ကိုယ်တော်ကိုမသိသော လူမျိုးတို့အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကို တသခေါ်ဆိုခြင်းမပြုသော တိုင်းနိုင်ငံတို့အပေါ်သို့လည်းကောင်း ကိုယ်တော်၏အမျက်ဒေါသကို သွန်းလောင်းတော်မူပါ။
ဗျာဒိတ် 16:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဗိမာန်တော်ထဲမှကျယ်လောင်သောအသံက “သွားကြလော့။ ဘုရားသခင်၏ပြင်းစွာသောဒေါသဖလားခုနစ်လုံးကို မြေကြီးပေါ်သို့သွန်းလောင်းကြလော့”ဟု ကောင်းကင်တမန်ခုနစ်ပါးတို့အား ဆိုသည်ကို ငါကြားရ၏။ Common Language Bible ထိုနောက်ဗိမာန်တော်ထဲမှကျယ်သောအသံ ထွက်ပေါ်လာ၏။ ထိုအသံက``ကမ္ဘာမြေပေါ် သို့ဘုရားသခင်၏အမျက်တော်ဖလား ခုနစ်လုံးကိုသွန်းလောင်းလော့'' ဟုကောင်းကင် တမန်ခုနစ်ပါးတို့အားပြောဆိုသည်ကို ငါကြားရ၏။ Garrad Bible စေ တ မန် တော် ခု နစ် ပါး တို့ အား သွား ၍ ဘု ရား သ ခင့် အ မျက် တော် ဖ လား ခု နစ် လုံး ကို မြေ ကြီး ပေါ် သို့ သွန်း လောင်း လော့ ဟု ဗိ မာန် တော် မှ ကျယ် သော အ သံ ကို ငါ ကြား ရ ပြီး နောက်၊ Judson Bible ဗိမာန်တော်ထဲက ကြီးသောအသံကား၊ သွားကြလော့။ ဘုရားသခင်၏ အမျက်တော်ဖလား ခုနစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းကြလော့ဟု ကောင်းကင်တမန် ခုနစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဗိမာန်တော်ထဲမှ “သွားလော့။ ဘုရားသခင်၏ အမျက်တော်နှင့်ပြည့်နေသောဖလား ခုနစ်လုံးကို ကမ္ဘာမြေပေါ်သို့ သွန်းလောင်းလော့” ဟု ကောင်းကင်တမန်ခုနစ်ပါးတို့အား ကျယ်လောင်စွာ ပြောသည့်အသံကို ကျွန်ုပ်ကြားရ၏။ |
ကိုယ်တော်ကိုမသိသော လူမျိုးတို့အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကို တသခေါ်ဆိုခြင်းမပြုသော တိုင်းနိုင်ငံတို့အပေါ်သို့လည်းကောင်း ကိုယ်တော်၏အမျက်ဒေါသကို သွန်းလောင်းတော်မူပါ။
ကိုယ်တော်ကိုမသိသော လူမျိုးခြားတို့အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကိုမခေါ်သော မျိုးနွယ်စုတို့အပေါ်သို့လည်းကောင်း အမျက်တော်ကို သွန်ချတော်မူပါ။ အကြောင်းမူကား သူတို့သည် ယာကုပ်အမျိုးကိုဝါးမျို၍ အကုန်အစင်ဖျက်ဆီးလေပြီ။ သူနေထိုင်ရာအရပ်ကိုလည်း ဖျက်ဆီးလေပြီ။
ကိုယ်တော်သည် ပိတ်ချောထည်ဝတ်ထားသူအား “ခေရုဗိမ်အောက် ဘီးများကြားသို့ဝင်၍ ခေရုဗိမ်အလယ်ရှိမီးခဲကို လက်နှင့်အပြည့်ယူပြီးလျှင် မြို့ပေါ်ကြဲချလော့”ဟု မိန့်တော်မူရာ ထိုသူလည်း ဝင်သွားသည်ကို ငါတွေ့ရ၏။
ထို့ကြောင့် ငါ့အမျက်ဒေါသကို သူတို့အပေါ် သွန်ချမည်။ ငါ့အမျက်မီးဖြင့် သူတို့ကို လောင်ကျွမ်းစေမည်။ သူတို့ပြုကျင့်ခဲ့သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်ဆို၏။
ထို့ကြောင့် ငါထ၍ လုယက်တိုက်ခိုက်မည့်နေ့ကို စောင့်နေလော့။ အကယ်စင်စစ် ငါသည် တိုင်းနိုင်ငံအရပ်ရပ်မှ လူမျိုးတကာတို့ကို ခေါ်ယူစုစည်းပြီး တရားစီရင်မည်။ ပြင်းထန်သော ငါ့အမျက်၊ ငါ့ဒေါသမီးအလုံးအရင်းကို သူတို့အပေါ်သို့သွန်ချမည်။ ငါ့ဒေါသမီးအရှိန်ကြောင့် မြေတစ်ပြင်လုံးလောင်ကျွမ်းသွားလိမ့်မည်။
ထို့နောက် ကောင်းကင်၌ရှိသော ဘုရားသခင်၏ဗိမာန်တော်သည်ပွင့်၍ ထိုဗိမာန်တော်ထဲတွင် ကိုယ်တော်၏ပဋိညာဉ်သေတ္တာတော်ကို တွေ့မြင်ရ၏။ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနှင့် ကြီးမားသောမိုးသီးကျခြင်းတို့လည်း ဖြစ်ပေါ်လေ၏။
ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်ထဲမှထွက်လာ၍ မိုးတိမ်ပေါ်တွင်ထိုင်နေသောသူအား “မြေကြီးပေါ်မှရိတ်သိမ်းစရာသည် မှည့်ပြီဖြစ်၍ ရိတ်သိမ်းရန်အချိန်ကျရောက်ပြီဖြစ်သောကြောင့် ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ ရိတ်သိမ်းတော်မူပါ”ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။
ထို့နောက် မီးအပေါ်အခွင့်အာဏာရှိသည့် အခြားသောကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်ထဲမှထွက်လာ၍ ထက်သောတံစဉ်ပါသောသူအား “စပျစ်သီးများမှည့်ပြီဖြစ်သောကြောင့် သင်၏ထက်သောတံစဉ်ကိုလွှတ်၍ မြေကြီးပေါ်မှစပျစ်ခိုင်များကို ရိတ်သိမ်းလော့”ဟု ကျယ်လောင်သောအသံဖြင့် ဆိုလေ၏။
ထို့နောက် ကောင်းကင်၌ ကြီးမား၍အံ့သြဖွယ်ကောင်းသည့် အခြားနိမိတ်လက္ခဏာတည်းဟူသော နောက်ဆုံးဘေးဒဏ်ခုနစ်မျိုးကိုဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးကို ငါမြင်ရ၏။ ထိုဘေးဒဏ်များအားဖြင့် ဘုရားသခင်၏ပြင်းစွာသောဒေါသသည် ပြည့်စုံခြင်းသို့ရောက်မည်ဖြစ်၏။
သတ္တမကောင်းကင်တမန်သည် သူ၏ဖလားကို အာကာသထဲသို့သွန်းလောင်းသောအခါ ဗိမာန်တော်ထဲရှိ ပလ္လင်တော်မှ ကျယ်လောင်သောအသံထွက်ပေါ်လာ၍ “အမှုပြီးမြောက်ပြီ”ဟု ဆို၏။
ထာဝရဘုရားသည် မိမိအမှုတော်ကိုထမ်းဆောင်ရန် သင့်ကို စေလွှတ်ခဲ့၏။ သင့်အား ‘အပြစ်သားအာမလက်လူမျိုးတို့ကို သွားရောက်ချေမှုန်းလော့။ တစ်ယောက်မကျန်အကုန်ချေမှုန်းလော့’ဟု မိန့်တော်မူခဲ့၏။
ယခု သွား၍ အာမလက်လူမျိုးတို့ကို တိုက်ခိုက်လော့။ သူတို့ပိုင်ဆိုင်သောအရာအားလုံးကို ဖျက်ဆီးပစ်လော့။ မနှမြောနှင့်။ ယောက်ျား၊ မိန်းမ၊ ကလေးမှစ၍ နို့စို့ကလေးသူငယ်များအပါအဝင် နွား၊ သိုး၊ ကုလားအုတ်၊ မြည်းတို့ကို သတ်ဖြတ်လော့’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။