မြေတစ်ပြင်လုံးရှိလူအပေါင်းတို့သည် ရှောလမုန်မင်းကြီး၏စိတ်နှလုံးတွင် ဘုရားသခင်သွင်းပေးတော်မူသော ဉာဏ်ပညာနှင့်ယှဉ်သည့်စကားများကို ကြားနာရန် ရှောလမုန်မင်းကြီးထံ လာလေ့ရှိကြ၏။
ဒံယေလ 2:21 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် အချိန်နှင့် ရာသီဥတုကို ပြောင်းလဲစေနိုင်၏။ ရှင်ဘုရင်တို့ကိုလည်း နန်းတင်နန်းချ ပြုနိုင်၏။ ပညာရှိကို ဉာဏ်ပညာပေးတော်မူ၏။ ဉာဏ်ရှိသူကိုလည်း အသိပညာပေးတော်မူ၏။ Common Language Bible ကိုယ်တော်သည်အချိန်ကာလနှင့်ရာသီဥတု တို့ကို အစိုးရတော်မူ၏။ ဘုရင်တို့အားနန်းတင်နန်းချတော်မူ၏။ ကိုယ်တော်သည်လူတို့အားဉာဏ်ပညာနှင့် အသိတရားကိုပေးတော်မူ၏။ Garrad Bible အ ချိန် ကာ လ များ ကို ပြောင်း လွှဲ ၍ ဘု ရင် မင်း တို့ အား လည်း နန်း ချ၊ နန်း တင် တော် မူ၏၊။ ပ ညာ ရှိ တို့ အား ဉာဏ် ပ ညာ ကို လည်း ကောင်း၊ ဉာဏ် ချွန် သူ တို့ အား အ သိ ပ ညာ ကို လည်း ကောင်း သ နား တော် မူ၏။ Judson Bible ကာလအချိန် ဥတုများကို ပြောင်းလဲစေတော်မူ၏။ ရှင်ဘုရင်တို့ကိုလည်း နှိမ့်ချချီးမြှောက်တော်မူ၏။ ပညာရှိတို့အားပညာကို ပေးတော်မူ၏။ ဉာဏ်ရှိသောသူတို့သည် ကျေးဇူးတော်အားဖြင့်သာ၊ ထိုးထွင်း၍ နားလည်တတ်ကြ၏။ |
မြေတစ်ပြင်လုံးရှိလူအပေါင်းတို့သည် ရှောလမုန်မင်းကြီး၏စိတ်နှလုံးတွင် ဘုရားသခင်သွင်းပေးတော်မူသော ဉာဏ်ပညာနှင့်ယှဉ်သည့်စကားများကို ကြားနာရန် ရှောလမုန်မင်းကြီးထံ လာလေ့ရှိကြ၏။
အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုသို့ရှင်ဘုရင်စီရင်လိုက်သောအမှုကို ကြားသိရသောအခါ ရှင်ဘုရင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ဉာဏ်ပညာတည်နေသောကြောင့်သာ ဤသို့စီရင်နိုင်ကြောင်းကို သိကြသောကြောင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေကြလေ၏။
ဘုရားသခင်သည် ရှောလမုန်မင်းကြီးအား ဉာဏ်ပညာနှင့် အတိုင်းမသိထိုးထွင်းသိမြင်နိုင်စွမ်းကို ပေးတော်မူ၏။ သမုဒ္ဒရာကမ်းစပ်ရှိသဲလုံးများကဲ့သို့ များပြားသောအသိတရားတို့ကိုလည်း ပေးသနားတော်မူ၏။
အစ္စရေးလူမျိုးတို့ကို အုပ်စိုးရန်မိန့်တော်မူသောအခါ သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်တရားတော်များကို လိုက်နာစောင့်ထိန်းမည့်အကြောင်း ထာဝရဘုရားသည် သင့်အား သိမြင်နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူပါစေသော။
ထိုမှတ်တမ်းတို့တွင် သူ၏တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပုံ၊ ဘုန်းတန်ခိုးကြီးခဲ့ပုံ၊ သူ့ဝန်းကျင်၊ အစ္စရေးဝန်းကျင်မှစ၍ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအလုံးစုံတို့တွင် တွေ့ကြုံခဲ့ရသောအဖြစ်အပျက်အမျိုးမျိုးတို့ ပါဝင်၏။
ရှင်ဘုရင်သည် ဥပဒေစီရင်ထုံးကိုနားလည်သူအပေါင်းတို့နှင့် တိုင်ပင်လေ့ရှိ၏။ ထို့ကြောင့် ရှင်ဘုရင်သည် ကာလဒေသကိုသိနားလည်သော ပညာရှိအမတ်များနှင့် ဆွေးနွေးတိုင်ပင်လေ၏။
ရှင်ဘုရင်တို့ချည်နှောင်သောကြိုးကို ဖြေ၍ သူတို့ခါးကို ခါးပတ်နှင့် စည်းတော်မူ၏။
သူ့ကို ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဉာဏ်ပညာနှင့်ပြည့်ဝစေ၍ တီထွင်နိုင်စွမ်း၊ သိမြင်နိုင်စွမ်းရှိစေ၏။ လက်မှုအတတ်ပညာအမျိုးမျိုးတို့ကို တတ်မြောက်စေ၏။
သူနှင့်အတူ ဒန်အမျိုးအနွယ်မှ အဟိသမတ်၏သား အဟောလျဘကိုလည်း ခန့်ထားပြီ။ လက်မှုအတတ်ကျွမ်းကျင်သူအပေါင်းတို့ထဲတွင် သူတို့အား ဉာဏ်ပညာကိုသွင်းပေးပြီဖြစ်၍ သူတို့သည် သင့်အား ငါမိန့်မှာသောအရာအားလုံးကို ပြုလုပ်ပေးနိုင်လိမ့်မည်။
ဘုရားသခင်သည် ထိုလူငယ်လေးဦးအား ထိုးထွင်းဉာဏ်၊ စာပေကျမ်းဂန်အလုံးစုံကို နားလည်နိုင်သောဉာဏ်ပညာကို ပေးတော်မူ၏။ ထို့ပြင် ဒံယေလကို ဗျာဒိတ်နိမိတ်နှင့် အိပ်မက်အနက်ကို နားလည်နိုင်သောဉာဏ်ကိုလည်း ပေးသေး၏။
ပါးရှားဘုရင် ကုရုမင်းကြီးနန်းစံ တတိယနှစ်တွင် ဗေလတရှာဇာ ခေါ် ဒံယေလထံသို့ နှုတ်ကပတ်တော် ရောက်လာ၏။ ထိုနှုတ်ကပတ်တော်သည် အစစ်အမှန်ဖြစ်၏။ စစ်ပွဲကြီးနှင့်ဆိုင်၏။ နှုတ်ကပတ်တော်ကို သူနားလည်၏။ စိတ်အာရုံအားဖြင့် သူနားလည်၏။
နှစ်ပေါင်းကြာလာသောအခါ သူတို့ချင်းမိတ်ဖွဲ့ကြလိမ့်မည်။ ငြိမ်းချမ်းရေးရယူရန် တောင်ဘုရင်၏သမီးတော်သည် မြောက်ဘုရင်ထံဝင်ရောက်လိမ့်မည်။ သို့သော် ထိုမင်းသမီးသည် မိမိ၏တန်ခိုးအာဏာကို မထိန်းသိမ်းထားနိုင်။ ခမည်းတော်၏အာဏာလည်း မတည်တံ့။ ထိုအချိန်တွင် မင်းသမီးနှင့် သူ့အခြွေအရံများ၊ သူ့ခမည်းတော်နှင့် ဘက်တော်သားအားလုံး အပ်နှံခြင်းခံရလိမ့်မည်။
“ဘုရားသခင်၏နာမတော်ကို ကာလအစဉ်အဆက်ချီးမွမ်းကြပါစေသော။ ဉာဏ်ပညာနှင့် အစွမ်းတန်ခိုးသည် ကိုယ်တော့်ထံမှဖြစ်ပါ၏။
အို ဘိုးဘေးတို့၏ဘုရားသခင်၊ ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ကိုယ်တော့်ကို ချီးမွမ်းထောမနာပြုပါ၏။ ကိုယ်တော်သည် အကျွန်ုပ်အား ဉာဏ်ပညာနှင့် အစွမ်းတန်ခိုးကိုပေး၍ အကျွန်ုပ်တောင်းလျှောက်သောအရာကို ဖွင့်ပြတော်မူပြီ။ အကျွန်ုပ်တို့အား ရှင်ဘုရင်၏အိပ်မက်ကို သိစေတော်မူပါပြီ”ဟူ၍ ချီးမွမ်းမြွက်ဆိုလေ၏။
သင်တို့သည် ငါ့အိပ်မက်ကို မဖော်ပြနိုင်လျှင် သင်တို့အဖို့ အပြစ်ဒဏ်တစ်ခုကို ငါချမှတ်ထားပြီးဖြစ်၏။ အခြေအနေပြောင်းလိုပြောင်းငြား သင်တို့ပူးပေါင်းပြီး ငါ့ကို မလိမ့်တပတ် လျှောက်တင်ကြ၏။ ငါ့အား အိပ်မက်ကိုသာ ပြောပြလော့။ သင်တို့သည် အိပ်မက်ကိုပြောပြနိုင်လျှင် အနက်အဓိပ္ပာယ်ကိုလည်း ဖွင့်ပြနိုင်မည်ကို ငါသိရမည်”ဟု မိန့်ဆို၏။
ကျယ်လောင်စွာ အော်ဟစ်လျက် ‘ဤသစ်ပင်ကို ခုတ်လှဲပစ်လော့။ အကိုင်းအခက်များကိုလည်း ခုတ်ဖြတ်ပစ်လော့။ အရွက်များကို ခြွေချပြီး အသီးများကိုလည်း ဖြန့်ကြဲပစ်လော့။ တောတိရစ္ဆာန်တို့သည် ထိုအပင်အောက်မှလည်းကောင်း၊ ငှက်တို့သည် အကိုင်းအခက်တို့မှလည်းကောင်း ထွက်ပြေးကြပါစေ။
ဤသည်ကား ကောင်းကင်တမန်တို့ကြေညာသော စီရင်ချက်ဖြစ်၏။ သန့်ရှင်းသူတို့၏စကားလည်း ဖြစ်၏။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူအား ပေးတော်မူကြောင်းနှင့် အနိမ့်ဆုံးသောသူကိုပင် အုပ်စိုးခွင့်ပေးတော်မူကြောင်းကို အသက်ရှင်သူတို့ သိစေရန် ဖြစ်၏’ဟု ဆိုလေ၏။
အရှင်မင်းကြီးပင် ဖြစ်၏။ အရှင်သည် တိုးပွားချမ်းသာ၍ အင်အားကြီးမားပါ၏။ အရှင်၏ဘုန်းတန်ခိုးသည် မိုးထိအောင် ရောက်ပါ၏။ အာဏာစက်သည်လည်း မြေကြီးစွန်းထိ ရောက်ပါ၏။
သင်သည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခြင်းခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရမည်။ နွားကဲ့သို့ မြက်ကိုစားရမည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း သင်သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရမည်”ဟု ကောင်းကင်မှ အသံတော်ရောက်လာ၏။
ထိုဘုရင်သည် အမြင့်ဆုံးသောအရှင်ကို ဆန့်ကျင်ပြောဆို၍ အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူများကို ဖိနှိပ်ချုပ်ချယ်မည်။ သူသည် အချိန်ကာလနှင့် ဥပဒေတို့ကို ပြောင်းလဲပစ်ရန် ကြိုးစားလိမ့်မည်။ သန့်ရှင်းသူတို့သည်လည်း တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး သူ့လက်သို့ ကျရောက်ရလိမ့်မည်။
အကြောင်းမူကား သင်တို့ကို ဆန့်ကျင်သောသူတစ်စုံတစ်ဦးမျှ မငြင်းခုံမဟန့်တားနိုင်သော နှုတ်အစွမ်းနှင့်ဉာဏ်ပညာတို့ကို သင်တို့အား ငါပေးမည်။
အထက်အာဏာပိုင်များကို လူတိုင်းနာခံစေ။ အကြောင်းမူကား ဘုရားသခင်ထံမှမဟုတ်သောအာဏာဟူ၍မရှိ။ တည်လျက်ရှိသောအာဏာများသည် ဘုရားသခင်ခန့်အပ်တော်မူရာဖြစ်၏။
သင်တို့သည် ဘုရားသခင်အားဖြင့် ခရစ်တော်ယေရှု၌တည်နေကြ၏။ ခရစ်တော်သည် ငါတို့အတွက် ဘုရားသခင်ထံမှလာသော ဉာဏ်ပညာဖြစ်တော်မူပြီး ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းနှင့် ရွေးနုတ်ခြင်းဖြစ်တော်မူ၏။
ကောင်းမြတ်သောလက်ဆောင်ရှိသမျှနှင့် စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အထက်အရပ်မှလာ၍ အလင်းတို့၏အဖထံတော်မှဆင်းသက်၏။ ထိုအဖထံတော်၌ ပြောင်းလဲခြင်း၊ သို့မဟုတ် ရွေ့လျားတတ်သည့်အရိပ်ဟူ၍မရှိ။
သင်တို့ထဲတွင် ဉာဏ်ပညာလိုအပ်သောသူရှိလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား ရက်ရောစွာပေးတော်မူသောဘုရားသခင်ထံ တောင်းလျှောက်စေ။ တောင်းလျှင်ရလိမ့်မည်။
သူ၏ဝတ်ရုံနှင့်ပေါင်တို့၌ “ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်”ဟု ရေးထားသောဘွဲ့နာမရှိ၏။