အကြောင်းမူကား သူ့ခြေတို့သည် ပိုက်ကွန်နှင့်ငြိ၍ သူသည်လည်း ကွန်ရက်ထဲတွင် လည်နေလိမ့်မည်။
မြည်တမ်းစကား 1:13 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ကောင်းကင်မှမီးကို စေလွှတ်၍ ငါ့အရိုးများကို လောင်ကျွမ်းစေတော်မူပြီ။ ငါ့ခြေရှေ့၌ ပိုက်ကွန်ကိုဖြန့်ထားပြီ။ ငါ့ကိုနောက်သို့ပြန်လှည့်စေတော်မူပြီ။ ငါ့ကို အထီးကျန်စေတော်မူ၍ ငါသည် တစ်နေ့လုံး ညှိုးငယ်လျက်နေရပါပြီ။ Common Language Bible ``ကိုယ်တော်သည်အထက်မှမီးကို စေလွှတ်တော်မူသဖြင့်ထိုမီးသည်ငါ၏ကိုယ်ခန္ဓာ အတွင်း၌တောက်လောင်လျက်ရှိပါ၏။ ကိုယ်တော်သည်ငါ့အားထောင်ချောက်ထောင်၍ ဖမ်းပြီးလျှင်မြေပေါ်သို့လှဲချတော်မူပါ၏။ ထိုနောက်စွန့်ပစ်တော်မူကာတစ်နေ့လုံး ဝေဒနာခံ၍နေစေတော်မူပါ၏။'' Garrad Bible ကိုယ် တော် သည် ငါ့ အ ရိုး များ၌ စွဲ လောင် သော မီး ဘေး ကို၊ အ ထက် မှ သင့် စေ တော် မူ ပြီ။ ငါ့ ခြေ ကို ကျော့ မိ စေ ခြင်း ငှာ၊ ပိုက် ကွန် ဖြန့် ချ ၍ ငါ့ ကို တွန်း လှန် လျက်၊ နေ့ ရှိ သ မျှ အံ့ ဩ မူး မော် စေ တော် မူ ပြီ။ Judson Bible အထက်မှမီးကို ငါ့အရိုးထဲသို့ လွှတ်လိုက်၍ ကြေမွေစေတော်မူပြီ။ ငါ့ခြေကို ကျော့မိစေခြင်းငှာ ကျော့ကွင်းထောင်၍ ငါ့ကိုပြန်စေတော်မူပြီ။ တစ်နေ့လုံးညှိုးငယ်ခြင်းအကြောင်း၊ စိတ်ပျက်ခြင်းအကြောင်းကို ငါ၌ ဖြစ်စေတော်မူ၏။ |
အကြောင်းမူကား သူ့ခြေတို့သည် ပိုက်ကွန်နှင့်ငြိ၍ သူသည်လည်း ကွန်ရက်ထဲတွင် လည်နေလိမ့်မည်။
သင်တို့သိထားရမည်မှာ ဘုရားသခင်သည် ငါ့အမှုကို ကောက်စေတော်မူ၍ ငါ့ပတ်ပတ်လည်တွင် ထောင်ချောက်များဖြင့် ဝိုင်းရံစေတော်မူ၏။
ငါ့အရေပြားများ ညိုမဲသွားပြီး ကွာကျကုန်ပါပြီ။ ငါ့ကိုယ်ခန္ဓာသည်လည်း အဖျားကြောင့် ပူခြစ်လျက်ရှိပါ၏။
ဇိအုန်ကိုမုန်းသောသူရှိသမျှတို့သည် အရှက်ကွဲလျက် နောက်သို့ပြန်ဆုတ်ကြရပါစေ။
မောက်မာသောသူတို့သည် ကြိုးများဖြင့် အကျွန်ုပ်အတွက်ကျော့ကွင်းကို လျှို့ဝှက်စွာထောင်ထားကြပါ၏။ သူတို့သည် လမ်းပေါ်တွင်ပိုက်ကွန်ကိုဖြန့်ထားလျက် အကျွန်ုပ်အတွက် ထောင်ချောက်များဆင်ထားကြပါ၏။(စေလာ)
အကျွန်ုပ်သည် ရေကဲ့သို့သွန်ချခြင်းခံရ၍ အကျွန်ုပ်၏အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကုန်ပါ၏။ အကျွန်ုပ်၏နှလုံးသည် ဖယောင်းကဲ့သို့ဖြစ်၍ အကျွန်ုပ်ရင်ထဲ၌ အရည်ပျော်သွားပါ၏။
အကြောင်းမူကား အကျွန်ုပ်၏အသက်တာသည် ဝမ်းနည်းခြင်းဖြင့်လည်းကောင်း၊ အကျွန်ုပ်၏နှစ်ကာလတို့သည် ညည်းတွားခြင်းဖြင့်လည်းကောင်း ကုန်လွန်ခဲ့ပါပြီ။ အကျွန်ုပ်၏ဒုစရိုက်ကြောင့် အကျွန်ုပ်၏ခွန်အားသည် ချည့်နဲ့သွား၍ အကျွန်ုပ်၏အရိုးတို့သည် အားလျော့ကြပါပြီ။
အကျွန်ုပ်အသက်ကိုရန်ရှာသောသူတို့သည် အရှက်ကွဲ၍ အသရေပျက်ကြရပါစေသော။ အကျွန်ုပ်ဒုက္ခရောက်ရန်ကြံစည်သောသူတို့သည် နောက်သို့ပြန်ဆုတ်၍ မျက်နှာပျက်ကြရပါစေသော။
အကျွန်ုပ်သည် အားလျော့လျက် လုံးလုံးကြေမွရပါ၏။ အကျွန်ုပ်စိတ်နှလုံးပူဆွေးသဖြင့် အော်ဟစ်နေရပါ၏။
ကိုယ်တော်သည် အကျွန်ုပ်တို့ကို ပိုက်ကွန်ထဲသို့ကျစေ၍ အကျွန်ုပ်တို့၏ကျောပေါ်တွင် ဝန်ထုပ်ကိုတင်တော်မူပြီ။
အစိမ်းလိုက်ဖြစ်စေ၊ ရေဖြင့်ပြုတ်၍ဖြစ်စေ မစားရ။ ဦးခေါင်းနှင့်တကွ ခြေထောက်နှင့် အူတို့ကို မီးကင်ပြီးမှစားရမည်။
ရုပ်တုဆင်းတုကို ကိုးစားလျက် ရုပ်တုအား “အရှင်သည် အကျွန်ုပ်တို့၏ဘုရားဖြစ်၏”ဟု ဆိုသောသူတို့သည် နောက်ပြန်ဆုတ်၍ အရှက်တကွဲအကျိုးနည်းဖြစ်ရကြလိမ့်မည်။
ထို့ကြောင့် ငါ့အမျက်ဒေါသမီးကို ငါသွန်ချသဖြင့် ယုဒမြို့ရွာများနှင့် ဂျေရုဆလင်မြို့လမ်းတို့ကို လောင်ကျွမ်းလေပြီ။ ယခုကဲ့သို့ ပြိုပျက်ရာအရပ်၊ လူသူကင်းမဲ့ရာအရပ် ဖြစ်လေပြီ’ဟု မိန့်တော်မူ၏။
သူတို့ပြုသောမကောင်းမှုအလုံးစုံတို့သည် ကိုယ်တော်၏ရှေ့တော်သို့ ရောက်ပါစေ။ အကျွန်ုပ်ကျူးလွန်မိသောအပြစ်အလုံးစုံအတွက် အကျွန်ုပ်ခံရသကဲ့သို့ သူတို့ကိုလည်း ခံရစေပါ။ အကျွန်ုပ်အလွန်ညည်းတွားရသည်ဖြစ်၍ စိတ်နှလုံးညှိုးနွမ်းလျက်ရှိပါ၏။
ငါ့ကို လမ်းလွဲစေ၍ အပိုင်းပိုင်းဆွဲဖြတ်တော်မူပြီ။ ငါ့ကို အထီးကျန်စေတော်မူပြီ။
ထိုအမှုကြောင့် အကျွန်ုပ်တို့၏စိတ်နှလုံးသည် ညှိုးငယ်လေပြီ။ ထိုအမှုများကြောင့် အကျွန်ုပ်တို့၏မျက်စိသည် မှုန်ဝါးလေပြီ။
ထိုမင်းကို ပိုက်ကွန်နှင့်အုပ်သဖြင့် သူသည် ပိုက်ကွန်၌မိလိမ့်မည်။ သူ့ကို ခါလဒဲပြည်၊ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားမည်ဖြစ်သော်လည်း ထိုမြို့ကို သူမြင်ခွင့်ရမည်မဟုတ်။ ထိုမြို့တွင်ပင် သူသေရလိမ့်မည်။
ငါသည် သူ့ကိုပိုက်ကွန်နှင့်အုပ်သဖြင့် သူသည် ပိုက်ကွန်၌မိလိမ့်မည်။ သူ့ကို ဘေဘီလုံပြည်သို့ခေါ်ဆောင်သွားမည်။ သူသည် ဖောက်ပြန်၍ ငါ့ကိုပြစ်မှားသောကြောင့် ထိုအရပ်၌ပင် သူ့ကို ငါစစ်ကြောစီရင်မည်။
ဘုရားရှင်ထာဝရဘုရားက ‘ငါသည် များစွာသောလူအလုံးအရင်းနှင့်အတူ သင့်ကို ငါ့ပိုက်ကွန်ဖြင့် အုပ်မည်။ သူတို့သည် ထိုပိုက်ကွန်ဖြင့် သင့်ကိုဆွဲယူကြလိမ့်မည်။
သူတို့သွားလေရာရာသို့ ငါ့ပိုက်ကွန်ဖြင့် လိုက်အုပ်မည်။ မိုးကောင်းကင်ငှက်ကဲ့သို့ သူတို့ကို ဆွဲချမည်။ သူတို့လူအုပ်ကြီးကို သတိပေးခဲ့သည့်အတိုင်း သူတို့ကို ငါဒဏ်ခတ်မည်။
ကိုယ်တော်၏အမျက်တော်ရှေ့၌ မည်သူရပ်နိုင်မည်နည်း။ ကိုယ်တော်၏ပြင်းစွာသောအမျက်တော်ကို မည်သူကြံ့ကြံ့ခံနိုင်မည်နည်း။ အမျက်တော်ကို မီးကဲ့သို့သွန်ချတော်မူလျှင် ရှေ့တော်၌ ကျောက်ဆောင်များ ပြိုကျကုန်ပါ၏။
အကျွန်ုပ်သည် အသံတော်ကိုကြားရသောအခါ ရင်တုန်ရပါ၏၊ အသံတော်ကြောင့် နှုတ်ခမ်းလည်း တုန်ခါပါ၏။ အရိုးများလည်း ဆွေးမြည့်ပါ၏။ ခြေများလည်း မခိုင်တော့ပါ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခရောက်၍ အကျွန်ုပ်တို့အား ကျူးကျော်တိုက်ခိုက်သောလူမျိုးတို့ရောက်လာသောနေ့တိုင်အောင် အကျွန်ုပ်သည် နေရစ်ရပါမည်။
သင်သည် ထိုလူမျိုးတို့အလယ်တွင် သက်သာရာမရ၊ နားစရာနေရာ ခြေတစ်ဖဝါးစာမျှ မရှိ။ ထိုအရပ်၌ ထာဝရဘုရားသည် သင့်ကို စိတ်နှလုံးကြောင့်ကြခြင်း၊ မျက်စိအားလျော့ခြင်း၊ စိတ်ပျက်ဝမ်းနည်းခြင်း ဖြစ်စေတော်မူမည်။
ထိုအခါ ကိုယ်တော်သည် ဘုရားသခင်ကိုမသိသောသူတို့နှင့် ငါတို့သခင်ယေရှု၏ကောင်းမြတ်သောသတင်းကို မနာခံသောသူတို့အား တရားသဖြင့်စီရင်တော်မူလိမ့်မည်။