အကျွန်ုပ်သည် ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ရှေ့တော်၌ပူဇော်၍ ထာဝရဘုရား၏နာမတော်ကို ခေါ်ပါမည်။
မာလခိ 3:3 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ငွေကိုချွတ်၍သန့်စင်စေသောသူကဲ့သို့ ထိုင်တော်မူလျက် လေဝိသားမြေးတို့ကို သန့်စင်စေတော်မူမည်။ သူတို့ကို ရွှေငွေကဲ့သို့ သန့်စင်စေ၍ သူတို့သည်လည်း ထာဝရဘုရားထံ ဖြောင့်မတ်ခြင်းပူဇော်သက္ကာကို ဆက်သရကြလိမ့်မည်။ Common Language Bible ကိုယ်တော်သည်ချေးညှော်ကင်းစင်စေရန်ငွေ ကိုချွတ်သောသူကဲ့သို့ကြွလာ၍ တရား စီရင်တော်မူလိမ့်မည်။ ရွှေထည်ငွေထည်အလုပ် သမားသည်ရွှေနှင့်ငွေကိုချွတ်သကဲ့သို့ ထာဝရ ဘုရား၏ကောင်းကင်တမန်သည်လေဝိယဇ် ပုရောဟိတ်တို့အားသန့်စင်အောင်ပြုလိမ့်မည်။ ယင်းသို့ပြုရသည့်အကြောင်းမှာယဇ်ပုရော ဟိတ်တို့သည် ထာဝရဘုရားထံတော်သို့ လျောက်ပတ်သည့်ပူဇော်သကာများကို ယူဆောင်လာနိုင်ကြစေရန်ဖြစ်ပေသည်။- Garrad Bible လေ ဝိ ဂိုဏ်း သား တို့ ကို၊ ရွှေ ငွေ ကဲ့ သို့ ချွတ် လှော် သ ဖြင့်၊ ၎င်း တို့ သည်၊ ထာ ဝ ရ ဘု ရား ထံ အ လှူ များ ကို၊ ဖြောင့် မတ် စွာ ဆက် ကပ် ကြ မည့် အ လျောက်၊ Judson Bible ငွေကိုချွတ်၍ သန့်ရှင်းစေသောသူကဲ့သို့ထိုင်လျက် ရွှေငွေကို ချွတ်သကဲ့သို့၊ လေဝိသားတို့ကိုချွတ်၍ သန့်ရှင်းစေတော်မူသဖြင့်၊ သူတို့သည် ထာဝရဘုရားအဖို့ဖြစ်၍ ဖြောင့်မတ်ခြင်းပူဇော်သကာကို ပူဇော်ကြလိမ့်မည်။ |
အကျွန်ုပ်သည် ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ရှေ့တော်၌ပူဇော်၍ ထာဝရဘုရား၏နာမတော်ကို ခေါ်ပါမည်။
များစွာသောသူတို့က “ကောင်းမြတ်သောအရာကို ငါတို့အားမည်သူပြနိုင်မည်နည်း”ဟု ပြောဆိုကြပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာတော်အလင်းကို အကျွန်ုပ်တို့အပေါ် ထွန်းလင်းစေတော်မူပါ။
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ဘုရားသခင်အားပူဇော်လော့။ အမြင့်ဆုံးသောအရှင်ထံ သင်ပြုထားသောကတိသစ္စာများကို ပြည့်စုံစေလော့။
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကိုပူဇော်သောသူသည် ငါ့ကိုဂုဏ်ပြုချီးမွမ်းသောသူဖြစ်၏။ မိမိလမ်းခရီးကိုပြင်ဆင်သောသူအားလည်း ဘုရားသခင်၏ကယ်တင်ခြင်းကို ငါပြသမည်”ဟု မိန့်တော်မူ၏။
ထိုအခါ ကိုယ်တော်သည် ဖြောင့်မတ်ခြင်းယဇ်များတည်းဟူသော မီးရှို့ရာယဇ်နှင့် တစ်ကောင်လုံးရှို့ရသောယဇ်ကို နှစ်သက်တော်မူလိမ့်မည်။ ထိုအခါ လူတို့သည် နွားထီးတို့ကို ကိုယ်တော်၏ယဇ်ပလ္လင်ပေါ်တွင် ပူဇော်ကြပါလိမ့်မည်။
အကြောင်းမူကား အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စစ်ဆေးတော်မူပြီ။ ငွေကိုသန့်စင်စေသကဲ့သို့ အကျွန်ုပ်တို့ကိုသန့်စင်စေတော်မူပြီ။
ငွေကိုမိုက်ဖြင့်လည်းကောင်း၊ ရွှေကိုမီးပြင်းဖိုဖြင့်လည်းကောင်း စစ်တတ်၏။ စိတ်နှလုံးကိုကား ထာဝရဘုရားစစ်ဆေးတော်မူ၏။
ငွေထဲမှ ချော်ကိုဖယ်ထုတ်လျှင် ပန်းထိမ်သမားအတွက် အသုံးအဆောင်ပစ္စည်းထွက်လာမည်။
ပြီးလျှင် ငါ့လက်ကို သင့်အပေါ်သို့ ပြန်ရောက်စေမည်။ သင်၌ကပ်နေသောချော်ကို ပြာရည်ဖြင့်ချွတ်ပစ်၍ သင်၌ရောနေသောခဲကို ငါအကုန်ဖယ်ရှားမည်။
ကြည့်ရှုလော့။ ငါသည် သင့်ကိုသန့်စင်စေခဲ့ပြီ။ သို့သော် ငွေကဲ့သို့မဟုတ်။ ဆင်းရဲဒုက္ခတည်းဟူသောမီးပြင်းဖိုထဲ၌ သင့်ကို ငါစမ်းသပ်၏။
သင်တို့ကို ထာဝရဘုရား၏ယဇ်ပုရောဟိတ်ဟု ခေါ်ဝေါ်ကြလိမ့်မည်။ ဘုရားသခင်၏အမှုတော်ဆောင်ဟု ခေါ်ဝေါ်ကြလိမ့်မည်။ သင်တို့သည် လူမျိုးခြားတို့၏ဥစ္စာပစ္စည်းကို စံစားရလိမ့်မည်။ သူတို့၏ဂုဏ်သရေ၌ ဝါကြွားကြလိမ့်မည်။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သူတို့ကိုသန့်အောင်စစ်ထုတ်မည်၊ စစ်ဆေးမည်။ ငါ့လူမျိုးသမီးပျိုအတွက် ငါမည်သို့ပြုနိုင်ဦးမည်နည်း။
ငါ့ကို ပုန်ကန်သောသူ၊ ပြစ်မှားသောသူတို့ကို ငါသုတ်သင်ပစ်မည်။ သူတို့ကို တည်းခိုနေထိုင်ရသောပြည်မှထုတ်ဆောင်လာမည်ဖြစ်သော်လည်း အစ္စရေးပြည်ထဲသို့ သူတို့ဝင်ရမည်မဟုတ်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရမည်’ဟု မိန့်တော်မူ၏။
သတ်မှတ်ထားသောကာလ မရောက်သေးသည်ဖြစ်၍ ပညာရှိအချို့တို့သည် အပြစ်ကင်းစင်ပြီး သန့်ရှင်းစင်ကြယ်ဖို့ နောက်ဆုံးသောကာလအထိ လှဲချခြင်းခံရလိမ့်မည်။
လူအများတို့သည် သန့်ရှင်း၍ အပြစ်ကင်းစင်အောင် စစ်ကြောခြင်းခံရကြလိမ့်မည်။ ဆိုးယုတ်သောသူတို့သည် ဆိုးယုတ်သောအမှုတို့ကိုသာ ပြုလိမ့်မည်။ ဆိုးယုတ်သူတစ်ယောက်မျှ သိနားလည်မည်မဟုတ်။ ပညာရှိသောသူတို့မူကား သိနားလည်ကြလိမ့်မည်။
သင်တို့သည် ထာဝရဘုရားထံပြန်လာ၍ “အပြစ်ရှိသမျှ ခွင့်လွှတ်တော်မူပါ။ ကောင်းသောအရာတို့ကို လက်ခံတော်မူပါ။ အကျွန်ုပ်တို့သည် နွားထီးကိုပူဇော်သကဲ့သို့ နှုတ်ဖြင့်ချီးမွမ်းပါမည်။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
“အစ္စရေးအမျိုးသားတို့ထဲမှ လေဝိအမျိုးတို့ကို ခေါ်လာ၍ သူတို့ကို စင်ကြယ်အောင်ပြုလော့။
ယောဟန်ကလည်း “ငါသည် သင်တို့အား ရေ၌ဗတ္တိဇံကိုပေး၏။ သို့သော် ငါ့ထက်ကြီးမြတ်သောအရှင်သည် ကြွလာမည်။ ထိုအရှင်၏ခြေနင်းတော်ကြိုးကို ဖြေပေးရန်ပင် ငါသည်မထိုက်တန်။ ထိုအရှင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်မီး၌ သင်တို့ကိုဗတ္တိဇံပေးတော်မူလိမ့်မည်။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ဘုရားသခင်၏ကရုဏာတော်အားဖြင့် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက်တော်မူသည့် သန့်ရှင်း၍အသက်ရှင်သောယဇ်အဖြစ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝိညာဉ်ရေးဆိုင်ရာဝတ်ပြုခြင်းဖြစ်၏။
ထိုမျှမက သင်တို့၏ယုံကြည်ခြင်းနှင့်ဆိုင်သော ဝတ်ပြုခြင်းနှင့်ယဇ်ပူဇော်ခြင်းတို့အပေါ်၌ ငါသွန်းလောင်းပူဇော်ခြင်းခံရမည်ဆိုလျှင်လည်း ငါဝမ်းမြောက်၏။ သင်တို့အားလုံးနှင့်အတူ ငါဝမ်းမြောက်၏။
ငါသည် အရာအားလုံးကိုရရှိ၍ ကြွယ်ဝလျက်ရှိ၏။ သင်တို့ပေးပို့သည့်အရာများကို ဧပဖြောဒိတ်ထံမှ ငါလက်ခံရရှိ၍ ပြည့်စုံလျက်ရှိပြီ။ ထိုအရာတို့သည် မွှေးကြိုင်သည့်ရနံ့၊ ဘုရားသခင်နှစ်သက်တော်မူသော လက်ခံဖွယ်ရာယဇ်ဖြစ်ကြ၏။
အကြောင်းမူကား ငါသည် သွန်းလောင်းပူဇော်ခြင်းကိုခံနေရပြီ။ ဤဘဝကို ငါစွန့်ခွာရမည့်အချိန်ရောက်လေပြီ။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
အကြောင်းမူကား လူသားဖခင်တို့သည် ကောင်းသည်ဟု မိမိတို့ထင်မြင်သည့်အတိုင်း ခဏသာဆုံးမပဲ့ပြင်တတ်ကြ၏။ ဝိညာဉ်ရေးဆိုင်ရာဖခင်မူကား သူ၏သန့်ရှင်းခြင်း၌ ငါတို့ပါဝင်ခံစားရမည့်အကြောင်း ငါတို့အကျိုးကိုထောက်၍ ဆုံးမပဲ့ပြင်တော်မူ၏။
ဤသည်ကား မီးဖြင့်စစ်ဆေးခြင်းခံရပြီဖြစ်သော်လည်း ပျက်စီးတတ်သည့်ရွှေထက် များစွာအဖိုးတန်သော သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ချီးမွမ်းခြင်း၊ ဘုန်းအသရေနှင့် ဂုဏ်သရေအဖြစ်သို့ရောက်မည့်အကြောင်းတည်း။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။
ငါတို့အား နိုင်ငံတော်ဖြစ်စေလျက် မိမိခမည်းတော်ဘုရားသခင်ရှေ့တော်၌ ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသောအရှင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။
သင်သည် ချမ်းသာလာစေရန် မီးဖြင့်ချွတ်၍သန့်စင်ထားသောရွှေကိုလည်းကောင်း၊ သင်၏အဝတ်အချည်းစည်းဖြစ်ခြင်းအရှက်ကိုမပေါ်စေရန် သင်ဝတ်ဖို့ ဖြူသောဝတ်ရုံကိုလည်းကောင်း၊ သင်၏မျက်စိပြန်မြင်စေရန် မျက်စိခတ်ဖို့ မျက်စဉ်းကိုလည်းကောင်း ငါ့ထံမှဝယ်ယူရန် သင့်အား ငါအကြံပေး၏။
သူတို့ကို အကျွန်ုပ်တို့၏ဘုရားသခင်အတွက် နိုင်ငံတော်တစ်ခုနှင့် ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသဖြင့် သူတို့သည် ကမ္ဘာမြေကြီးပေါ်တွင် အုပ်စိုးရကြလိမ့်မည်”ဟု ဆိုကြ၏။