Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 23:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 တဆေးမဲ့မုန့်​ပွဲတော်​ကို စောင့်ထိန်း​ရ​မည်​။ အဗိဗ​လ​၌ အီဂျစ်​ပြည်​မှ သင်​ထွက်လာ​သည်​ဖြစ်၍ သင့်​အား​ငါ​မိန့်မှာ​ထား​သည့်​အတိုင်း သတ်မှတ်​ထား​သော​အချိန်​၊ အဗိဗ​လ​၌ ခုနစ်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။ ငါ့​ရှေ့မှောက်​သို့ မည်သူ​မျှ လက်ချည်းသက်သက်​မ​လာ​ရ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​ကို​ကျင်း​ပ​ရ​မည်။ ငါ မိန့်​မှာ​ခဲ့​သည့်​အ​တိုင်း အီ​ဂျစ်​ပြည်​မှ​ထွက်​ခဲ့ ရ​သော​အ​ဗိ​ဗ​လ​၌​ခု​နစ်​ရက်​ပတ်​လုံး တ​ဆေး​မဲ့​မုန့်​ကို​စား​ရ​ကြ​မည်။ မည်​သူ​မျှ ပူ​ဇော်​သ​ကာ​မ​ပါ​ဘဲ​နှင့် ငါ့​ထံ​သို့​ချဉ်း​ကပ် ၍​ကိုး​ကွယ်​ဝတ်​ပြု​ခြင်း​မ​ပြု​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 သင် တို့ သည် အ ဗိ​ဗ ခေါ် လ၌ အိ ဂျစ် ပြည် မှ ထွက် လာ ရ သည် နှင့် အ ညီ ထို လ တွင် အ ခါ သ မ ယ၌ တ ဆေး မဲ့ မုန့် ပွဲ ကို ကျင်း ပ၍ ငါ မိန့် မှာ ခဲ့ သည့် အ တိုင်း ခု နစ် ရက် ပတ် လုံး တ ဆေး မဲ့ မုန့် ကို သာ စား ကြ ရ မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 အ​ကြောင်း​မူ​ကား၊ ထို​လ​တွင် သင်​သည် အဲ​ဂု​တ္တု​ပြည်​က​ထွက်​လာ​သ​တည်း။ ထို​ပွဲ​ကို​ခံ​စဉ် ငါ့​ထံ​သို့​အ​ဘယ်​သူ​မျှ လက်​ချည်း​မ​ပေါ်​မ​လာ​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 23:15
25 ပူးပေါင်းရင်းမြစ်များ  

“​ဤ​လ​သည် သင်​တို့​အတွက် ပထမ​လ​၊ နှစ်​၏​ပထမ​လ​ဖြစ်​ရ​မည်​။


ထို့နောက် မောရှေ​က အစ္စရေး​လူမျိုး​တို့​အား “​ကျွန်ခံရာ​အိမ်​အီဂျစ်​ပြည်​မှ သင်​တို့​ထွက်လာ​သော ဤ​နေ့ရက်​ကို အောက်မေ့​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် သင်​တို့​ကို ဤ​အရပ်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။ တဆေးပါသောမုန့်​ကို​မ​စား​ရ​။


အဗိဗ​လ​၊ ဤ​နေ့ရက်​၌ သင်​တို့​ထွက်လာ​ကြ​၏​။


အသီးဦး​၊ စပျစ်ရည်ဦး​တို့​ကို မ​ယူ​ထား​ဘဲ ငါ့​အား ဆက်ကပ်​ရ​မည်​။ သင်​တို့​၏​သားဦး​များ​ကို​လည်း ဆက်ကပ်​ရ​မည်​။


တဆေးမဲ့မုန့်​ပွဲတော်​ကို စောင့်ထိန်း​ရ​မည်​။ အဗိဗ​လ​၌ အီဂျစ်​ပြည်​မှ သင်​ထွက်လာ​သည်​ဖြစ်၍ သင့်​အား​ငါ​မိန့်မှာ​ထား​သည့်​အတိုင်း သတ်မှတ်​ထား​သော​အချိန်​၊ အဗိဗ​လ​၌ ခုနစ်​ရက်​ပတ်လုံး တဆေးမဲ့မုန့်​ကို​စား​ရ​မည်​။


မြည်း​မှ အဦးဆုံး​ပေါက်​သော​အကောင်​ကို သိုးသငယ်​ဖြင့် ရွေး​ရ​မည်​။ အကယ်၍ မ​ရွေး​လို​လျှင် မြည်းသားပေါက်​၏​လည်ပင်း​ကို ချိုး​ရ​မည်​။ သင်​၏​သား​များ​ထဲမှ သားဦး​ရှိသမျှ​ကို ရွေး​ရ​မည်​။ ငါ့​ရှေ့မှောက်​သို့ မည်သူ​မျှ လက်ချည်းသက်သက်​မ​လာ​ရ​။


“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ သင်​တို့​အား ငါ​ပေး​သော​ပြည်​သို့ သင်​တို့​ဝင်ရောက်​၍ သီးနှံ​ရိတ်သိမ်း​သောအခါ သင်​တို့​ရိတ်သိမ်း​သော အသီးဦး​သီးနှံ​တစ်စည်း​ကို ယဇ်ပုရောဟိတ်​ထံသို့ ယူဆောင်​လာ​ရ​မည်​။


ငါ​သည် ထာဝရဘုရား​ထံ မည်သည့်​အရာ ယူလာ​ပြီး အမြင့်ဆုံး​သော​ဘုရားသခင်​ကို ရှိခိုး​ရ​မည်နည်း​။ အထံ​တော်​သို့ တစ်နှစ်သားအရွယ်​နွားသငယ်​ကို မီးရှို့ရာယဇ်​အဖြစ် ယူလာ​ရ​မည်လော​။


တဆေးမဲ့​မုန့်​ပွဲတော်​၏​ပထမ​နေ့​တည်းဟူသော ပသခါ​ပွဲတော်​အတွက် သိုးသငယ်​ကို​ပူဇော်​ရ​သော​နေ့​တွင် တပည့်​တော်​တို့​က “ပသခါ​ပွဲတော်​ညစာ​ကို​သုံးဆောင်​ရန် အကျွန်ုပ်​တို့​အား မည်သည့်​နေရာ​သို့​သွား​၍ ပြင်ဆင်​စေ​လို​ပါ​သနည်း”​ဟု ကိုယ်တော်​အား မေးလျှောက်​ကြ​၏။


ယေရှု​၏​မိဘ​တို့​သည် ပသခါ​ပွဲတော်​တွင် နှစ်​တိုင်း ဂျေရုဆလင်​မြို့​သို့​သွား​လေ့​ရှိ​ကြ​၏။


တဆေးမဲ့​မုန့်​ပွဲတော်​နေ့​တည်းဟူသော ပသခါ​ပွဲတော်​အတွက် သိုးသငယ်​ကို​ပူဇော်​ရ​သော​နေ့​ရောက်လာ​သဖြင့်


ထို​အမှု​ကို ဂျူး​လူမျိုး​တို့ နှစ်သက်​ကြ​ကြောင်း​တွေ့မြင်​လျှင် တစ်ဖန် ထပ်၍ ပေတရု​ကို​လည်း​ဖမ်းဆီး​ရန် စီစဉ်​လေ​၏။ ထိုအချိန်​သည် တဆေးမဲ့​မုန့်​ပွဲတော်​အချိန်​ဖြစ်​၏။


ယောက်ျား​အပေါင်း​တို့​သည် တဆေးမဲ့မုန့်​ပွဲတော်​၌​တစ်ကြိမ်​၊ ခုနစ်သီတင်း​မြောက်​ပွဲတော်​၌​တစ်ကြိမ်​၊ ယာယီတဲစု​ပွဲတော်​၌​တစ်ကြိမ် တစ်​နှစ်​လျှင်​သုံး​ကြိမ် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၊ ထာဝရဘုရား​၏​ရှေ့​တော်​၌ မျက်နှာ​လာ​ပြ​ရ​မည်​။ ထာဝရဘုရား​၏​ရှေ့​တော်​သို့ မည်သူ​မျှ လက်ချည်းသက်သက်​မ​လာ​ရ​။


သူ​တို့​က​လည်း “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​သေတ္တာ​တော်​ကို ပြန်ပို့​မည်​ဆို​လျှင် သေတ္တာ​တော်​သက်သက်​ကို​သာ ပြန်​မ​ပို့​ကြ​နှင့်​။ အပြစ်ဒဏ်ဖြေရာယဇ်​နှင့်တကွ ဆက်ဆက်​ပြန်ပို့​ပေး​ရ​မည်​။ သို့မှသာ သင်​တို့ အနာရောဂါပျောက်ကင်း​လိမ့်မည်​။ ထို့ပြင် လက်​တော်​သည် အဘယ်ကြောင့် သင်​တို့​ထံမှ မ​ရုပ်သိမ်း​သေး​ကြောင်း​ကို​လည်း သင်​တို့​သိ​ရ​လိမ့်မည်”​ဟု ပြန်ပြော​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ