Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 4:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ကျယ်လောင်​စွာ အော်ဟစ်​လျက် ‘​ဤ​သစ်ပင်​ကို ခုတ်လှဲ​ပစ်​လော့​။ အကိုင်းအခက်​များ​ကို​လည်း ခုတ်ဖြတ်​ပစ်​လော့​။ အရွက်​များ​ကို ခြွေချ​ပြီး အသီး​များ​ကို​လည်း ဖြန့်ကြဲ​ပစ်​လော့​။ တောတိရစ္ဆာန်​တို့​သည် ထို​အပင်​အောက်​မှ​လည်းကောင်း​၊ ငှက်​တို့​သည် အကိုင်းအခက်​တို့​မှ​လည်းကောင်း ထွက်ပြေး​ကြ​ပါစေ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 ကောင်း​ကင်​တ​မန်​က`ဤ​သစ်​ပင်​ကို​ခုတ်​ချ ၍​အ​ကိုင်း​တို့​ကို​ဖြတ်​တောက်​ပစ်​လော့။ အရွက် တို့​ကို​ချွေ​၍​အ​သီး​တို့​ကို​ကြဲ​ဖြန့်​ပစ်​လော့။ တိရစ္ဆာန်​တို့​ကို​ထို​သစ်​ပင်​ရိပ်​မှ​လည်း​ကောင်း၊ ငှက်​တို့​ကို​အ​ကိုင်း​အ​ခက်​များ​မှ​လည်း ကောင်း​မောင်း​ထုတ်​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 သစ် ပင် ကို လှဲ၍ အ ခက် များ ကို ခုတ် ဖြတ် လော့။ အ ရွက် များ ကို ချွေ လျက် အ သီး များ ကို လည်း လွှင့် ပစ် လော့။ သား ယဉ် သား ရဲ များ သည် အ ရိပ် မှ လည်း ကောင်း၊ ကြက် ငှက် များ လည်း အ ကိုင်း အ ခက် မှ လည်း ကောင်း ထွက် သွား ကြ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 သစ်​ပင်​ကို လှဲ​လော့။ အ​ခက်​တို့​ကို ခုတ်​လော့။ အ​သီး​အ​ရွက်​တို့​ကို လှုပ်​ချွေ​လော့။ တိ​ရ​စ္ဆာန်​တို့​သည် သစ်​ပင်​အောက်​က​ထွက်၍၊ ငှက်​တို့​သည်​လည်း အ​ကိုင်း​အ​ခက်​ထဲ​က သွား​ကြ​စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 4:14
19 ပူးပေါင်းရင်းမြစ်များ  

သူ့​မိခင်​သည်​ပင် သူ့​ကို မေ့လျော့​ပြီး လောက်ကောင်​များ​သည် သူ့​အသား​ကို မြိန်ရှက်​စွာ​စားသောက်​သွား​သဖြင့် သူ့​ကို သတိရ​ကြ​တော့​မည်​မ​ဟုတ်​။ မတရား​သော​သူ​သည် သစ်ပင်​ကဲ့သို့ ကျိုးပဲ့​သွား​ရ​လိမ့်မည်​။


‘ကြီးမား​သော​တန်ခိုး​နှင့် လက်ရုံး​တော်​ကို​ဆန့်​လျက် ကမ္ဘာမြေကြီး​နှင့် မြေ​မျက်နှာပြင်​ပေါ်​ရှိ လူ​နှင့်​တိရစ္ဆာန်​တို့​ကို ဖန်ဆင်း​ခဲ့​သူ​မှာ ငါ​ပင်​ဖြစ်​၍ ငါ​ပေး​လို​သော​သူ​အား ငါ​ပေး​ပြီ​။


ဘေဘီလုံ​မြို့​မှ ထွက်ပြေး​ကြ​။ အသက်ဘေး​လွတ်​အောင် ပြေး​ကြ​။ ထို​မြို့​၏​အပြစ်​ကြောင့် အဖျက်ဆီး​မ​ခံ​ကြ​နှင့်​။ အကြောင်းမူကား ထာဝရဘုရား​လက်တုံ့ပြန်​ရာ​အချိန်​ကျရောက်​ပြီ​။ ထို​မြို့​ခံထိုက်​သော​အပြစ်​ကို ပြန်ပေးဆပ်​စေ​တော်မူ​မည်​။


ငါ​တို့​သည် ဘေဘီလုံ​မြို့​ကို ကုသ​ပေး​သော်လည်း ကုသ​၍​မ​ရ​။ သူ့​ကို​ထားခဲ့​ပြီး ကိုယ့်​ပြည်​ကိုယ်​ပြန်​ကြ​စို့​။ အကြောင်းမူကား သူ​ခံရ​သော​စီရင်​ခြင်း​သည် မိုး​ထိတိုင် ရောက်​လေ​ပြီ​။ မိုးတိမ်​ထိတိုင် မြင့်​လေ​ပြီ​။


ထို့ကြောင့် ဘုရားရှင်​ထာဝရဘုရား​က ‘ထို​အပင်​သည် အလွန်​မြင့်မား​၏​။ ထိပ်ဖျား​သည် မိုး​ထိအောင်​မြင့်​၏​။ ထိုသို့ ပင်မြင့်​ဖြစ်​သောကြောင့် ဘဝင်မြင့်​လာ​၏​။


ကိုယ်တော်​သည် အချိန်​နှင့် ရာသီဥတု​ကို ပြောင်းလဲ​စေ​နိုင်​၏​။ ရှင်ဘုရင်​တို့​ကို​လည်း နန်းတင်​နန်းချ ပြု​နိုင်​၏​။ ပညာရှိ​ကို ဉာဏ်ပညာ​ပေး​တော်မူ​၏​။ ဉာဏ်ရှိသူ​ကို​လည်း အသိပညာ​ပေး​တော်မူ​၏​။


သံတော်ဆင့်​တစ်ဦး​က “​အို နိုင်ငံ​အသီးသီး​မှ ဘာသာစကား​အမျိုးမျိုး​ကို​ပြောဆို​ကြ​သော​လူမျိုး​အပေါင်း​တို့​၊ သင်​တို့​အတွက် အမိန့်​တော်​ရှိ​၏​။


အရွက်​များ ဝေဆာ​လှပ​ပြီး အသီး​လည်း လှိုင်လှိုင်သီး​သောကြောင့် ထို​အပင်​ကို မှီခို​သော​သတ္တဝါ​အားလုံး စားစရာ​ရရှိ​ကြ​၏​။ တောတိရစ္ဆာန်​တို့​သည် ထို​အပင်​အောက်​၌ အရိပ်ခို​ကြ​ပြီး မိုးကောင်းကင်​ငှက်​တို့​သည်​လည်း ထို​အပင်​၏​အကိုင်းအခက်​များ​တွင် အသိုက်​ကို​လုပ်​ကြ​၏​။ သက်ရှိသတ္တဝါ​အားလုံး​တို့​သည် ထို​အပင်​ကို မှီခို​စားသုံး​ကြ​၏​။


ထို့ပြင် သန့်ရှင်း​သူ​ကောင်းကင်တမန်​တစ်​ပါး​သည် ကောင်းကင်​မှ​ဆင်းသက်​လာ​ပြီး ‘​ဤ​သစ်ပင်​ကို ခုတ်လှဲ​ဖျက်ဆီး​ပစ်​လော့​။ သို့သော် မြေကြီး​ထဲ​စွဲ​နေ​သော​အမြစ်​နှင့်​အငုတ်​ကို သံကြိုး​၊ ကြေးနီ​တို့​ဖြင့် ချည်နှောင်​၍ မြက်နု​များ​ပေါက်​ရာ​ကွင်းပြင်​တွင် ချန်ထား​လော့​။ မိုးကောင်းကင်​နှင်း​များ စို​ပါစေ​။ တောတိရစ္ဆာန်​တို့​နှင့်အတူ ခုနစ်​နှစ်​ပတ်လုံး မြက်ပင်​ကို အတူ​စား​ပါစေ​’​ဟု မိန့်ဆို​သည်​ကို အရှင်မင်းကြီး မြင်မက်​ပါ​၏​။


ထိုမှ တစ်ဆယ့်​နှစ်​လ​လွန်​သော် မင်းကြီး​သည် ဘေဘီလုံ​နန်းတော်​ပေါ်တွင် လမ်းလျှောက်​ရင်း


သူ​သည် မာနထောင်လွှား​ပြီး မောက်မာ​ခက်ထန်​လာ​သောအခါ ရာဇ​ပလ္လင်​မှ​ဖြုတ်ချ​ခံရ​ပြီး သူ့​ဂုဏ်သရေ​လည်း ရုပ်သိမ်း​သွား​ခြင်း ခံရ​၏​။


သူ​သည် လူ့​အသိုင်းအဝိုင်း​ထဲမှ နှင်ထုတ်​ခြင်း​ခံရ​၍ သူ​၏​စိတ်​သည် တိရစ္ဆာန်​စိတ်​ကဲ့သို့​ဖြစ်လာ​ပြီး မြည်းရိုင်း​တို့​နှင့်အတူ နေ​ခဲ့​ရ​ပါ​၏​။ အမြင့်ဆုံး​သော​ဘုရားသခင်​သည် လူ့​ပြည်​ကို​အုပ်စိုး​၍ အလို​တော်​ရှိ​သော​သူ​ကို ပေး​တော်မူ​ကြောင်း သူ​သိမှတ်​သည့်​တိုင်အောင် သူ​သည် နွား​ကဲ့သို့​မြက်​ကို​စား​၍ ကိုယ်​သည်​လည်း မိုးကောင်းကင်​နှင်း​များ​နှင့် စို​၍​နေ​ခဲ့​ရ​ပါ​၏​။


ပုဆိန်​ကို သစ်ပင်​တို့​၏​အမြစ်​နား​တွင်​ချ​ထား​ပြီ​ဖြစ်၍ ကောင်း​သော​အသီး​ကို​မ​သီး​သော​အပင်​တိုင်း​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ မီး​ထဲသို့​ပစ်ချ​ခြင်း​ခံရ​လိမ့်မည်။


ကောင်း​သော​အသီး​မ​သီး​သော​အပင်​တိုင်း​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ မီး​ထဲသို့ ပစ်ချ​ခြင်း​ခံရ​လိမ့်မည်။


ပုဆိန်​ကို​လည်း သစ်ပင်​တို့​၏​အမြစ်​နား​တွင် ချ​ထား​ပြီ​ဖြစ်၍ ကောင်း​သော​အသီး​ကို​မ​သီး​သော​အပင်​တိုင်း​သည် ခုတ်လှဲ​ခြင်း​ခံရ​၍ မီး​ထဲသို့​ပစ်ချ​ခြင်း​ခံရ​လိမ့်မည်”​ဟု ဆို​လေ​၏။


ခြင်္သေ့​ဟောက်​သကဲ့သို့ ကျယ်လောင်​သော​အသံ​ဖြင့် ကြွေးကြော်​လေ​၏။ ထိုသို့​ကြွေးကြော်​သောအခါ မိုးချုန်း​သံ​ခုနစ်​ချက်​တို့​သည် မိမိ​တို့​အသံ​များ​ဖြင့်​မြွက်ဆို​ကြ​၏။


သူ​သည် ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​လျက် “ဘေဘီလုံ​မြို့​ကြီး​သည် ပြိုလဲ​ပြီ၊ ပြိုလဲ​ပြီ။ ၎င်း​သည် နတ်ဆိုး​တို့​နေထိုင်​ရာ​အရပ်၊ ညစ်ညူး​သော​နတ်​အပေါင်း​တို့​၏​ခိုအောင်း​ရာ​အရပ်၊ ညစ်ညူး​သော​ငှက်​အမျိုးမျိုး​တို့​၏​ခိုအောင်း​ရာ​အရပ်​နှင့် ညစ်ညူး​၍​ရွံရှာ​ဖွယ်​ကောင်း​သော​သတ္တဝါ​အပေါင်း​တို့​၏​ခိုအောင်း​ရာ​အရပ် ဖြစ်​လေ​ပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ