Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဂ​လာ​တိ 1:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ထိုသို့ဆိုသော် အခြား​ကောင်းမြတ်​သော​သတင်း​ရှိ​သည်​မ​ဟုတ်။ လူ​အချို့​တို့​သည် သင်​တို့​ကို မငြိမ်မသက်​ဖြစ်​စေ​၍ ခရစ်တော်​၏​ကောင်းမြတ်​သော​သတင်း​ကို မှောက်လှန်​လို​ကြ​ခြင်း​သာ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း​မှာ​အ​ခြား မူ​ကွဲ​မ​ရှိ။ သင်​တို့​၏​စိတ်​ကို​နှောင့်​ယှက်​၍ ခ​ရစ်​တော် ၏​အ​ကြောင်း​သ​တင်း​ကောင်း​ကို မှောက်​လှန်​လို​သူ​လူ အ​ချို့​ရှိ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 တစ် ပါး သ တင်း တော် မ ဟုတ် သော် လည်း သင် တို့ စိတ် ကို မွှေ နှောက်၍ ခ ရစ် တော်၏ သ တင်း တော် မြတ် ကို မှောက် လှန် လို သူ ဆ ရာ များ ရှိ သေး စွ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ထို​ဧ​ဝံ​ဂေ​လိ​တ​ရား​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​မ​ဟုတ်။ သင်​တို့​ကို နှောင့်​ယှက်၍ ခ​ရစ်​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို မှောက်​လှန်​ချင်​သော​သူ အ​ချို့​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

7 အမှန်​တွင်မူ အခြား​သတင်းကောင်း​ဟူ၍ မရှိပါ။ အချို့​က သင်တို့​ကို စိတ်ရှုပ်ထွေးစေ​၍ ခရစ်တော်​၏ သတင်းကောင်း​ကို မှောက်လှန်​လိုခြင်း​သာ ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂ​လာ​တိ 1:7
38 ပူးပေါင်းရင်းမြစ်များ  

မုသား​သည် မဟုတ်မမှန် ပရောဖက်ပြု​ဟောပြော​သော ပရောဖက်​တို့​၏​စိတ်​ထဲ၌ မည်မျှ​ကြာ​အောင်​ရှိ​နေ​ဦး​မည်နည်း​။ သူ​တို့​သည် သူ​တို့​စိတ်​ထဲ၌​ရှိ​သည့် လှည့်စားမှု​အတိုင်း ပရောဖက်​ပြု​ကြ​၏​။


လူ​တိုင်း ကိုယ့်​စကား​ကို ဗျာဒိတ်စကား​ဖြစ်​သည်​ဟု​ဆို​လျက် ငါ​တို့​၏​ဘုရားသခင်​ဖြစ်​တော်မူ​သော​၊ အသက်ရှင်​တော်မူ​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​စကား​တော်​ကို ကပြောင်းကပြန်​ဖြစ်​စေ​ကြ​သောကြောင့် ထာဝရဘုရား​၏​ဗျာဒိတ်​တော်​ဟူ၍ ဘယ်​သောအခါ​မျှ သင်​တို့​မ​ပြော​ရ​။


အကြောင်းမူကား ခရစ်တော်​အတုအယောင်​များ​နှင့် ပရောဖက်​အတုအယောင်​များ​ပေါ်လာ​၍ ဖြစ်နိုင်​လျှင် ရွေးကောက်​ခံရ​သော​သူ​တို့​ကို​ပင် လှည့်ဖြား​ရန် ကြီးမား​သော​နိမိတ်​လက္ခဏာ​များ​နှင့် အံ့ဩဖွယ်ရာ​များ​ကို ပြု​ကြ​လိမ့်မည်။


“အို စဉ်းလဲ​ခြင်း​အပေါင်း​နှင့်​လှည့်စား​မှု​ရှိသမျှ​တို့​ဖြင့်​ပြည့်ဝ​သူ၊ မာရ်နတ်​၏​သား၊ ဖြောင့်မတ်​ခြင်း​အပေါင်း​တို့​၏​ရန်သူ၊ သင်​သည် ထာဝရ​ဘုရား​၏​ဖြောင့်မတ်​သော​လမ်း​တို့​ကို ကွေ့ကောက်​အောင်​လုပ်​ခြင်း​မှ မ​ရပ်တန့်​ဘဲ​နေ​မည်​လော။


ငါ​တို့​ထံမှ လူ​အချို့​တို့​သည် ငါ​တို့​၏​ညွှန်ကြား​ချက်​မ​ရှိ​ဘဲ​ထွက်သွား​၍ အမျိုးမျိုး​သော​စကား​အားဖြင့် သင်​တို့​ကို​ပူပန်​စေ​ပြီး သင်​တို့​ကို စိတ်​အနှောင့်အယှက်​ဖြစ်​စေ​ခဲ့​သည်​ဟု ငါ​တို့​ကြား​ရ​၏။


သင်​တို့​အထဲမှ​လည်း တပည့်​တော်​များ​ကို မိမိ​တို့​ဘက်​သို့​ဆွယ်​ရန် ဖောက်ပြန်​လမ်းလွဲ​သော​အရာ​များ​ကို ပြောဆို​သော​သူ​အချို့​တို့ ပေါ်လာ​ကြ​လိမ့်မည်။


အကြောင်းမူကား ထို​သူ​တို့​သည် ခရစ်တော်​၏​တမန်တော်​များ​အဖြစ် ယောင်ဆောင်​နေ​ကြ​သည့် တမန်တော်​အတုအယောင်​များ၊ လှည့်ဖြား​တတ်​သော​လုပ်သား​များ​ဖြစ်​ကြ​၏။


အကြောင်းမူကား ငါ​တို့​သည် များစွာ​သော​သူ​တို့​ပြု​သကဲ့သို့ ဘုရားသခင်​၏​နှုတ်ကပတ်​တရား​တော်​ကို လှည့်လည်​ရောင်းစား​၍​အမြတ်ထုတ်​ကြ​သည်​မ​ဟုတ်​ဘဲ ဖြူစင်​သော​သူ၊ ဘုရားသခင်​ထံမှ စေလွှတ်​ခြင်း​ခံရ​သော​သူ​အဖြစ် ဘုရားသခင်​ရှေ့​တော်​၌ ခရစ်တော်​ကို​အမှီပြု​၍ ငါ​တို့​ဟောပြော​ကြ​၏။


ငါ​တို့​သည် ကွယ်ဝှက်​ထား​သည့် ရှက်ဖွယ်ရာ​များ​ကို​စွန့်ပယ်​၍ ပရိယာယ်​၌​ကျင်လည်​ခြင်း၊ ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို မလိမ့်တပတ်​လုပ်​ခြင်း​တို့​မ​ရှိ​ဘဲ သမ္မာတရား​ကို အတိအလင်း​ဖော်ပြ​ခြင်း​အားဖြင့် ဘုရားသခင်​၏​ရှေ့​တော်​၌ လူ​အပေါင်း​တို့​၏​အသိစိတ်​တွင် မိမိတို့ကိုယ်ကို​ထင်ရှား​စေ​ကြ​၏။


သင်​တို့​သည် ခရစ်တော်​၏​ကျေးဇူး​တော်​အားဖြင့် သင်​တို့​ကို​ခေါ်ယူ​တော်မူ​သော​အရှင်​ထံမှ ခြားနား​သည့်​ကောင်းမြတ်​သော​သတင်း​ဘက်​သို့ ဤမျှလောက်​အလျင်အမြန်​လှည့်​သွား​ကြ​သည်​ကို ငါ​အလွန်​အံ့ဩ​မိ​၏။


ဤသို့​ဆို​ရ​ခြင်းမှာ လျှို့ဝှက်​စွာ​ဝင်လာ​သော ညီအစ်ကို​အတုအယောင်​များ​ရှိ​ကြ​သောကြောင့်​ဖြစ်​၏။ ထို​သူ​တို့​သည် ငါ​တို့​ကို ကျွန်ခံ​စေ​လို​၍ ခရစ်တော်​ယေရှု​အားဖြင့် ငါ​တို့​ရရှိ​သော ငါ​တို့​၏​လွတ်လပ်​ခြင်း​ကို​စုံစမ်း​ရန် ဝင်ရောက်​လာ​ကြ​၏။


သင်​တို့​အပေါ် အရေးတယူ​ပြု​ကြ​သော​ထို​သူ​တို့​သည် ကောင်း​သော​ရည်ရွယ်ချက်​ကြောင့်​မ​ဟုတ်​ဘဲ သူ​တို့​အပေါ် အရေးတယူ​ပြု​စေရန် သင်​တို့​ကို သီးသန့်​ဖယ်ထုတ်​လို​၍​သာ​ဖြစ်​၏။


သင်​တို့​တွင် ခြားနား​သော​အယူအဆ​တစ်စုံတစ်ခု​မျှ ရှိ​မည်​မ​ဟုတ်​ဟု သခင်​ဘုရား​၌ သင်​တို့​ကို ငါ​ယုံကြည်​စိတ်ချ​၏။ သင်​တို့​ကို မငြိမ်မသက်​ဖြစ်​စေ​သော​သူ​သည် မည်သူ​ပင်​ဖြစ်​ပါစေ ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။


သင်​တို့​ကို မွှေနှောက်​ရှုပ်ထွေး​စေ​သော​သူ​တို့​သည် မိမိတို့ကိုယ်ကို​ပင် သင်းကွပ်​လိုက်​လျှင် ကောင်း​လိမ့်မည်။


ယခု​မှစ၍ မည်သူမျှ ငါ့​အား အနှောင့်အယှက်​မ​ပေး​ပါစေ​နှင့်။ အကြောင်းမူကား ငါ​သည် ယေရှု​နှင့်ဆိုင်သော​အမှတ်တံဆိပ်​များ​ကို ငါ​၏​ကိုယ်ခန္ဓာ​၌ ဆောင်​ထား​၏။


သူ​တို့​သည် သမ္မာတရား​လမ်း​မှ​လွဲချော်​၍ သေ​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​သည် ဖြစ်ပျက်​ခဲ့​လေ​ပြီ​ဟု​ဆို​လျက် အချို့​သော​သူ​တို့​၏​ယုံကြည်​ခြင်း​ကို ချွတ်ချော်​လွဲမှား​စေ​ကြ​၏။


သင်​တို့​ကို​လှည့်ဖြား​သော​သူ​တို့​နှင့်​ပတ်သက်၍ ဤ​အကြောင်းအရာ​များ​ကို သင်​တို့​ထံ ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။


ချစ်​ရ​သော​သူ​တို့၊ များစွာ​သော​ပရောဖက်​အတုအယောင်​တို့​သည် ဤ​လောက​၌ ပေါ်လာ​ကြ​ပြီ​ဖြစ်​သောကြောင့် ဝိညာဉ်​တိုင်း​ကို​မ​ယုံ​ဘဲ ထို​ဝိညာဉ်​တို့​သည် ဘုရားသခင်​နှင့်​စပ်ဆိုင်​သည်​မ​စပ်ဆိုင်​သည်​ကို စစ်ဆေး​ကြ​လော့။


ဤ​သွန်သင်​ချက်​မ​ပါ​သော​သူ​သည် သင်​တို့​ထံသို့​လာ​လျှင် သူ့​ကို အိမ်​၌​လက်​မ​ခံ​ကြ​နှင့်။ နှုတ်ခွန်း​လည်း​မ​ဆက်​ကြ​နှင့်။


အကြောင်းမူကား ယေရှု​ခရစ်တော်​သည် လူသား​အဖြစ်​ဖြင့်​ကြွလာ​တော်မူ​ခဲ့​သည်​ကို ဝန်​မ​ခံ​သော​သူ​ဖြစ်​သည့် လှည့်ဖြား​သော​သူ​များစွာ​တို့​သည် ဤ​လောက​၌​ပေါ်လာ​ကြ​ပြီ။ ထိုသို့​သော​သူ​သည် လှည့်ဖြား​သော​သူ​ဖြစ်​ပြီး ခရစ်တော်​ကို​ဆန့်ကျင်​အန်တု​သူ​လည်း​ဖြစ်​၏။


အကြောင်းမူကား ငါ​တို့​ဘုရားသခင်​၏​ကျေးဇူး​တော်​ကို ကာမဂုဏ်​လိုက်စား​ခြင်း​အဖြစ်​သို့ ပြောင်းလဲ​စေ​၍ တစ်ပါးတည်း​သော​အရှင်​ဖြစ်​တော်မူ​သော ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​ကို ငြင်းပယ်​ကြ​သည့် ဘုရား​တရား​မဲ့​သော​သူ​အချို့​တို့​သည် တိတ်တခိုး​ဝင်ရောက်​လာ​ကြ​၏။ သူ​တို့​သည် ဤ​ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​မည်​ဟု ရှေးယခင်​က​ပင် ရေး​ထား​လေ​ပြီ။


ထိုအခါ တစ်ကမ္ဘာလုံး​ကို​လှည့်ဖြား​၍ မာရ်နတ်​ဟူ၍​လည်းကောင်း၊ စာတန်​ဟူ၍​လည်းကောင်း အခေါ်​ခံရ​သည့် ရှေး​မြွေ​ဟောင်း​တည်းဟူသော​နဂါး​ကြီး​သည် မြေကြီး​ပေါ်သို့​ပစ်ချ​ခြင်း​ခံရ​လေ​၏။ သူ​နှင့်အတူ သူ​၏​စေတမန်​တို့​သည်​လည်း ပစ်ချ​ခြင်း​ခံရ​ကြ​၏။


သူ​သည် ပထမ​သားရဲ​ရှေ့​၌ ပြု​ခွင့်​ရရှိ​ထား​သော​နိမိတ်​လက္ခဏာ​များ​အားဖြင့် ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သော​သူ​အားလုံး​တို့​ကို​လှည့်ဖြား​၍ ဓား​ဒဏ်ရာ​ရှိ​သော်လည်း အသက်ရှင်​ခဲ့​သော​သားရဲ​၏​ရုပ်တု​ကို​ပြုလုပ်​ရန် ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​အား​စေခိုင်း​၏။


သို့သော် သားရဲ​သည် ပရောဖက်​အတုအယောင်​နှင့်အတူ အဖမ်း​ခံရ​၏။ ထို​ပရောဖက်​အတုအယောင်​သည် သားရဲ​၏​ရှေ့မှောက်​၌ နိမိတ်​လက္ခဏာ​များ​ကို​ပြု​လျက် ထို​နိမိတ်​လက္ခဏာ​များ​အားဖြင့် သားရဲ​၏​တံဆိပ်​ကို​ခံယူ​၍ သူ​၏​ရုပ်တု​ကို​ကိုးကွယ်​သော​သူ​တို့​အား လှည့်ဖြား​သော​သူ​ဖြစ်​၏။ ထို​သူ​နှစ်ဦးစလုံး​တို့​သည် ကန့်​နှင့်​လောင်​သော​မီး​အိုင်​ထဲသို့ အရှင်လတ်လတ်​ပစ်ချ​ခြင်း​ခံရ​ကြ​၏။


သင်​၏​လုပ်ဆောင်​မှု​များ​မှစ၍ သင်​၏​ကြိုးပမ်း​အားထုတ်​မှု​နှင့် သည်းခံ​မှု​တို့​ကိုငါ​သိ​၏။ သင်​သည် ဆိုးယုတ်​သော​သူ​တို့​ကို လက်​မ​ခံ​နိုင်​ကြောင်း​နှင့် မိမိတို့ကိုယ်ကို တမန်တော်​ဟု​ခေါ်ဆို​ကြ​သော်လည်း တမန်တော်​မ​ဟုတ်​သော​သူ​တို့​ကို စမ်းသပ်​စစ်ဆေး​၍ သူ​တို့​သည် လိမ်လည်​သော​သူ​များ​ဖြစ်​ကြ​သည်​ဟု သင်​တွေ့ရှိ​ကြောင်း​ကို​လည်း ငါ​သိ​၏။


သို့သော် သင့်​အား ငါ​အပြစ်​ဆို​စရာ​ရှိ​၏။ အကြောင်းမှာ သင်​သည် မိမိကိုယ်ကို​ပရောဖက်မ​ဟု​ခေါ်​သော ထို​မိန်းမ​ယေဇဗေလ​ကို ပြု​လို​ရာ​ပြု​ခွင့်ပေး​ထား​သဖြင့် သူ​သည် ငါ​၏​အစေအပါး​တို့​အား တရားနှင့်မညီ​မေထုန်​ပြု​ကြ​ရန်​နှင့် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​ကို​စား​ကြ​ရန် သွန်သင်​လျက် သူ​တို့​ကို​လှည့်ဖြား​နေ​၏။


သို့ရာတွင် ဤ​တစ်ချက်​ကား သင်​၌​ရှိ​၏။ ငါ​မုန်း​သော နိကောလ​ဂိုဏ်းဝင်​များ​၏​လုပ်ဆောင်​မှု​တို့​ကို သင်​လည်း​မုန်း​၏။


အနှစ်​တစ်ထောင်​ကုန်ဆုံး​သည်​အထိ လူ​များ​တို့​ကို နောက်ထပ်​မ​လှည့်ဖြား​နိုင်​ရန် သူ့​ကို အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲသို့​ပစ်ချ​လျက် ပိတ်လှောင်​ကာ အပေါ်​မှ​တံဆိပ်​ခတ်​ထား​လေ​၏။ ထို​အချိန်​ကာလ​များ​ပြီးမှ သူ့​ကို ခေတ္တ​ခဏ​လွှတ်​ပေး​ရ​မည်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ