တရားဟော 32:27 - မြန်မာ့စံမီသမ္မာကျမ်း27 သို့သော် သူတို့ကိုရန်ပြုသောသူတို့၏ရန်သူတို့သည် ထောင်လွှားလာပြီး “ဤအမှုအလုံးစုံကို ထာဝရဘုရားပြုတော်မူသည်မဟုတ်၊ ငါတို့လက်ဖြင့် အောင်မြင်ခဲ့သည်”ဟု အထင်လွဲ၍ ဆိုလာမည်ကို စိုးရိမ်၏’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible27 သို့ရာတွင်သူတို့၏ရန်သူများသည်မိမိ တို့၏ အစွမ်းကြောင့် ငါ၏လူမျိုးတော်ကိုအောင်မြင်သည်ဟူ၍ ဝါကြွားခွင့်ကိုငါပေးမည်မဟုတ်။' အခန်းကိုကြည့်ပါ။Judson Bible27 ရန်ဘက်ပြုသောသူတို့သည် ထောင်လွှားလျက်၊ ဤအမှုအလုံးစုံကို ထာဝရဘုရားမပြု၊ ဘုန်းကြီးသောငါတို့လက်ရုံးပြပြီဟု ပြောမည်ကို စိုးရိမ်စရာမရှိလျှင်လည်းကောင်း၊ သူတို့ကို မြေကြီးစွန်းတိုင်အောင် အရပ်ရပ်သို့ကွဲပြားစေ၍၊ အဘယ်သူမျှ မအောက်မေ့စေခြင်းငှာ ပယ်ရှင်းမည်ဟု ငါအကြံရှိ၏။ အခန်းကိုကြည့်ပါ။ |
အီဂျစ်လူမျိုးတို့က ‘ကိုယ်တော်သည် တောတောင်များထဲ၌ အစ္စရေးလူမျိုးတို့ကိုကွပ်မျက်၍ မြေကြီးပေါ်မှသုတ်သင်ရန်အတွက် မကောင်းသောရည်ရွယ်ချက်ဖြင့် ထုတ်ဆောင်တော်မူခဲ့သည်’ဟု အဘယ်ကြောင့်ပြောဆိုကြရမည်နည်း။ ကိုယ်တော်၏ပြင်းထန်သောအမျက်တော်ပြေ၍ ကိုယ်တော်၏လူမျိုးတော်အပေါ်ကျရောက်စေမည့်ဘေးအန္တရာယ်မှ စိတ်ပြောင်းလဲတော်မူပါ။
ထိုအခါ ဘုရားသခင်၏လူသည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်က ‘ထာဝရဘုရားသည် တောင်ကိုပိုင်သောဘုရားသာဖြစ်၏။ လွင်ပြင်ကိုပိုင်သောဘုရား မဟုတ်ပါ’ဟု ဆိုလေပြီ။ ထို့ကြောင့် ဤစစ်သည်ထုကြီးကို သင့်လက်သို့ ငါအပ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရလိမ့်မည်ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။