မိက္ခာ 6:6 - Common Language Bible6 ကောင်းကင်ဘုံရှင်ဘုရားသခင်ထာဝရ ဘုရားထံတော်သို့ဝတ်ပြုကိုးကွယ်ရန်လာ သောအခါ ငါသည်မည်သည့်ပူဇော်သကာကို ယူဆောင်ခဲ့ရပါမည်နည်း၊ ဆူဖြိုးသောနွား ကလေးကိုမီးရှို့ပူဇော်ရန်ယူဆောင်ခဲ့ရ ပါမည်လော၊- အခန်းကိုကြည့်ပါ။Garrad Bible6 ငါ သည်၊ ထာ ဝ ရ ဘု ရား ထံ တိုး ဝင် လျက်၊ ကောင်း ကင် ဘ ဝဂ် စံ ဘု ရား သ ခင် ရှေ့ မည် သို့ ဦး ညွတ် ထိုက် သ နည်း။ မီး ရှို့ ရာ သက္ကာ များ ကို သော်လည်း ကောင်း၊ အ ခါ လည် သော နွား သား ငယ် များ ကို သော်လည်း ကောင်း၊ တင် သွင်း၍ တိုး ဝင် အပ် သ လော။ အခန်းကိုကြည့်ပါ။Judson Bible6 ငါသည် ထာဝရဘုရားရှေ့တော်သို့ အဘယ်ပူဇော်သကာပါလျက် ချဉ်းကပ်၍၊ အမြင့်ဆုံးသော ဘုရားသခင့်ရှေ့တော်၌ ကိုးကွယ်ရမည်နည်း။ မီးရှို့ရာယဇ်နှင့် အခါလည်သော နွားသငယ်တို့ကို ဆောင်လျက် ချဉ်းကပ်ရမည်လော။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ငါသည် ထာဝရဘုရားထံ မည်သည့်အရာ ယူလာပြီး အမြင့်ဆုံးသောဘုရားသခင်ကို ရှိခိုးရမည်နည်း။ အထံတော်သို့ တစ်နှစ်သားအရွယ်နွားသငယ်ကို မီးရှို့ရာယဇ်အဖြစ် ယူလာရမည်လော။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍နေဗုခဒ်နေဇာမင်းသည် ပြင်းစွာ အလျှံထလျက်နေသောမီးဖိုကြီးအဝ သို့ချဉ်းကပ်ပြီးလျှင်``အမြင့်မြတ်ဆုံးသော ဘုရားသခင်၏အစေခံရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါတို့၊ မီးဖိုထဲမှထွက်လာ ကြလော့'' ဟုမိန့်တော်မူ၏။ ထိုအခါသူတို့ သည်ချက်ချင်းပင်ထွက်လာကြ၏။-
သူသည်လူ့အသိုင်းအဝိုင်းမှနှင်ထုတ်ခြင်း ကိုခံရကာတိရစ္ဆာန်စိတ်ပေါက်၍လာလေ သည်။ မြည်းရိုင်းတို့နှင့်အတူနေထိုင်၍နွား ကဲ့သို့မြက်ကိုစားခဲ့ရပါ၏။ အကွယ် အကာမရှိဘဲဆီးနှင်းတောတွင်စက်တော် ခေါ်ခဲ့ရလေသည်။ နောက်ဆုံး၌အမြင့်မြတ် ဆုံးသောဘုရားသခင်သည်လောကီနိုင်ငံ တို့ကိုအစိုးရတော်မူ၍ မိမိအလိုရှိသူ မည်သူအားမဆိုဤနိုင်ငံများကိုပေး တော်မူနိုင်ကြောင်းကိုမင်းကြီးဝန်ခံတော် မူခဲ့ပါ၏။-
ငါကသူ့အား``ဗေဒင်ဆရာတို့၏အကြီး အမှူးဖြစ်သောဗေလတရှာဇာ၊ သင့်အတွင်း ၌သန့်ရှင်းမြင့်မြတ်သည့်ဘုရားတို့၏ဝိညာဉ် ကိန်းအောင်းကြောင်းကိုလည်းကောင်း၊ လျှို့ဝှက် ခက်ခဲသည့်အရာခပ်သိမ်းကိုသင်နားလည် ကြောင်းကိုလည်းကောင်းငါသိ၏။ အိပ်မက် တွင်ငါတွေ့မြင်ရသည့်ရူပါရုံအကြောင်း ကိုနားထောင်၍အနက်ကိုငါ့အားပြော ကြားပါလော့။
ထို့ကြောင့်ဒါဝိဒ်သည်ဂိဗောင်မြို့မှလူတို့ ကိုခေါ်၍``ငါသည်သင်တို့အဖို့အဘယ် အမှုကိုပြုရပါမည်နည်း။ သင်တို့သည် ထာဝရဘုရား၏လူမျိုးတော်အားကောင်း ချီးပေးကြစေရန် ငါသည်သင်တို့ခံခဲ့ရ သည့်မတရားမှုအတွက်တစ်ခုခုပြု လုပ်ပေးလိုပါသည်'' ဟုမိန့်တော်မူလျှင်၊
ဘုရားသခင်အားစိတ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိ သမျှ၊ ကိုယ်စွမ်းရှိသမျှဖြင့်ချစ်ရမည်။ အိမ်နီး ချင်းကိုကိုယ်နှင့်အမျှချစ်ရမည်ဟူသောပညတ် နှစ်ပါးကိုလိုက်နာခြင်းသည် ဘုရားသခင်အား ပူဇော်သည့်မီးရှို့ရာယဇ်နှင့်အခြားယဇ်အပေါင်း တို့ထက်ပို၍မြတ်ပါ၏'' ဟုကိုယ်တော်အား လျှောက်ထား၏။
``မည်သည့်ပွဲနေ့၌မဆိုထာဝရဘုရား အားဝတ်ပြုကိုးကွယ်ရန်လူတို့လာရောက် ကြရာတွင်မြောက်တံခါးမှဝင်သူတို့သည် ကိုးကွယ်ဝတ်ပြုပြီးလျှင်တောင်တံခါးမှ ထွက်ရကြမည်။ တောင်တံခါးမှဝင်ကြလျှင် မြောက်တံခါးမှထွက်ရကြမည်။ အဘယ် သူမျှမိမိလာလမ်းအတိုင်းမပြန်ရကြ။ လူတိုင်းပင်မိမိတို့ဝင်ရာတံခါးဖြင့်မ ပြန်ဘဲတည့်တည့်သွား၍ထွက်ရကြမည်။-