊ အစ္စရေး​အမျိုး​တို့​သည် မိမိ​တို့​ပြည်​၌​နေထိုင်​စဉ်က သူ​တို့​၏​အပြုအမူ​အကျင့်အကြံ​များ​ဖြင့် ပြည်​ကို​ညစ်ညူး​စေ​ကြ​၏​။ သူ​တို့​၏​အပြုအမူ​အကျင့်အကြံ​တို့​သည် ဓမ္မတာလာ​သော​မိန်းမ မစင်ကြယ်​သကဲ့သို့​ဖြစ်​၏​။


အစ္စရေး ဝါးမျို​ခံရ​လေ​ပြီ​။ သူ​တို့​သည် လူမျိုးခြား​တို့​အလယ်​တွင် မည်သူ​မျှ​အလို​မ​ရှိ​သော​တန်ဆာပလာ​ကဲ့သို့ ဖြစ်​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ