Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 16:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ဒုတိယ​ကောင်းကင်​တမန်​သည် သူ​၏​ဖလား​ကို ပင်လယ်​ပေါ်သို့​သွန်းလောင်း​သောအခါ ရေ​သည် သေ​သော​သူ​၏​သွေး​ကဲ့သို့​ဖြစ်​သွား​၍ ပင်လယ်​ထဲ၌​ရှိ​သော သက်ရှိ​သတ္တဝါ​အားလုံး​သေ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 ထို့​နောက်​ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ ဖ​လား​မှ အ​မျက်​တော်​ကို​ကမ္ဘာ​မြေ​ပေါ်​သို့​သွန်း လောင်း​လိုက်​၏။ ထို​အ​ခါ​ပင်​လယ်​ရေ​သည်​လူ သေ​၏​သွေး​ကဲ့​သို့​ဖြစ်​လေ​၏။ ပင်​လယ်​ထဲ​ရှိ ရေ​သတ္တဝါ​မှန်​သ​မျှ​သည်​သေ​ကုန်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ဒု တိ ယ စေ တ မန် တော် သည် ကိုယ့် ဖ လား ကို သ မု ဒ္ဒ ရာ ပေါ် သို့ သွန်း လောင်း သော် ရေ သည် လူ သေ၏ သွေး ကဲ့ သို့ ဖြစ် သ ဖြင့် သ မု ဒ္ဒ ရာ ရှိ သ တ္တ ဝါ ဟူ သ မျှ သေ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ဒု​တိ​ယ​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ဖ​လား​ကို ပင်​လယ်​ပေါ်​သို့ သွန်း​လောင်း​လျှင်၊ ပင်​လယ်​သည် လူ​သေ၏ အ​သွေး​ကဲ့​သို့​သော အ​သွေး​ဖြစ်၏။ ပင်​လယ်၌ အ​သက်​ရှင်​သော သ​တ္တ​ဝါ​အ​ပေါင်း​တို့​သည် သေ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ဒုတိယ​ကောင်းကင်တမန်​သည် သူ​၏ ဖလား​ကို ပင်လယ်​ပေါ်သို့ သွန်းလောင်းလိုက်​သောအခါ ရေ​သည် လူသေ​၏ သွေး​ကဲ့သို့ ဖြစ်သွား​ပြီး ပင်လယ်​၌​ရှိသော သတ္တဝါ​အားလုံး သေကုန်လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 16:3
10 ပူးပေါင်းရင်းမြစ်များ  

နှာခေါင်း​ဖြင့်​အသက်ရှူ​တတ်​သည့်​သက်ရှိသတ္တဝါ​တည်းဟူသော ကုန်း​ပေါ်မှာ​ရှိလေသမျှ​သတ္တဝါ​တို့​သည် သေ​ကြ​ကုန်​၏​။


ကိုယ်တော်​သည် သူ​တို့​၏​ရေ​များ​ကို သွေး​ဖြစ်​စေ​၍ သူ​တို့​၏​ငါး​များ​ကို သေ​စေ​တော်မူ​၏​။


ကိုယ်တော်​သည် ထို​ပြည်သား​တို့​၏​မြစ်​များ​ကို သွေး​အဖြစ်​ပြောင်းလဲ​စေ​တော်မူ​သဖြင့် သူ​တို့​သည် မိမိ​တို့​၏​မြစ်ရေ​ကို သောက်​၍​မ​ရ​ခဲ့​ကြ​ပေ​။


အိမ်ထောင်ရေးဖောက်ပြန်​သော​မိန်းမ​၊ လူသတ်​သော​မိန်းမ​တို့​ကို တရားစီရင်​သကဲ့သို့ သင့်​ကို​ငါ​တရားစီရင်​မည်​။ မနာလိုစိတ်​၊ ဒေါသစိတ်​တို့​ဖြင့် သင့်​ကို သေဒဏ်​ပေး​မည်​။


ထိုအခါ ပေတရု​၏​စကား​ကို​လက်ခံ​သော​သူ​တို့​သည် ဗတ္တိဇံ​ခံ​ကြ​သဖြင့် ထို​နေ့​၌ လူ​ပေါင်း​သုံးထောင်​ခန့်မျှ​တိုးပွား​လာ​၏။


သူ​၏​လက်​၌ ဖွင့်​ထား​သော​စာလိပ်​ငယ်​တစ်​ခု​ရှိ​၏။ သူ​သည် မိမိ​၏​ယာ​ဘက်​ခြေထောက်​ကို ပင်လယ်​ပေါ်တွင်​လည်းကောင်း၊ ဝဲ​ဘက်​ခြေထောက်​ကို ကုန်းမြေ​ပေါ်တွင်​လည်းကောင်း ချ​ထား​ကာ


သူ​တို့​ပရောဖက်ပြု​ဟောပြော​သည့်​နေ့ရက်​များ​အတွင်း မိုး​မ​ရွာ​စေရန် ကောင်းကင်​ကို ပိတ်​ထား​နိုင်​သည့်​အခွင့်​ရှိ​ပြီး ရေ​ကို​သွေး​အဖြစ်​သို့ ပြောင်းလဲ​စေ​နိုင်​သော​အခွင့်​မှစ၍ သူ​တို့​အလိုရှိ​သည့်အခါ​တိုင်း ကမ္ဘာ​မြေကြီး​ကို ဘေးဒဏ်​အမျိုးမျိုး​ဖြင့် ဒဏ်ခတ်​နိုင်​သော​အခွင့်​များ​ရှိ​ကြ​၏။


ထို့နောက် ဦးချို​ဆယ်​ချောင်း​နှင့် ခေါင်း​ခုနစ်​လုံး​ရှိ​သော​သားရဲ​တစ်​ကောင်​သည် ပင်လယ်​ထဲမှ​တက်​လာ​သည်​ကို ငါ​မြင်​ရ​၏။ ထို​ဦးချို​များ​ပေါ်တွင် သရဖူ​ဆယ်​ခု​ရှိ​၍ ၎င်း​၏​ခေါင်း​များ​ပေါ်တွင် ဘုရားသခင်​ကို​စော်ကား​သော​အမည်​နာမ​များ​ရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ