မာလခိ 3:4 - မြန်မာ့စံမီသမ္မာကျမ်း4 ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့ဆက်သသောပူဇော်သက္ကာကို ထာဝရဘုရားသည် ရှေးကာလကကဲ့သို့၊ လွန်ခဲ့ပြီးသောနှစ်ကာလများကကဲ့သို့ လက်ခံတော်မူမည်။ အခန်းကိုကြည့်ပါ။Common Language Bible4 ထိုအခါ၌ယုဒပြည်သူများနှင့်ယေရုရှ လင်မြို့သားတို့ထာဝရဘုရား၏ထံတော် သို့ ယူဆောင်လာသည့်ပူဇော်သကာများသည် ရှေးကာလမှာကဲ့သို့ပင်ထာဝရဘုရား နှစ်သက်တော်မူဖွယ်ရာဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible4 ယေ ရု ရှ လင် မြို့ သူ၊ ယု ဒ ပြည် သား တို့ အ လှူ သည်၊ ရှေ့ အ ထက် ကျော် ကာ လ ကဲ့ သို့၊ ထာ ဝ ရ ဘု ရား နှစ် သက် တော် မူ ဖွယ် ဖြစ် ဦး မည်။ အခန်းကိုကြည့်ပါ။Judson Bible4 ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့၏ ပူဇော်သကာသည် ရှေးလွန်လေပြီးသော နှစ်၊ လ၊ နေ့ရက်ကာလ၌ ဖြစ်သကဲ့သို့၊ ထာဝရဘုရား နှစ်သက်တော်မူဖွယ် ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါ၏သန့်ရှင်းသောတောင်ပေါ်သို့ ငါဆောင်ခဲ့၍ ငါ၏ဆုတောင်းရာအိမ်၌ သူတို့ကို ငါဝမ်းမြောက်စေမည်။ ငါ့ယဇ်ပလ္လင်ပေါ်မှာပူဇော်သော သူတို့၏မီးရှို့ရာယဇ်များ၊ ပူဇော်သက္ကာများကို ငါလက်ခံမည်။ ငါ့အိမ်တော်ကို လူမျိုးတကာတို့၏ဆုတောင်းရာအိမ်ဟူ၍ ခေါ်ဝေါ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။