ဗျာဒိတ် 8:9 - မြန်မာ့စံမီသမ္မာကျမ်း ပင်လယ်၌ရှိသော သက်ရှိသတ္တဝါသုံးပုံတစ်ပုံသည် သေကြ၏။ သင်္ဘောများသုံးပုံတစ်ပုံသည်လည်း ဖျက်ဆီးခြင်းခံရကြ၏။ Common Language Bible ပင်လယ်သတ္တဝါသုံးပုံတစ်ပုံတို့သည်သေ ကြ၏။ သုံးပုံတစ်ပုံမျှသောင်္သဘောတို့ သည်လည်းပျက်စီးသွားကြ၏။ Garrad Bible သက် ရှိ ရေ သ တ္တ ဝါ သုံး စု တစ် စု သေ လျက် သင်္ဘော များ သုံး စု တစ် စု ပျက်၏။ Judson Bible ပင်လယ်၌ အသက်ရှင်သော သတ္တဝါသုံးစုတစ်စုလည်း သေ၏။ သင်္ဘောသုံးစုတစ်စုလည်း ပျက်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပင်လယ်၌ရှိသော သက်ရှိသတ္တဝါသုံးပုံတစ်ပုံသေ၍ သင်္ဘောသုံးပုံတစ်ပုံသည်လည်း ပျက်စီးသွား၏။ |
နိုင်းမြစ်ထဲ၌ရှိသောငါးတို့သည် သေကြသဖြင့် နိုင်းမြစ်သည် အပုပ်နံ့ထွက်လေ၏။ ထို့ကြောင့် အီဂျစ်လူမျိုးတို့သည် နိုင်းမြစ်ထဲမှရေကိုမသောက်သုံးနိုင်ကြ။ အီဂျစ်ပြည်တစ်ပြည်လုံး သွေးနှင့်ပြည့်လေ၏။
တာရှုသင်္ဘောနှင့် နှစ်သက်ဖွယ်သောရေယာဉ် အစရှိသမျှတို့ကို အားလုံးဖျက်ဆီးတော်မူမည်။
တိုင်ရာမြို့နှင့်ဆိုင်သောဗျာဒိတ်တော်။ တာရှုသင်္ဘောတို့၊ ညည်းတွားငိုကြွေးကြလော့။ အကြောင်းမူကား တိုင်ရာမြို့သည် အိမ်မရှိ၊ ဆိပ်ကမ်းမရှိတော့သည့်တိုင်အောင် ဖျက်ဆီးခံရလေပြီဟု ဆိုက်ပရပ်ပြည်မှတစ်ဆင့် ကြားသိရပြီ။
ထာဝရဘုရားက “တိုင်းပြည်တစ်ပြည်လုံး၏သုံးပုံနှစ်ပုံ ဖျက်ဆီးခံရ၍ လူတို့သေကြလိမ့်မည်။ သုံးပုံတစ်ပုံသာလျှင်ကျန်လိမ့်မည်။
ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သူ၏အမြီးသည် ကောင်းကင်ကြယ်သုံးပုံတစ်ပုံကိုဆွဲ၍ မြေကြီးပေါ်သို့ပစ်ချလိုက်၏။ ထိုနဂါးသည် သားဖွားတော့မည့်အမျိုးသမီးရှေ့၌ရပ်လျက် သားဖွားသောအခါ သူ၏သားကိုဝါးမျိုရန်စောင့်နေ၏။
ဒုတိယကောင်းကင်တမန်သည် သူ၏ဖလားကို ပင်လယ်ပေါ်သို့သွန်းလောင်းသောအခါ ရေသည် သေသောသူ၏သွေးကဲ့သို့ဖြစ်သွား၍ ပင်လယ်ထဲ၌ရှိသော သက်ရှိသတ္တဝါအားလုံးသေကြ၏။
တတိယကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ မီးရှူးသဖွယ်တောက်လောင်နေသော ကြယ်ကြီးတစ်လုံးသည် ကောင်းကင်မှကြွေကျ၍ မြစ်များ၏သုံးပုံတစ်ပုံအပေါ်နှင့် စမ်းရေတွင်းများအပေါ်သို့ ကျလေ၏။
စတုတ္ထကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ နေ၏သုံးပုံတစ်ပုံ၊ လ၏သုံးပုံတစ်ပုံ၊ ကြယ်များ၏သုံးပုံတစ်ပုံတို့သည် ထိပါးတိုက်ခိုက်ခြင်းခံရသဖြင့် ၎င်းတို့၏သုံးပုံတစ်ပုံသည် မှောင်မည်းသွားလေ၏။ နေ့၏သုံးပုံတစ်ပုံသည်လည်း အလင်းရောင်ကွယ်ပျောက်လျက် ညသည်လည်း ထိုနည်းတူဖြစ်၏။
ပထမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ သွေးနှင့်ရောနှောသော မိုးသီးနှင့်မီးတို့ဖြစ်ပေါ်လာ၍ မြေကြီးပေါ်သို့ပစ်ချခြင်းခံရ၏။ ထိုအခါ မြေကြီး၏သုံးပုံတစ်ပုံသည် လောင်ကျွမ်း၍ သစ်ပင်များ၏သုံးပုံတစ်ပုံနှင့် စိမ်းလန်းသောမြက်ပင်ရှိသမျှတို့သည်လည်း လောင်ကျွမ်းသွား၏။
ထိုအခါ ထိုနှစ်၊ ထိုလ၊ ထိုနေ့ရက်နှင့် ထိုအချိန်နာရီအတွက် ပြင်ဆင်ထားသောကောင်းကင်တမန်လေးပါးတို့သည် လူသားသုံးပုံတစ်ပုံကိုသတ်ဖြတ်ရန် ဖြေလွှတ်ခြင်းခံရကြ၏။
သူတို့၏ခံတွင်းထဲမှထွက်သည့် မီးလျှံ၊ မီးခိုးနှင့် ကန့်တည်းဟူသော ဤဘေးဒဏ်သုံးပါးတို့ကြောင့် လူသားသုံးပုံတစ်ပုံသေကြ၏။