Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 12:33 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 ဘုရားသခင်​ကို စိတ်နှလုံး​အကြွင်းမဲ့၊ ဉာဏ်စွမ်း​ရှိသမျှ၊ အစွမ်းသတ္တိ​ရှိသမျှ​တို့​ဖြင့်​ချစ်​၍ ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ခြင်း​သည်​လည်း မီးရှို့​ရာ​ယဇ်​နှင့် ယဇ်​ပူဇော်​ခြင်း​အပေါင်း​တို့​ထက် သာ၍​မြတ်​ပါ​၏”​ဟု လျှောက်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 ဘု​ရား​သ​ခင်​အား​စိတ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း​ရှိ သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ​ဖြင့်​ချစ်​ရ​မည်။ အိမ်​နီး ချင်း​ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်​ဟူ​သော​ပ​ညတ် နှစ်​ပါး​ကို​လိုက်​နာ​ခြင်း​သည် ဘု​ရား​သ​ခင်​အား ပူ​ဇော်​သည့်​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ယဇ်​အ​ပေါင်း တို့​ထက်​ပို​၍​မြတ်​ပါ​၏'' ဟု​ကိုယ်​တော်​အား လျှောက်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 ကိုယ် တော် ကို စိတ် နှ လုံး၊ ဉာဏ် ပ ဋိ ဘာန်၊ အ စွမ်း သ တ္တိ အ ကြွင်း မဲ့ ချစ် ခြင်း၊ အ ပေါင်း အ ဖော် ကို ကိုယ် နှင့် အ မျှ ချစ် ခြင်း သည် ကောင် လုံး မီး ရှို့ ရာ သ က္ကာ မှ စ သော ပူ ဇော် သ က္ကာ အ မျိုး မျိုး ထက် မြတ် ပါ သည် ဟု ဝန် ခံ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 ထို​ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​သ​ခင် မ​ရှိ။ ထို​ဘု​ရား​သ​ခင်​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့၊ ဉာဏ်​ရှိ​သ​မျှ၊ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​နှင့် ချစ်​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော သူ​ကို​လည်း၊ ကိုယ်​နှင့်​အ​မျှ ချစ်​ခြင်း​အ​ကျင့်​သည် မီး​ရှို့​သော​ယဇ်​ကောင်​မှ​စ၍ ယဇ်​အ​မျိုး​မျိုး​တို့​ကို ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သာ၍ မြတ်​ပါ​သည်​ဟု လျှောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 ဘုရားသခင်​ကို စိတ်နှလုံး​အကြွင်းမဲ့၊ ဉာဏ်စွမ်း​ရှိသမျှ၊ အစွမ်း​သတ္တိ​ရှိသမျှ​နှင့် ချစ်လော့၊ ကိုယ်​နှင့်​သက်ဆိုင်သော​သူ​ကို ကိုယ်​နှင့်​အမျှ ချစ်လော့​ဟူသော ပညတ်တော်တို့​ကို လိုက်နာခြင်း​သည် မီးရှို့ရာ​ယဇ်​နှင့် အခြား​ယဇ်တို့​ကို ပူဇော်ခြင်း​ထက် သာ​၍ ကြီးမြတ်ပါသည်” ဟု ပြန်​၍ လျှောက်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

33 ထို​ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ခြား​သော​ဘု​ရား​သ​ခင် မ​ရှိ။ ထို​ဘု​ရား​သ​ခင်​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့၊ ဉာဏ်​ရှိ​သ​မျှ၊ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​နှင့် ချစ်​ခြင်း၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော သူ​ကို​လည်း၊ ကိုယ်​နှင့်​အ​မျှ ချစ်​ခြင်း​အ​ကျင့်​သည် မီး​ရှို့​သော​ယဇ်​ကောင်​မှ​စ၍ ယဇ်​အ​မျိုး​မျိုး​တို့​ကို ပူ​ဇော်​ခြင်း​အ​ကျင့်​ထက် သာ၍ မြတ်​ပါ​သည်​ဟု လျှောက်​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 12:33
15 ပူးပေါင်းရင်းမြစ်များ  

ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို​ပူဇော်​သော​သူ​သည် ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​သော​သူ​ဖြစ်​၏​။ မိမိ​လမ်းခရီး​ကို​ပြင်ဆင်​သော​သူ​အား​လည်း ဘုရားသခင်​၏​ကယ်တင်​ခြင်း​ကို ငါ​ပြသ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​သည် ယဇ်ပူဇော်​ခြင်း​ထက် ဖြောင့်မတ်​ခြင်း​နှင့် တရားမျှတ​ခြင်း​ကို ပို၍​နှစ်သက်​တော်မူ​၏​။


အကြောင်းမူကား ငါ​သည် ယဇ်ပူဇော်​ခြင်း​ထက် မေတ္တာကရုဏာ​ကို နှစ်သက်​၏​။ မီးရှို့ရာယဇ်​ထက် ဘုရားသခင်​နှင့်​သိကျွမ်း​ခြင်း​ကို နှစ်သက်​၏​။


‘ငါ​သည် ယဇ်​ပူဇော်​ခြင်း​ကို​မ​ဟုတ်​ဘဲ ကရုဏာ​ကို အလိုရှိ​၏’ဟူသော​ကျမ်း​စကား​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း သင်​တို့​သိ​ခဲ့​လျှင် အပြစ်​မ​ရှိ​သော​သူ​တို့​ကို ပြစ်တင်​ရှုတ်ချ​ခဲ့​ကြ​လိမ့်မည်​မ​ဟုတ်။


‘ငါ​သည် ယဇ်​ပူဇော်​ခြင်း​ကို​မ​ဟုတ်​ဘဲ ကရုဏာ​ကို အလိုရှိ​၏’ဟူသော​ကျမ်း​စကား​သည် မည်သည့်​အရာ​ကို​ဆိုလို​ကြောင်း သွား​၍​သင်ယူ​ကြ​လော့။ အကြောင်းမူကား ဖြောင့်မတ်​သော​သူ​တို့​ကို​ခေါ်​ရန် ငါ​လာ​သည်​မ​ဟုတ်။ အပြစ်သား​တို့​ကို​ခေါ်​ရန်​ငါ​လာ​၏”​ဟု မိန့်​တော်မူ​၏။


သင်​၏​ဘုရားသခင် ထာဝရဘုရား​ကို သင်​၏​စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​၊ အစွမ်းသတ္တိ​ရှိသမျှ​ဖြင့် ချစ်​ရ​မည်​။


ပထမ​အနေဖြင့် “ကိုယ်တော်​သည် ပညတ်​တရား​အရ​ပူဇော်​သော​အရာ​များ​တည်းဟူသော ယဇ်ကောင်​နှင့်​ပူဇော်သက္ကာ​များ၊ မီးရှို့​ရာ​ယဇ်​နှင့်​အပြစ်​ဖြေ​ရာ​ယဇ်​များ​ကို အလို​မ​ရှိ။ နှစ်သက်​တော်မူ​ခြင်း​လည်း​မ​ရှိ”​ဟု ဆို​၏။


ရှမွေလ​က​လည်း “​ထာဝရဘုရား​၏​စကား​တော်​ကို နာခံ​ခြင်း​ထက် မီးရှို့​ရာ​ယဇ်ပူဇော်​ခြင်း​ကို ထာဝရဘုရား ပို၍​နှစ်သက်​တော်မူ​မည်​လော​။ ကြည့်ရှု​လော့​။ နာခံ​ခြင်း​သည် ယဇ်ပူဇော်​ခြင်း​ထက် ပို၍​ကောင်း​၏​။ အာရုံစိုက်​နားထောင်​ခြင်း​သည် သိုးထီး​အဆီ​ထက် ပို၍​ကောင်း​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ