ဟေရှာယ 42:17 - မြန်မာ့စံမီသမ္မာကျမ်း17 ရုပ်တုဆင်းတုကို ကိုးစားလျက် ရုပ်တုအား “အရှင်သည် အကျွန်ုပ်တို့၏ဘုရားဖြစ်၏”ဟု ဆိုသောသူတို့သည် နောက်ပြန်ဆုတ်၍ အရှက်တကွဲအကျိုးနည်းဖြစ်ရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible17 ရုပ်တုများကိုယုံကြည်ကိုးစားကြသူတို့သည် လည်းကောင်း၊ ရုပ်တုများကိုမိမိတို့၏ဘုရားဟုခေါ်ဝေါ်ကြ သူတို့သည်လည်းကောင်း ရှုတ်ချခြင်းကိုခံရ၍အသရေပျက်ကြလိမ့် မည်။'' အခန်းကိုကြည့်ပါ။Garrad Bible17 ရုပ် ပွား ဆင်း တု တို့ အား၊ အ ကျွန်ုပ် တို့ ဘု ရား ဟု ဝန် ခံ လျက် ကိုး စား သူ တို့ မူ ကား ဆုတ် လန် ခြင်း၊ ကြီး စွာ အ ရှက် ကွဲ ခြင်း ကို ခံ ရ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible17 ရုပ်တုဆင်းတုကို ခိုလှုံ၍၊ ကိုယ်တော်သည် အကျွန်ုပ်တို့၏ဘုရားဖြစ်တော်မူ၏ဟု သွန်းသော ရုပ်တုတို့အား ဆိုသောသူတို့သည် လှန်ခြင်းကိုခံရ၍၊ အလွန် အရှက်ကွဲခြင်းသို့ ရောက်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူတို့အား ငါမိန့်မှာထားသောလမ်းမှ အလျင်အမြန်လွဲသွားကြပြီ။ သူတို့သည် မိမိတို့အဖို့ နွားသငယ်ရုပ်တုကို သွန်းလုပ်၍ ရှိခိုးကိုးကွယ်ကြပြီ။ ထိုရုပ်တုအား ယဇ်ပူဇော်၍ ‘အို အစ္စရေးလူမျိုး၊ ဤသည်ကား သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသော သင်တို့၏ဘုရားဖြစ်သည်’ဟူ၍ ပြောဆိုကြလေပြီ”ဟု မိန့်တော်မူ၏။