ဒါဝိဒ်မင်းကြီးက ဂိဗောင်မြို့သားတို့အား “ယခု သင်တို့အဖို့ ငါ မည်သို့ပြုပေးရမည်နည်း။ ထာဝရဘုရား၏အမွေတော်ကို သင်တို့ကောင်းချီးပေးကြဖို့ ငါ မည်သို့အပြစ်ဖြေရမည်နည်း”ဟု မေးလျှင်
မိက္ခာ 6:6 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ထာဝရဘုရားထံ မည်သည့်အရာ ယူလာပြီး အမြင့်ဆုံးသောဘုရားသခင်ကို ရှိခိုးရမည်နည်း။ အထံတော်သို့ တစ်နှစ်သားအရွယ်နွားသငယ်ကို မီးရှို့ရာယဇ်အဖြစ် ယူလာရမည်လော။ Common Language Bible ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရ ဘုရားထံတော်သို့ဝတ်ပြုကိုးကွယ်ရန်လာ သောအခါ ငါသည်မည်သည့်ပူဇော်သကာကို ယူဆောင်ခဲ့ရပါမည်နည်း၊ ဆူဖြိုးသောနွား ကလေးကိုမီးရှို့ပူဇော်ရန်ယူဆောင်ခဲ့ရ ပါမည်လော၊- Garrad Bible ငါ သည်၊ ထာ ဝ ရ ဘု ရား ထံ တိုး ဝင် လျက်၊ ကောင်း ကင် ဘ ဝဂ် စံ ဘု ရား သ ခင် ရှေ့ မည် သို့ ဦး ညွတ် ထိုက် သ နည်း။ မီး ရှို့ ရာ သက္ကာ များ ကို သော်လည်း ကောင်း၊ အ ခါ လည် သော နွား သား ငယ် များ ကို သော်လည်း ကောင်း၊ တင် သွင်း၍ တိုး ဝင် အပ် သ လော။ Judson Bible ငါသည် ထာဝရဘုရားရှေ့တော်သို့ အဘယ်ပူဇော်သကာပါလျက် ချဉ်းကပ်၍၊ အမြင့်ဆုံးသော ဘုရားသခင့်ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။ မီးရှို့ရာယဇ်နှင့် အခါလည်သော နွားသငယ်တို့ကို ဆောင်လျက် ချဉ်းကပ်ရမည်လော။ |
ဒါဝိဒ်မင်းကြီးက ဂိဗောင်မြို့သားတို့အား “ယခု သင်တို့အဖို့ ငါ မည်သို့ပြုပေးရမည်နည်း။ ထာဝရဘုရား၏အမွေတော်ကို သင်တို့ကောင်းချီးပေးကြဖို့ ငါ မည်သို့အပြစ်ဖြေရမည်နည်း”ဟု မေးလျှင်
ငါ့အပေါ် ထာဝရဘုရားပြုတော်မူသော ကျေးဇူးအပေါင်းတို့အတွက် ကိုယ်တော်ကို ငါမည်သို့ပြန်ဆပ်နိုင်မည်နည်း။
ကမ္ဘာမြေကြီးပေါ်ရှိ ကြွယ်ဝသောသူအပေါင်းတို့သည် စားသောက်လျက် ရှိခိုးကိုးကွယ်ကြလိမ့်မည်။ မိမိ၏စိတ်ဝိညာဉ်ကို မရှင်သန်စေနိုင်ဘဲ မြေမှုန့်သို့ဆင်းသွားရသောသူရှိသမျှတို့သည် ကိုယ်တော်၏ရှေ့တော်၌ ညွတ်တွားကြလိမ့်မည်။
ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ကိုယ်တော်၏ရှေ့တော်သို့ဝင်၍ တေးသီချင်းများဖြင့် ကိုယ်တော့်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြကုန်စို့။
လာကြ၊ ရှိခိုးကိုးကွယ်ကြစို့။ ညွတ်တွားကြကုန်စို့။ ငါတို့ကိုဖန်ဆင်းတော်မူသော ထာဝရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်စို့။
သင်တို့ယူသောအကောင်သည် အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်အထီးဖြစ်ရမည်။ သိုး၊ သို့မဟုတ် ဆိတ်တို့ထဲမှ ယူနိုင်၏။
တဆေးမဲ့မုန့်ပွဲတော်ကို စောင့်ထိန်းရမည်။ အဗိဗလ၌ အီဂျစ်ပြည်မှ သင်ထွက်လာသည်ဖြစ်၍ သင့်အားငါမိန့်မှာထားသည့်အတိုင်း သတ်မှတ်ထားသောအချိန်၊ အဗိဗလ၌ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရမည်။ ငါ့ရှေ့မှောက်သို့ မည်သူမျှ လက်ချည်းသက်သက်မလာရ။
ဆိုးယုတ်သောသူတို့၏ယဇ်ကောင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့၏ဆုတောင်းချက်ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
ထာဝရဘုရားသည် ယဇ်ပူဇော်ခြင်းထက် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို ပို၍နှစ်သက်တော်မူ၏။
လက်ဘနွန်တောသည် မီးမွှေးရန်မလုံလောက်။ ထိုတောရှိတောရိုင်းတိရစ္ဆာန်တို့သည်လည်း မီးရှို့ရာယဇ်အတွက်မလုံလောက်။
ငါ့ထံ သင်တို့ယူလာသော ရှေဘပြည်မှလော်ဗန်၊ ဝေးသောပြည်မှမွှေးကြိုင်သောခါနဲကို ငါဘာလုပ်ရမည်နည်း။ သင်တို့၏မီးရှို့ရာယဇ်ကို ငါလက်မခံ။ သင်တို့၏ပူဇော်သက္ကာကို ငါမနှစ်သက်”ဟု မိန့်တော်မူ၏။
ပြည်သူပြည်သားတို့သည် သတ်မှတ်ထားသောပွဲတော်အချိန်တွင် ထာဝရဘုရားရှေ့တော်သို့ လာရောက်ပျပ်ဝပ်ရှိခိုးကြသောအခါ မြောက်ဘက်မုခ်ဆောင်မှ ဝင်သောသူသည် တောင်ဘက်မုခ်ဆောင်မှ ပြန်ထွက်ရမည်။ တောင်ဘက်မုခ်ဆောင်မှ ဝင်သောသူသည် မြောက်ဘက်မုခ်ဆောင်မှ ပြန်ထွက်ရမည်။ ဝင်လာသောမုခ်ဆောင်မှ ပြန်မထွက်ရ။ ဆန့်ကျင်ဘက်မုခ်ဆောင်မှ ထွက်ရမည်။
ထို့နောက် နေဗုခဒ်နေဇာမင်းကြီးသည် မီးတောက်နေသောမီးပြင်းဖိုအဝသို့ သွား၍ “အမြင့်ဆုံးသောဘုရားသခင်၏ကျွန် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ ထွက်လာကြလော့။ မီးထဲမှ ထွက်လာကြလော့”ဟု မိန့်ဆို၏။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကလည်း မီးထဲမှ ထွက်လာကြ၏။
“အို မှော်ဆရာချုပ်ကြီးဗေလတရှာဇာ၊ သင်၌ သန့်ရှင်းသောဘုရားများ၏ဝိညာဉ်တည်သောကြောင့် မည်သည့်နက်နဲသောအရာမျှ သင့်အတွက် မခက်ခဲကြောင်းကို ငါသိ၏။ ထို့ကြောင့် စိတ်အာရုံတွင် ငါမြင်မက်သောအိပ်မက်နှင့် အနက်အဓိပ္ပာယ်ကို ဖော်ပြပါလော့။
အို အရှင်မင်းကြီး၊ အမြင့်ဆုံးသောဘုရားသခင်သည် အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးအား နိုင်ငံတော်နှင့်တကွ ဘုန်းတန်ခိုး၊ ဂုဏ်သရေ၊ ခန့်ညားထည်ဝါမှုတို့ကို ပေးတော်မူ၏။
သူသည် လူ့အသိုင်းအဝိုင်းထဲမှ နှင်ထုတ်ခြင်းခံရ၍ သူ၏စိတ်သည် တိရစ္ဆာန်စိတ်ကဲ့သို့ဖြစ်လာပြီး မြည်းရိုင်းတို့နှင့်အတူ နေခဲ့ရပါ၏။ အမြင့်ဆုံးသောဘုရားသခင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း သူသိမှတ်သည့်တိုင်အောင် သူသည် နွားကဲ့သို့မြက်ကိုစား၍ ကိုယ်သည်လည်း မိုးကောင်းကင်နှင်းများနှင့် စို၍နေခဲ့ရပါ၏။
ထာဝရဘုရားသည် သူတို့ကို စွန့်ခွာတော်မူပြီဖြစ်၍ သိုးအုပ်၊ နွားအုပ်တို့ဖြင့် ထာဝရဘုရားကို သွား၍ရှာဖွေကြသော်လည်း သူတို့ တွေ့ကြရမည်မဟုတ်။
သင်တို့ပူဇော်သော မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာတို့ကို ငါလက်ခံမည်မဟုတ်။ ဆူဖြိုးသောယဇ်ကောင်တို့ကို မိတ်သဟာယယဇ်အဖြစ် ပူဇော်လျှင်လည်း ငါအရေးစိုက်မည်မဟုတ်။
မီးရှို့ရာယဇ်အတွက် နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်၊ တစ်နှစ်သားအရွယ် သိုးသငယ်တစ်ကောင်၊
ထို့နောက် လူတစ်ဦးသည် အထံတော်သို့ချဉ်းကပ်လာ၍ “ဆရာ၊ ထာဝရအသက်ကိုရရှိရန် အကျွန်ုပ်သည် မည်သည့်ကောင်းမြတ်သောအမှုကို ပြုရပါမည်နည်း”ဟု မေးလျှောက်လေ၏။
ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတို့ဖြင့်ချစ်၍ ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ခြင်းသည်လည်း မီးရှို့ရာယဇ်နှင့် ယဇ်ပူဇော်ခြင်းအပေါင်းတို့ထက် သာ၍မြတ်ပါ၏”ဟု လျှောက်လေ၏။
“အမြင့်ဆုံးသောဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်နှင့် အကျွန်ုပ်မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကိုမညှဉ်းဆဲပါရန် ဘုရားသခင်ကိုအမှီပြု၍ ကိုယ်တော်အား အကျွန်ုပ်အလေးအနက်တောင်းပန်ပါ၏”ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်လျှောက်ထားလေ၏။
တစ်ခါက ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ထ၍ “ဆရာ၊ ထာဝရအသက်ကိုအမွေဆက်ခံရန် မည်သည့်အမှုကို အကျွန်ုပ်ပြုရပါမည်နည်း”ဟု ကိုယ်တော်ကိုအကဲစမ်း၍မေးလျှောက်လေ၏။
ယေရှုကလည်း“သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့ငါ့ကိုရှာကြသည်မှာ နိမိတ်လက္ခဏာများကိုမြင်ရသောကြောင့်မဟုတ်။ မုန့်ကိုစား၍ဝသောကြောင့်သာဖြစ်၏။
ထိုမိန်းမသည် ပေါလုနှင့်ငါတို့နောက်သို့ လိုက်လာ၍ “ဤသူတို့သည် အမြင့်ဆုံးသောဘုရားသခင်၏အစေအပါးများဖြစ်ကြပြီး သင်တို့အား ကယ်တင်ခြင်းတရားလမ်းကိုဟောပြောနေသူများဖြစ်ကြ၏”ဟု အော်ဟစ်လေ၏။
ထို့နောက် သူတို့ကို အပြင်သို့ထုတ်ဆောင်ကာ “အရှင်တို့၊ ကယ်တင်ခြင်းခံရရန် အကျွန်ုပ်မည်သည့်အရာကိုပြုရပါမည်နည်း”ဟု မေးလေ၏။
လူတို့သည် ထိုစကားကိုကြားရသောအခါ စိတ်နှလုံးထဲ၌ စူးနစ်စွာခံစားရလျက် ပေတရုနှင့်အခြားသောတမန်တော်တို့အား “ညီအစ်ကိုတို့၊ ငါတို့မည်သို့ပြုရမည်နည်း”ဟု မေးမြန်းကြ၏။
ဤအကြောင်းကြောင့် ငါသည် ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ရှိသမျှသောမိသားစုတို့အမည်နာမခံယူရရှိရာဖြစ်တော်မူသော အဖခမည်းတော်ထံ ဒူးထောက်လျက်
ယဇ်ပုရောဟိတ်အားလုံးသည် နေ့စဉ်ရပ်လျက် ဝတ်ပြုကာ အပြစ်များကိုမဖယ်ရှားနိုင်သည့် တူညီသောယဇ်ကို အကြိမ်ကြိမ်ပူဇော်နေကြ၏။
ရှမွေလကလည်း “ထာဝရဘုရား၏စကားတော်ကို နာခံခြင်းထက် မီးရှို့ရာယဇ်ပူဇော်ခြင်းကို ထာဝရဘုရား ပို၍နှစ်သက်တော်မူမည်လော။ ကြည့်ရှုလော့။ နာခံခြင်းသည် ယဇ်ပူဇော်ခြင်းထက် ပို၍ကောင်း၏။ အာရုံစိုက်နားထောင်ခြင်းသည် သိုးထီးအဆီထက် ပို၍ကောင်း၏။