နာဟုံ 3:9 - မြန်မာ့စံမီသမ္မာကျမ်း အီသီယိုးပီးယားပြည်နှင့် အီဂျစ်ပြည်သည် သူ့အဖို့ အတိုင်းအဆမရှိသောအင်အား ဖြစ်၏။ ဖုတပြည်နှင့် လစ်ဗျားပြည်သည်လည်း သူ့ကို ကူညီပေးသောသူများဖြစ်၏။ Common Language Bible သီဘီမြို့သည်ဆူဒန်နှင့်အီဂျစ်ကိုအုပ်စိုးသည်။ တိုင်းမသိသောတန်ခိုးအာဏာနှင့်ပြည့်စုံပေ သည်။ လိဗုပြည်သည်အီဂျစ်ပြည်၏မဟာ မိတ်ဖြစ်သော်လည်း၊- Garrad Bible ကု ရှ နှင့် အိ ဂျစ် လူ မျိုး တို့ ကို ရေ တွက်၍ မ ကုန် နိုင် သော အား ကိုး ရာ အ ဖြစ် ဖု ထ နှင့် လိ ဗု လူ မျိုး တို့ ကို စစ် ကူ ရာ အ ဖြစ် ရ သော ထို မြို့ သည် Judson Bible အဲသယောပိပြည် နှင့် အဲဂုတ္တုပြည်သည် သူ၏လက်နက်ဖြစ်၏။ ရေတွက်၍ မကုန်နိုင်။ ဖုတပြည်နှင့် လိဗုပြည်လည်း သူ၏လက်နက်အဝင် ဖြစ်၏။ |
သူနှင့်အတူ စစ်ရထားအစီးရေတစ်ထောင့်နှစ်ရာ၊ မြင်းစီးသူရဲခြောက်သောင်းနှင့် မရေမတွက်နိုင်သော အီဂျစ်ပြည်မှ လစ်ဗျားလူမျိုး၊ သုကိလူမျိုး၊ အီသီယိုးပီးယားလူမျိုးတို့၏စစ်သည်များ လိုက်ပါလာကြ၏။
အီသီယိုးပီးယားလူမျိုးနှင့် လစ်ဗျားလူမျိုးတို့တွင်လည်း စစ်ရထားနှင့် မြင်းစီးသူရဲမြောက်မြားစွာရှိသောစစ်တပ်ကြီးရှိသည် မဟုတ်လော။ သို့သော် သင်သည် ထာဝရဘုရားကို ကိုးစားသောကြောင့် သူတို့ကို သင့်လက်သို့ အပ်တော်မူခဲ့၏။
သူတို့အားထားသော အီသီယိုးပီးယားပြည်ကြောင့်၊ သူတို့ဂုဏ်ယူသော အီဂျစ်ပြည်ကြောင့် ကြောက်လန့်အရှက်ကွဲကြရလိမ့်မည်။
အို စစ်မြင်းတို့၊ စစ်ချီကြ။ အို စစ်ရထားတို့၊ ဒုန်းစိုင်းနှင်ကြ။ ဒိုင်းလွှားကိုစွဲကိုင်သော အီသီယိုးပီးယားလူမျိုးနှင့် ဖုတလူမျိုး စစ်သူရဲတို့၊ လေးသည်တော် လုဒိမ်လူမျိုးစစ်သူရဲတို့၊ ချီတက်ကြ။
ပါးရှားလူမျိုး၊ လုဒလူမျိုး၊ ဖုတလူမျိုးတို့သည် သင်၏စစ်တပ်တွင် အမှုထမ်းသောစစ်သူရဲများဖြစ်ကြ၏။ ဒိုင်းလွှားများ၊ သံခမောက်လုံးများလည်း သင်၌ ချိတ်ဆွဲထားလျက် သင့်ကို ခန့်ညားထည်ဝါစေကြ၏။
သူတို့က သင့်ကိုကိုင်ဆွဲလိုက်သောအခါ သင်ကျိုးသွားသဖြင့် သူတို့၏ပခုံးများလည်း အနာရသွား၏။ သင့်ကိုမှီလိုက်သောအခါ သင်ကျိုးသွားသဖြင့် သူတို့၏ခါးလည်း ယိမ်းယိုင်သွားရ၏’ဟု မိန့်တော်မူ၏။
အီသီယိုးပီးယားပြည်သား၊ ဖုတပြည်သား၊ လုဒပြည်သား၊ အာရေဗျပြည်သား၊ ခုဘပြည်သား စသည့် အီဂျစ်ပြည်နှင့်မဟာမိတ်ဖွဲ့သော ပြည်သားအားလုံး ဓားဘေးဖြင့် လဲကျသေဆုံးကြလိမ့်မည်’ဟု မိန့်တော်မူ၏။
“အချင်းလူသား၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် သူ၏ပြည်သူပြည်သားတို့အား ‘သင်ကဲ့သို့ မည်သူကြီးမြတ်သနည်း။
သူတို့နှင့်အတူ ဒိုင်းလွှားကိုင်ဆောင်သူ၊ သံခမောက်ဆောင်းသူ ပါးရှားပြည်သား၊ အီသီယိုးပီးယားပြည်သား၊ ဖုတပြည်သားတို့လည်းပါမည်။
အီဂျစ်ပြည်၏ရွှေငွေဘဏ္ဍာတိုက်နှင့် အဖိုးတန်ရတနာအားလုံးကို လက်ဝါးကြီးအုပ်လိမ့်မည်။ လစ်ဗျားပြည်သား၊ အီသီယိုးပီးယားပြည်သားတို့သည်လည်း သူ့နောက်ကို လိုက်ကြလိမ့်မည်။