Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဗျာ​ဒိတ် 16:1 - Common Language Bible

1 ထို​နောက်​ဗိ​မာန်​တော်​ထဲ​မှ​ကျယ်​သော​အ​သံ ထွက်​ပေါ်​လာ​၏။ ထို​အ​သံ​က``ကမ္ဘာ​မြေ​ပေါ် သို့​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​ဖ​လား ခု​နစ်​လုံး​ကို​သွန်း​လောင်း​လော့'' ဟု​ကောင်း​ကင် တ​မန်​ခု​နစ်​ပါး​တို့​အား​ပြော​ဆို​သည်​ကို ငါ​ကြား​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 စေ တ မန် တော် ခု နစ် ပါး တို့ အား သွား ၍ ဘု ရား သ ခင့် အ မျက် တော် ဖ လား ခု နစ် လုံး ကို မြေ ကြီး ပေါ် သို့ သွန်း လောင်း လော့ ဟု ဗိ မာန် တော် မှ ကျယ် သော အ သံ ကို ငါ ကြား ရ ပြီး နောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ဗိ​မာန်​တော်​ထဲ​က ကြီး​သော​အ​သံ​ကား၊ သွား​ကြ​လော့။ ဘု​ရား​သ​ခင်၏ အ​မျက်​တော်​ဖ​လား ခု​နစ်​လုံး​ကို မြေ​ကြီး​ပေါ်​သို့ သွန်း​လောင်း​ကြ​လော့​ဟု ကောင်း​ကင်​တ​မန် ခု​နစ်​ပါး​တို့​အား ပြော​ဆို​သည်​ကို ငါ​ကြား၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထို့နောက် ဗိမာန်​တော်​ထဲမှ​ကျယ်လောင်​သော​အသံ​က “သွား​ကြ​လော့။ ဘုရားသခင်​၏​ပြင်းစွာ​သော​ဒေါသ​ဖလား​ခုနစ်​လုံး​ကို မြေကြီး​ပေါ်သို့​သွန်းလောင်း​ကြ​လော့”​ဟု ကောင်းကင်​တမန်​ခုနစ်​ပါး​တို့​အား ဆို​သည်​ကို ငါ​ကြား​ရ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

1 ထို့နောက် ဗိမာန်တော်​ထဲမှ “သွားလော့။ ဘုရားသခင်​၏ အမျက်တော်​နှင့်​ပြည့်နေသော​ဖလား ခုနစ်လုံး​ကို ကမ္ဘာ​မြေ​ပေါ်သို့ သွန်းလောင်းလော့” ဟု ကောင်းကင်တမန်​ခုနစ်ပါးတို့​အား ကျယ်လောင်​စွာ ပြောသည့်​အသံ​ကို ကျွန်ုပ်​ကြားရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဗျာ​ဒိတ် 16:1
17 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​အား​ရှိ​မ​ခိုး၊ဝတ်​မ​ပြု​သည့် လူ​မျိုး​တို့​အား​လည်း​ကောင်း၊ကိုယ်​တော်​ရှင်​ထံ ဆု​တောင်း​ပတ္ထ​နာ​မ​တောင်း​မ​လျှောက် သူ​တို့​အား​လည်း​ကောင်း​အ​မျက်​ထွက်​တော်​မူ​ပါ။


ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို​အ​သိ​အ​မှတ် မ​ပြု​သူ၊ ကိုယ်​တော်​ရှင်​အား​ပစ်​ပယ်​သူ​တို့​အ​ပေါ် အ​မျက်​တော်​ကို​သွန်း​လောင်း​တော်​မူ​ပါ။ သူ​တို့​သည်​ယာ​ကုပ်​အ​မျိုး​အား​သတ်​ဖြတ်​ကြ ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​အား​အ​ကုန်​အ​စင်​သုတ်​သင် ပယ်​ရှင်း​၍ ကျွန်​တော်​မျိုး​တို့​ပြည်​ကို​လည်း​ယို​ယွင်း​ပျက်​စီး စေ​ကြ​ပါ​ပြီ။


ဘု​ရား​သ​ခင်​က​ပိတ်​ချော​ထည်​ဝတ်​ဆင် ထား​သူ​အား``ထို​သတ္တ​ဝါ​တို့​၏​အောက်​၌​ရှိ သော​ရ​ထား​ဘီး​များ​အ​ကြား​သို့​သွား​၍ ထို​သတ္တ​ဝါ​တို့​၏​ကြား​ရှိ​မီး​ကျီး​ခဲ​တို့ ကို​လက်​ခုပ်​ဖြင့်​ကျုံး​ကာ​မြို့​ပေါ်​သို့​ကြဲ ချ​လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​သူ​သည်​လည်း​ငါ​၏​ရှေ့​မှောက်​၌​ပင် ထွက်​သွား​၏။-


သို့​ဖြစ်​၍​ငါ​သည်​အ​မျက်​တော်​ကို​သွန်း​လောင်း ၍ သူ​တို့​အ​ပေါ်​သို့​အ​မျက်​တော်​ကို​မီး​သ ဖွယ်​သက်​ရောက်​စေ​မည်။ သူ​တို့​ပြု​ခဲ့​သည့်​အ​မှု များ​အ​တွက်​သူ​တို့​၏​ခေါင်း​ပေါ်​သို့​ကျ​ရောက် စေ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။


ထာ​ဝ​ရ​ဘု​ရား​က``စောင့်​မျှော်​၍​နေ​လော့။ လူ မျိုး​တ​ကာ​တို့​အား​ငါ​ထ​၍​ပြစ်​တင်​စွပ်​စွဲ မည့်​နေ့​ရက်​ကာ​လ​ကို​စောင့်​မျှော်​၍​နေ​လော့။ ငါ​၏​အ​မျက်​တော်​အ​ရှိန်​ကို​ခံ​စား​စိမ့် သော​ငှာ၊ လူ​မျိုး​တ​ကာ​နှင့်​နိုင်​ငံ​တ​ကာ ကို​စု​သိမ်း​ရန်​ငါ​သန္နိ​ဋ္ဌာန်​ချ​မှတ်​ထား​လေ ပြီ။ ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​သည်​ငါ​၏ အ​မျက်​တော်​မီး​ဖြင့်​ကျွမ်း​လောင်​ပျက်​စီး ၍​သွား​လိမ့်​မည်။


ထို​အ​ခါ​ကောင်း​ကင်​ဘုံ​၌​ဘု​ရား​သ​ခင် ၏​ဗိ​မာန်​တော်​တံ​ခါး​သည်​ပွင့်​၍​လာ​သ​ဖြင့် ဗိ​မာန်​တော်​ထဲ​က​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ငါ​မြင်​ရ​၏။ ထို​နောက်​လျှပ်​စစ်​များ​ပြက် ခြင်း၊ မိုး​ခြိမ်း​ခြင်း၊ မြေ​င​လျင်​လှုပ်​ခြင်း၊ မိုး သီး​မုန်​တိုင်း​ကြီး​ကျ​ခြင်း​များ​ဖြစ်​လေ သည်။


အ​ခြား​ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် ဗိ​မာန် တော်​မှ​ထွက်​လာ​၍ မိုး​တိမ်​ပေါ်​တွင်​ထိုင်​လျက် နေ​သူ​အား``ကမ္ဘာ​မြေ​ကြီး​ပေါ်​၌​စ​ပါး​များ ကောင်း​စွာ​မှည့်​ပြီ​ဖြစ်​၍​ရိတ်​သိမ်း​ရန်​အ​ချိန် ကျ​ရောက်​လေ​ပြီ။ ထို့​ကြောင့်​ကိုယ်​တော်​၏ တံ​စဉ်​ကို​ယူ​၍​ရိတ်​သိမ်း​တော်​မူ​ပါ'' ဟု အ​သံ​ကျယ်​စွာ​ပြော​ဆို​၏။-


ထို​နောက်​မီး​ကို​အ​စိုး​ရ​သော​ကောင်း​ကင်​တ​မန် သည် ယဇ်​ပလ္လင်​တော်​မှ​ထွက်​လာ​၏။ သူ​သည်​တံ​စဉ် ကို​ကိုင်​ထား​သည့်​ကောင်း​ကင်​တ​မန်​အား``သင်​၏ တံ​စဉ်​ကို​ယူ​၍ ကမ္ဘာ​မြေ​ပေါ်​က​စ​ပျစ်​သီး​တို့ ကို​ရိတ်​သိမ်း​လော့။ စ​ပျစ်​သီး​များ​မှည့်​လေ​ပြီ'' ဟု​အ​သံ​ကျယ်​စွာ​ပြော​၏။-


ထို​နောက်​ငါ​သည်​ကောင်း​ကင်​တွင်​အံ့​သြ​ဖွယ် ကောင်း​သည့် အ​တိတ်​နိ​မိတ်​ကြီး​တစ်​ရပ်​ကို​မြင် ရ​ပြန်​၏။ ထို​အ​တိတ်​နိ​မိတ်​ကား​ကပ်​ခု​နစ်​ပါး ကို​ယူ​ဆောင်​လာ​သော ကောင်း​ကင်​တ​မန်​ခု​နစ် ပါး​ဖြစ်​၏။ ထို​ကပ်​ရော​ဂါ​တို့​သည်​ဘု​ရား သ​ခင်​၏​အ​မျက်​တော်​ကို​နောက်​ဆုံး​အ​ကောင် အ​ထည်​ဖော်​ခြင်း​ပင်​ဖြစ်​၍ နောက်​ဆုံး​ကျ ရောက်​လာ​မည့်​ကပ်​များ​ဖြစ်​ပေ​သည်။


သတ္တ​မ​ကောင်း​ကင်​တ​မန်​သည်​မိ​မိ​ဖ​လား​မှ အ​မျက်​တော်​ကို လေ​ထဲ​သို့​သွန်း​လောင်း​လိုက် ၏။ ထို​အ​ခါ​ဗိ​မာန်​တော်​အ​တွင်း​ရှိ​ပလ္လင်​တော် မှ``အ​မှု​ပြီး​ဆုံး​လေ​ပြီ'' ဟု​ကျယ်​စွာ​သော အ​သံ​ထွက်​ပေါ်​၍​လာ​၏။-


ယုတ်​မာ​သော​ထို​အာ​မ​လက်​အ​မျိုး​သား​တို့ အား သုတ်​သင်​ပစ်​ရန်​အ​မိန့်​ပေး​၍​သင့်​ကို​စေ လွှတ်​ခဲ့​၏။ ကိုယ်​တော်​သည်​သူ​တို့​အား​တစ် ယောက်​မ​ကျန်​သတ်​ဖြတ်​ပြီး​သည်​တိုင်​အောင် စစ်​တိုက်​ရန်​မှာ​ကြား​တော်​မူ​ခဲ့​၏။-


သင်​သည်​အာ​မ​လက်​အမျိုး​သား​တို့​အား​သွား ရောက်​တိုက်​ခိုက်​လော့။ သူ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ သ​မျှ​ကို​ဖျက်​ဆီး​ပစ်​ရ​မည်။ တစ်​စုံ​တစ်​ခု မျှ​မ​ကျန်​စေ​နှင့်။ ရှိ​သ​မျှ​ယောကျာ်း၊ မိန်း​မ၊ က​လေး​သူ​ငယ်၊ နို့​စို့​များ​အ​ပြင်​ရှိ​သ​မျှ သိုး၊ နွား၊ ကု​လား​အုတ်၊ မြည်း​များ​ကို​သုတ် သင်​ဖျက်​ဆီး​ပစ်​လော့'' ဟု​ဆို​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ