လူတို့သည် ကိုယ်တော်၏တရားတော်ကို မစောင့်ထိန်းကြသောကြောင့် အကျွန်ုပ်၏မျက်စိတို့မှ မျက်ရည်ချောင်းများစီးဆင်းပါ၏။
ဖိလိပ္ပိ 3:18 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သင်တို့အား မကြာခဏ ငါပြောခဲ့ပြီး ယခုတစ်ဖန် မျက်ရည်ကျလျက်ပြောသည်မှာ များစွာသောသူတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကိုရန်ဘက်ပြုလျက် အသက်ရှင်လျှောက်လှမ်းနေကြ၏။ Common Language Bible ဤအချက်ကိုကြိမ်ဖန်များစွာငါဖော်ပြဖူးလေပြီ။ ယခုလည်းမျက်ရည်ဖြင့်ထပ်မံ၍ဖော်ပြ၏။ ခရစ်တော် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံတော်မူခြင်းတရား တော်နှင့်ဆန့်ကျင်၍ပြုကျင့်သူလူအများပင် ရှိပေသည်။- Garrad Bible အ ထက် က ကြိမ် ဖန် များ စွာ ငါ ပြော ခဲ့ သည့် ပြင် ယ ခု လည်း မျက် ရည် ကျ လျက် ပြော ရ သည့် အ တိုင်း အ များ တို့ သည် ခ ရစ် တော်၏ ကား တိုင် တော် ကို ရန် မူ၍ လျှောက် လိုက် ကြ လေ စွ။ Judson Bible အကြောင်းမူကား၊ အထက်အဖန်ဖန် ငါပြော၍၊ ယခုပင် မျက်ရည်ကျလျက်နှင့် ပြောသည်အတိုင်း၊ ခရစ်တော်၏ လက်ဝါးကပ်တိုင်ကို ရန်ဘက်ပြု၍ ကျင့်သောသူအများရှိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခင်က သင်တို့ကို ကျွန်ုပ် မကြာခဏ ပြောသကဲ့သို့ ယခုလည်း မျက်ရည်ကျလျက် ထပ်မံပြောလိုသည်မှာ လူများစွာတို့သည် လက်ဝါးကပ်တိုင်၌ ခရစ်တော်အသေခံတော်မူခြင်း၏ အဓိပ္ပာယ်ကို မိမိတို့၏ ပြုမူနေထိုင်ပုံဖြင့် ဖျက်ဆီးလျက်ရှိကြောင်း ဖြစ်၏။ |
လူတို့သည် ကိုယ်တော်၏တရားတော်ကို မစောင့်ထိန်းကြသောကြောင့် အကျွန်ုပ်၏မျက်စိတို့မှ မျက်ရည်ချောင်းများစီးဆင်းပါ၏။
အကယ်စင်စစ် ထာဝရဘုရားသည် အားကြီးသောလက်တော်ကို ငါ့အပေါ်တင်လျက် ဤလူမျိုး၏လမ်းသို့မလိုက်ရန် ငါ့ကိုပဲ့ပြင်တော်မူသည်ကား
သင်တို့နားမထောင်လျှင် သင်တို့၏မာန်မာနကြောင့် ငါ့စိတ်ဝိညာဉ်သည် ကွယ်ရာ၌ ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသောကြောင့် ငါသည် ဝမ်းနည်းပက်လက်ငိုကြွေးမည်၊ မျက်ရည်ဖြိုင်ဖြိုင်စီးကျမည်။
မည်သူသည် ငါ့ခေါင်းကို ရေတွင်းဖြစ်စေမည်နည်း။ မည်သူသည် ငါ့မျက်စိကို မျက်ရည်ထွက်သောစမ်းဖြစ်စေမည်နည်း။ သို့ဖြစ်လျှင် အသတ်ခံရသောငါ့လူမျိုးသမီးပျိုအတွက် ငါသည် နေ့ညမပြတ်ငိုကြွေးနိုင်လိမ့်မည်။
ယခုတွင် ငါနေဗုခဒ်နေဇာမင်းကြီးသည် ကောင်းကင်ဘုံရှင်ဘုရင်ကို ချီးမွမ်းထောမနာပြုပါ၏၊ ချီးမြှောက်ပါ၏။ ကိုယ်တော်ပြုတော်မူသောအမှုသည် သစ္စာတော်နှင့်ပြည့်စုံတော်မူပါ၏။ ကိုယ်တော်၏နည်းလမ်းတော်တို့သည် တရားမျှတတော်မူ၏။ ကိုယ်တော်သည် မာနထောင်လွှားသောသူတို့ကို နှိမ့်ချနိုင်စွမ်းရှိတော်မူပါ၏။
ယဇ်ပုရောဟိတ်သည်လည်း ကြည့်ရှုစစ်ဆေး၍ ထိုသူ၏ပွေးဝဲယားနာသည် အရေပြားပေါ်၌ ပျံ့နေလျှင် ယဇ်ပုရောဟိတ်သည် ထိုသူအား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ထိုအနာသည် အနာကြီးရောဂါဖြစ်၏။
ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ရောက်လာ၍ ထိုမြို့ကိုမြင်တော်မူလျှင် ၎င်းအတွက် ငိုကြွေးလျက်
ငါသည် အလွန်စိတ်နှိမ့်ချခြင်း၊ မျက်ရည်ကျခြင်းနှင့် ဂျူးလူမျိုးတို့၏လျှို့ဝှက်ကြံစည်မှုကြောင့်ကျရောက်သော စုံစမ်းနှောင့်ယှက်ခြင်းတို့ကြားမှ သခင်ဘုရားကို အစေခံခဲ့၏။
ငါ၌အလွန်ဝမ်းနည်းခြင်းရှိ၍ ငါ၏စိတ်နှလုံးထဲတွင် အမြဲမပြတ်ပူပန်ခြင်းဝေဒနာရှိ၏။
အကြောင်းမူကား လက်ဝါးကပ်တိုင်တော်နှင့်ဆိုင်သောသတင်းစကားသည် ပျက်စီးခြင်းသို့ရောက်သောသူတို့အတွက် မိုက်မဲသောအရာဖြစ်သော်လည်း ကယ်တင်ခြင်းခံရသောငါတို့အတွက်မူကား ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
သို့မဟုတ် မဖြောင့်မတ်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရမည်မဟုတ်ကြောင်း သင်တို့မသိကြသလော။ အယူမလွဲကြနှင့်။ တရားနှင့်မညီမေထုန်ပြုသူများ၊ ရုပ်တုကိုးကွယ်သူများ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူများ၊ အမျိုးသားပြည့်တန်ဆာများ၊ လိင်တူဆက်ဆံသူများ၊
အကြောင်းမူကား ထိုသူတို့သည် ခရစ်တော်၏တမန်တော်များအဖြစ် ယောင်ဆောင်နေကြသည့် တမန်တော်အတုအယောင်များ၊ လှည့်ဖြားတတ်သောလုပ်သားများဖြစ်ကြ၏။
တစ်စုံတစ်ဦးအားနည်းသည့်အခါ ငါသည် အားမနည်းဘဲ နေနိုင်မည်လော။ တစ်စုံတစ်ဦးမှားယွင်းသည့်အခါ ငါသည် ပူပန်ခြင်းမရှိဘဲ နေနိုင်မည်လော။
သင်တို့ကိုဝမ်းနည်းစေရန်မဟုတ်ဘဲ သင်တို့အပေါ် ငါထားရှိသော ကြွယ်ဝသည့်ချစ်ခြင်းမေတ္တာကို သင်တို့သိစေရန် ငါသည် ကြီးစွာသောစိတ်ဆင်းရဲခြင်းနှင့် ပူဆွေးခြင်းထဲမှ မျက်ရည်များစွာဖြင့် သင်တို့ထံသို့ရေးလိုက်ခြင်းဖြစ်၏။
ထိုသို့ဆိုသော် အခြားကောင်းမြတ်သောသတင်းရှိသည်မဟုတ်။ လူအချို့တို့သည် သင်တို့ကို မငြိမ်မသက်ဖြစ်စေ၍ ခရစ်တော်၏ကောင်းမြတ်သောသတင်းကို မှောက်လှန်လိုကြခြင်းသာဖြစ်၏။
သို့သော် သူတို့သည် ကောင်းမြတ်သောသတင်း၏သမ္မာတရားနှင့်အညီ ဖြောင့်မတ်စွာလျှောက်လှမ်းခြင်းမရှိသည်ကို ငါမြင်သောအခါ ထိုသူအပေါင်းတို့ရှေ့၌ ကေဖအား “ဂျူးလူမျိုးဖြစ်သောသင်သည် ဂျူးလူမျိုးကဲ့သို့မနေထိုင်ဘဲ လူမျိုးခြားကဲ့သို့နေထိုင်သည်ဆိုလျှင် လူမျိုးခြားတို့ကို ဂျူးလူမျိုးကဲ့သို့နေထိုင်ရန် အဘယ်ကြောင့် အတင်းအကျပ်စေခိုင်းသနည်း”ဟု ငါဆို၏။
ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို မပစ်ပယ်။ အကြောင်းမူကား ဖြောင့်မတ်ခြင်းကို ပညတ်တရားအားဖြင့်ရရှိနိုင်လျှင် ခရစ်တော်သည် အချည်းနှီးအသေခံတော်မူပြီ။
မလိုမုန်းထားခြင်း၊ သောက်စားမူးယစ်ခြင်း၊ အပျော်ကြူးခြင်းတို့မှစ၍ ထိုကဲ့သို့သောလုပ်ဆောင်မှုများဖြစ်ကြ၏။ ထိုသို့သောအရာများကို ပြုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေဆက်ခံရကြမည်မဟုတ်ဟု ယခင်က ငါပြောခဲ့သည့်အတိုင်း ယခုလည်း သင်တို့အား ကြိုတင်ပြောထားမည်။
ကိုယ်ကာယ၌ အမြင်ကောင်းအောင်ပြုလိုသောသူရှိသမျှတို့သည် ခရစ်တော်၏လက်ဝါးကပ်တိုင်ကြောင့် ညှဉ်းဆဲခြင်းမခံလို၍သာ သင်တို့ကို အရေဖျားလှီးခြင်းခံရန် အတင်းအကျပ်စေခိုင်းကြခြင်းဖြစ်၏။
ငါ့အတွက်မူကား ငါတို့သခင်ယေရှုခရစ်တော်၏လက်ဝါးကပ်တိုင်၌ ဝါကြွားခြင်းမှတစ်ပါး အခြားဝါကြွားစရာမရှိ။ ငါ့အနေဖြင့် လောကသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရ၍ လောကအနေဖြင့်လည်း ငါသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရလေပြီ။
ထို့ကြောင့် လူမျိုးခြားတို့သည် သူတို့၏အနှစ်သာရကင်းမဲ့သောစိတ်အားဖြင့် အသက်ရှင်လျှောက်လှမ်းသကဲ့သို့ သင်တို့သည် နောက်ထပ် အသက်ရှင်လျှောက်လှမ်းခြင်းမရှိကြရန် သခင်ဘုရား၌ ငါသတိပေးလို၏။
ငါဆုတောင်းသည့်အခါတိုင်း သင်တို့အားလုံးအတွက် ဝမ်းမြောက်သောစိတ်နှင့် အစဉ်အမြဲဆုတောင်း၏။
ထိုအမှုအရာမျိုး၌ မိမိညီအစ်ကိုအပေါ်စည်းဖောက်၍ အခွင့်ကောင်းမယူကြရန်ဖြစ်၏။ အကြောင်းမူကား ငါတို့သည် သင်တို့ကို သတိပေး၍ ကြိုတင်ပြောထားခဲ့သည့်အတိုင်း သခင်ဘုရားသည် ဤအမှုအရာအားလုံးအတွက် အပြစ်ဒဏ်ပေးတော်မူလိမ့်မည်။
သို့သော် သင်တို့ထဲတွင် အချို့တို့သည် စည်းမဲ့ကမ်းမဲ့အသက်ရှင်လျှောက်လှမ်း၍ အလုပ်မလုပ်ဘဲ သူတစ်ပါးကိစ္စ၌ ဝင်ရောက်စွက်ဖက်နေကြောင်း ငါတို့ကြားရကြ၏။
အထူးသဖြင့် ညစ်ညူးသောတပ်မက်မှုအားဖြင့် သွေးသားဇာတိနောက်သို့လိုက်၍ အုပ်စိုးခြင်းကိုမထီမဲ့မြင်ပြုသောသူတို့ကို ထိုသို့ထိန်းသိမ်းထားတော်မူလိမ့်မည်။ ဤသူတို့သည် အတင့်ရဲသောသူ၊ ထင်ရာစိုင်းတတ်သောသူဖြစ်ကြ၍ ကြောက်ရွံ့ခြင်းမရှိဘဲ ဘုန်းအသရေရှိသောသူတို့ကို စော်ကားပြောဆိုတတ်ကြ၏။
မိမိတို့အရှက်ကို အမြှုပ်ကဲ့သို့ပေါ်စေသည့် ပြင်းထန်သောပင်လယ်လှိုင်းတံပိုးများ၊ လှည့်လည်သွားလာသော ကြယ်များဖြစ်ကြ၏။ သူတို့အတွက် မှောင်မည်းသောအမှောင်ကို ထာဝရထိန်းသိမ်းထားလျက်ရှိ၏။