ထိုဝိညာဉ်သည် မလှုပ်မယှက်ရပ်နေ၏။ သို့သော် သူ့ရုပ်သွင်ကို ငါမဖော်ပြတတ်။ သူ့သဏ္ဌာန်ကိုသာ ငါမြင်ရ၏။ တိတ်ဆိတ်နေ၏။ ထို့နောက် အသံတစ်ခုကို ငါကြားရ၏။
ဗျာဒိတ် 8:1 - မြန်မာ့စံမီသမ္မာကျမ်း သိုးသငယ်တော်သည် သတ္တမတံဆိပ်ကိုဖွင့်သောအခါ ကောင်းကင်၌ နာရီဝက်ခန့်မျှ ဆိတ်ငြိမ်ခြင်းရှိ၏။ Common Language Bible သတ္တမချိပ်တံဆိပ်ကိုသိုးသူငယ်တော်ဖွင့် လိုက်သောအခါ ကောင်းကင်ဘုံတွင်နာရီ ဝက်ခန့်ဆိတ်ငြိမ်၍သွား၏။- Garrad Bible သ တ္တ မ တံ ဆိပ် ကို ဖွင့် တော် မူ သည့် ကာ လ ကောင်း ကင် ဘုံ တွင် နာ ရီ ဝက် မျှ ဆိတ် ဆိတ် နေ ပြီး နောက်၊ Judson Bible သတ္တမတံဆိပ်ကို ဖွင့်သောအခါ၊ ကောင်းကင်ဘုံ၌ နာရီဝက်မျှ တိတ်ဆိတ်စွာ နေကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သိုးသငယ်တော်သည် သတ္တမတံဆိပ်ကိုဖွင့်သောအခါ ကောင်းကင်ဘုံ၌ နာရီဝက်ခန့် တိတ်ဆိတ်နေ၏။ |
ထိုဝိညာဉ်သည် မလှုပ်မယှက်ရပ်နေ၏။ သို့သော် သူ့ရုပ်သွင်ကို ငါမဖော်ပြတတ်။ သူ့သဏ္ဌာန်ကိုသာ ငါမြင်ရ၏။ တိတ်ဆိတ်နေ၏။ ထို့နောက် အသံတစ်ခုကို ငါကြားရ၏။
ထာဝရဘုရားရှေ့တော်၌ တိတ်ဆိတ်စွာနေ၍ ကိုယ်တော်ကိုငံ့လင့်လော့။ မိမိပြုသောအမှု၌ အောင်မြင်သောသူကြောင့်လည်းကောင်း၊ ကောက်ကျစ်သောအကြံအစည်များကို ကြံစည်သောသူကြောင့်လည်းကောင်း စိတ်အနှောင့်အယှက်မဖြစ်နှင့်။
ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌သာ ငြိမ်သက်ချမ်းသာမှုကိုခံစားရ၏။ ငါ့ကိုကယ်တင်ခြင်းအကြောင်းသည် ကိုယ်တော့်ထံမှလာ၏။
ထာဝရဘုရားသည် သန့်ရှင်းရာဗိမာန်တော်၌ စံမြန်းတော်မူ၏။ မြေကြီးသားအပေါင်းတို့၊ ရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့”ဟု တုံ့ပြန်မိန့်ဆိုတော်မူ၏။
အို လူသားအပေါင်းတို့၊ ထာဝရဘုရားရှေ့တော်၌ ငြိမ်ဝပ်စွာနေကြလော့။ ထာဝရဘုရားသည် သန့်ရှင်းသောကိန်းဝပ်တော်မူရာအရပ်မှ ကြွလာတော်မူပြီ။
ထိုအခါ သူတို့သည် သွား၍ ကျောက်တုံးကိုတံဆိပ်ခတ်ကာ အစောင့်တပ်သားကိုချထားလျက် သင်္ချိုင်းဂူကိုစောင့်ကြပ်စေကြ၏။
ထို့နောက် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်၏လက်ယာလက်၌ အတွင်းအပြင်နှစ်ဖက်စလုံးတွင် စာများရေးထားပြီး တံဆိပ်ခုနစ်ခုဖြင့်ခတ်နှိပ်ထားသော စာလိပ်တစ်လိပ်ရှိသည်ကို ငါမြင်ရ၏။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး
ထို့နောက် သိုးသငယ်တော်သည် တံဆိပ်ခုနစ်ခုထဲမှ တစ်ခုကိုဖွင့်သောအခါ ငါကြည့်လျှင် သတ္တဝါလေးပါးတို့ထဲမှတစ်ပါးက မိုးချုန်းသံကဲ့သို့သောအသံဖြင့် “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။
သိုးသငယ်တော်သည် ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လိုက်ရာ ငလျင်ပြင်းထန်စွာလှုပ်သဖြင့် နေသည် ဆိတ်မွေးနှင့်လုပ်သောအထည်ကြမ်းကဲ့သို့ မည်းသွား၍ လတစ်ခုလုံးသည် သွေးကဲ့သို့ဖြစ်သွားလေ၏။
သိုးသငယ်တော်သည် ဒုတိယတံဆိပ်ကိုဖွင့်သောအခါ ဒုတိယသတ္တဝါက “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။
သိုးသငယ်တော်သည် တတိယတံဆိပ်ကိုဖွင့်သောအခါ တတိယသတ္တဝါက “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။ ထိုအခါ ငါကြည့်လိုက်ရာ မြင်းနက်တစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူသည် မိမိလက်၌ ချိန်ခွင်ကို ကိုင်ထား၏။
သိုးသငယ်တော်သည် စတုတ္ထတံဆိပ်ကိုဖွင့်သောအခါ စတုတ္ထသတ္တဝါက “လာလော့”ဟု ဆိုသည့်အသံကို ငါကြားရ၏။
သိုးသငယ်တော်သည် ပဉ္စမတံဆိပ်ကိုဖွင့်သောအခါ ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့်လည်းကောင်း၊ မိမိတို့ရရှိထားသောသက်သေခံချက်ကြောင့်လည်းကောင်း အသေသတ်ခြင်းခံရသောသူတို့၏ဝိညာဉ်များကို ယဇ်ပလ္လင်အောက်တွင် ငါမြင်ရ၏။