၁ ရာ 15:22 - မြန်မာ့စံမီသမ္မာကျမ်း22 ရှမွေလကလည်း “ထာဝရဘုရား၏စကားတော်ကို နာခံခြင်းထက် မီးရှို့ရာယဇ်ပူဇော်ခြင်းကို ထာဝရဘုရား ပို၍နှစ်သက်တော်မူမည်လော။ ကြည့်ရှုလော့။ နာခံခြင်းသည် ယဇ်ပူဇော်ခြင်းထက် ပို၍ကောင်း၏။ အာရုံစိုက်နားထောင်ခြင်းသည် သိုးထီးအဆီထက် ပို၍ကောင်း၏။ အခန်းကိုကြည့်ပါ။Common Language Bible22 ရှမွေလက``ထာဝရဘုရားသည်မီးရှို့ ရာယဇ်အစရှိသည့်ပူဇော်သကာများ ဆက်သမှုနှင့် မိမိ၏အမိန့်တော်နာခံ မှုတို့အနက်မည်သည်ကိုပို၍နှစ်သက်တော် မူပါသနည်း။ နာခံခြင်းသည်အဆူဖြိုး ဆုံးသိုးကိုယဇ်ပူဇော်ခြင်းထက်ပို၍မြတ်၏။- အခန်းကိုကြည့်ပါ။Garrad Bible22 ရှ မွေ လ က လည်း၊ အ မိန့် တော် အ တိုင်း လိုက် နာ ခြင်း ကို ထာ ဝ ရ ဘု ရား နှစ် သက် တော် မူ သည့် နည်း တူ မီး ရှို့ ရာ သ က္ကာ မှ စ၍ သ က္ကာ အ မျိုး မျိုး ကို နှစ် သက် တော် မူ သ လော။ လိုက် နာ ခြင်း သည် ပူ ဇော် ခြင်း ထက်လည်း ကောင်း၊ နား ထောင် ခြင်း သည် သိုး ထီး ဆီ ဥ ထက် လည်း ကောင်း မြတ် လှ ၏။ အခန်းကိုကြည့်ပါ။Judson Bible22 ရှမွေလကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။ အခန်းကိုကြည့်ပါ။ |
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဇီရာတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြ၏။ သို့သော် ပညတ်တရားထဲမှ ပို၍အရေးကြီးသော တရားမျှတခြင်း၊ ကရုဏာထားခြင်းနှင့် သစ္စာစောင့်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ချန်လှပ်မထားရ။