Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 10:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ပါးရှား​ဘုရင် ကုရု​မင်းကြီး​နန်းစံ တတိယ​နှစ်​တွင် ဗေလတရှာဇာ ခေါ် ဒံယေလ​ထံသို့ နှုတ်ကပတ်တော် ရောက်လာ​၏​။ ထို​နှုတ်ကပတ်တော်​သည် အစစ်အမှန်​ဖြစ်​၏​။ စစ်ပွဲ​ကြီး​နှင့်​ဆိုင်​၏​။ နှုတ်ကပတ်တော်​ကို သူ​နားလည်​၏​။ စိတ်အာရုံ​အားဖြင့် သူ​နားလည်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ပါ​ရှ​ဧ​က​ရာဇ်​ဘု​ရင်​ကု​ရု​နန်း​စံ​တ​တိ​ယ နှစ်​၌ ဗေ​လ​တ​ရှာ​ဇာ​ဟု​လည်း​နာ​မည်​တွင် သော​ဒံ​ယေ​လ​သည် ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ ရ​ရှိ​၏။ ထို​ဗျာ​ဒိတ်​တော်​တွင်​ပါ​ရှိ​သည့်​ဖော် ပြ​ချက်​စ​ကား​သည်​မှန်​ကန်​သော်​လည်း​နား လည်​ရန်​အ​လွန်​ခက်​၏။ ဒံ​ယေ​လ​သည်​ထို ဖော်​ပြ​ချက်​စ​ကား​၏​အ​နက်​ကို​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အား​ဖြင့်​သိ​ရှိ​နား​လည်​၍​လာ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ပေ ရ သိ ဘု ရင် ကု ရု မင်း နန်း စံ တ တိ ယ နှစ် တွင် ဗေ လ တ ရှာ ဇာ ဘွဲ့ ခံ ဒံ ယေ လ သည် ဗျာ ဒိတ် တော် ကို နာ ရ၏။ ထို ဗျာ ဒိတ် တော် သည် ကြီး စွာ သော စစ် ပွဲ နှင့် ဆိုင် ၍ မှန် ပေ ၏။ သူ လည်း ထို ဗျာ ဒိတ် တော် နှင့် ရူ ပါ ရုံ ကို သိ ကျွမ်း နား လည် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ပေ​ရ​သိ​ရှင်​ဘု​ရင်​ကု​ရု နန်း​စံ​သုံး​နှစ်​တွင်၊ ဗေ​လ​တ​ရှာ​ဇာ​အ​မည်​ဖြင့် သ​မုတ်​သော​ဒံ​ယေ​လ​သည် ဗျာ​ဒိတ်​တော်​ကို ခံ​ရ၏။ ထို​ဗျာ​ဒိတ်​တော်​စ​ကား မှန်​ပေ၏။ ကြီး​စွာ​သော စစ်​တိုက်​ခြင်း​နှင့် ဆိုင်​ပေ၏။ သူ​သည် ထို​စ​ကား​ကို​နား​လည်၏။ မြင်​ရ​သော ရူ​ပါ​ရုံ​သ​ဘော​ကို​လည်း ရိပ်​မိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 10:1
28 ပူးပေါင်းရင်းမြစ်များ  

အရှင်​ဖာရော​မင်းကြီး​သည် အိပ်မက်​ကို နောက်တစ်ကြိမ်​ထပ်၍​မက်​သည်​မှာ ထို​အမှု​ကို ဘုရားသခင်​အတည်ပြု​တော်မူ​ပြီ​ဖြစ်၍ ဘုရားသခင်​သည် ထို​အမှု​ကို​အလျင်အမြန်​ပြု​တော်မူ​မည်​ဖြစ်​၏​။


ယေရမိ​၏​နှုတ်​အားဖြင့် ထာဝရဘုရား​မိန့်​တော်မူ​သော​စကား ပြည့်စုံ​စေရန် ပါးရှား​ဘုရင်​ကုရု​မင်းကြီး နန်းစံ​ပထမ​နှစ်​တွင် ထာဝရဘုရား​သည် ပါးရှား​ဘုရင်​ကုရု​မင်းကြီး​၏​စိတ်​ကို နှိုးဆော်​တော်မူ​သဖြင့် သူ​သည် မိမိ​နိုင်ငံ​အားလုံး​သို့ လိုက်လံကြေညာ​စေ​၍ ထို​စကား​ကို စာ​ဖြင့်​လည်း မှတ်တမ်းတင်​ထား​လေ​၏​။


ကျောက်ဆစ်သမား​၊ လက်သမား​တို့​ကို ငွေ​ပေး​၍​ခိုင်း​စေ​၏​။ ပါးရှား​ဘုရင် ကုရု​မင်းကြီး​၏​ခွင့်ပြုချက်​ဖြင့် ဆီဒုန်​အမျိုးသား​၊ တိုင်ရာ​အမျိုးသား​တို့​ကို စားနပ်ရိက္ခာ​နှင့်​ဆီ​ကို​ပေး​၍ သစ်ကတိုးသား​များ​ကို လက်ဘနွန်​တော​မှ ယုပ္ပေ​မြို့​အရောက် မျှောချ​စေ​၏​။


ထိုအခါ ဇေရုဗဗေလ​၊ ယေရွှာ​နှင့် အစ္စရေး​အိမ်ထောင်စု​အကြီးအမှူး​တို့​က “​ငါ​တို့​ဘုရားသခင်​၏​အိမ်​တော်​ကို တည်ဆောက်​ခြင်း​အမှု​သည် သင်​တို့​နှင့်​မ​ဆိုင်​၊ ငါ​တို့​နှင့်​သာ ဆိုင်​၏​။ ပါးရှား​ဘုရင် ကုရု​မင်းကြီး မိန့်မှာ​ထား​သည့်​အတိုင်း အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ ငါ​တို့​သာလျှင် တည်ဆောက်​ရ​မည်​”​ဟု ပြန်ပြော​၏​။


ပါးရှား​ဘုရင်​ကုရု​မင်းကြီး​စိုးစံ​သော​အချိန်​မှစ၍ ပါးရှား​ဘုရင်​ဒါရိ​မင်းကြီး​စိုးစံ​သည့်​အချိန်​အထိ အကြံပေး​အရာရှိ​တို့​ကို ငှားရမ်း​၍ ယုဒ​လူမျိုး​တို့​၏​အစီအစဉ်​ပျက်​အောင် ဖျက်ဆီး​ကြ​၏​။


ပရောဖက်​ဟဂ္ဂဲ​နှင့် ဣဒေါ​၏​သား​ဇာခရိ​တို့​၏ ပရောဖက်ပြု​အားပေးမှု​ကြောင့် ဂျူး​သက်ကြီးဝါကြီး​တို့​သည် အိမ်​တော်​ကို အောင်မြင်​စွာ​ပြန်လည်​တည်ဆောက်​နိုင်​ခဲ့​၏​။ အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင့်​အမိန့်​တော်​နှင့် ကုရု​မင်းကြီး​၊ ဒါရိ​မင်းကြီး​၊ ပါးရှား​ဘုရင်​အာတဇေရဇ်​မင်းကြီး​တို့​၏​အမိန့်​တော်​အတိုင်း အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​ပြီးစီး​လေ​၏​။


“​ကုရု​မင်းကြီး​နန်းစံ​ပထမ​နှစ်​တွင် ဂျေရုဆလင်​မြို့​ရှိ ဘုရားသခင်​၏​အိမ်​တော်​နှင့်​ပတ်သက်၍ ကုရု​မင်းကြီး​က ‘​ယဇ်ကောင်​များ​ကို ပူဇော်​ရာ အိမ်​တော်​ကို ပြန်လည်​တည်ဆောက်​စေ​။ အုတ်မြစ်​ကို ခိုင်ခံ့​စွာ​ချ​စေ​။ အိမ်​တော်​သည် အမြင့်​အတောင်​ခြောက်ဆယ်​၊ အကျယ်​အတောင်​ခြောက်ဆယ် ရှိ​ရ​မည်​။


ကုရု​မင်းကြီး​နှင့်​ပတ်သက်၍ ‘​သူ​သည် ငါ​၏​သိုးထိန်း​ဖြစ်၍ ငါ့​အလိုဆန္ဒ​ရှိသမျှ​ကို သူ​ပြည့်စုံ​စေ​မည်​’​ဟု ငါ​မိန့်ဆို​၏​။ ဂျေရုဆလင်​မြို့​နှင့်​ပတ်သက်၍ ‘​ထို​မြို့​ကို တည်ဆောက်​ကြ​လိမ့်မည်​’​၊ ဗိမာန်တော်​နှင့်​ပတ်သက်၍ ‘​ဗိမာန်တော်​ကို အုတ်မြစ်ချ​ကြ​လိမ့်မည်​’​ဟု ငါ​မိန့်ဆို​၏​”​ဟူ၍ မိန့်​တော်မူ​၏​။


ဘုရားသခင်​သည် ထို​လူငယ်​လေး​ဦး​အား ထိုးထွင်းဉာဏ်​၊ စာပေကျမ်းဂန်​အလုံးစုံ​ကို နားလည်​နိုင်​သော​ဉာဏ်ပညာ​ကို ပေး​တော်မူ​၏​။ ထို့ပြင် ဒံယေလ​ကို ဗျာဒိတ်နိမိတ်​နှင့် အိပ်မက်​အနက်​ကို နားလည်​နိုင်​သော​ဉာဏ်​ကို​လည်း ပေး​သေး​၏​။


ဒံယေလ​သည် ကုရု​မင်းကြီး​နန်းစံ​ပထမ​နှစ်​တိုင်အောင် ရှိ​နေ​ခဲ့​၏​။


နန်းတော်အုပ်​က သူ​တို့​အား နာမည်​သစ်​များ​ပေး​၏​။ ဒံယေလ​ကို ဗေလတရှာဇာ​၊ ဟာနနိယ​ကို ရှာဒရက်​၊ မိရှေလ​ကို မေရှက်​၊ အာဇရိ​ကို အဗေဒနေဂေါ ဟု​အမည်ပေး​၏​။


ဤ​ဗျာဒိတ်နိမိတ်​သည် နောင်လာမည့်​နေ့ရက်​များ​နှင့်​ဆိုင်​သည်​ဖြစ်​၍ ထို​နေ့ရက်​များ​တွင် သင့်​လူမျိုး​၌ ဖြစ်ပျက်​မည့်​အရာ​တို့​ကို ကြားပြော​ရန် ငါ​ရောက်လာ​ပြီ​”​ဟု ဆို​၏​။


ယခု သင့်​အား မှန်​သော​အရာ​ကို ပြောပြ​မည်​။ ကြည့်ရှု​လော့​။ ပါးရှား​နိုင်ငံ​တွင် ရှင်ဘုရင်​သုံး​ပါး ထပ်​ပေါ်လာ​လိမ့်မည်​။ ထို့နောက် ပေါ်လာ​မည့်​စတုတ္ထ​ဘုရင်​သည် အခြား​ဘုရင်​အားလုံး​ထက် ဓနဥစ္စာ​ကြွယ်ဝ​သူ​ဖြစ်​မည်​။ သူ​သည် ဓနဥစ္စာ​ဖြင့် အင်အားကြီး​လာ​သောအခါ လူ​အပေါင်း​တို့​ကို လှုံ့ဆော်​၍ ဂရိ​နိုင်ငံ​ကို တိုက်ခိုက်​လိမ့်မည်​။


အို ဒံယေလ​၊ သင်​မူကား နောက်ဆုံး​ကာလ​တိုင်အောင် ဤ​စကား​တို့​ကို လျှို့ဝှက်​ထား​လော့​၊ ဤ​စာစောင်​ကို တံဆိပ်ခတ်​ထား​လော့​။ လူ​အများ​တို့​မူကား လှည့်လည်​ရှာဖွေ​၍ အသိပညာ​တိုးပွား​ကြ​လိမ့်မည်​”​ဟု ငါ့​အား ပြောပြ​၏​။


ထိုအခါ သူ​က “​ဒံယေလ​၊ သင်​သွား​လော့​။ ဤ​စကား​တို့​ကို နောက်ဆုံး​သော​ကာလ​အထိ လျှို့ဝှက်​ထား​၍ တံဆိပ်ခတ်​ထား​၏​။


ကိုယ်တော်​သည် အချိန်​နှင့် ရာသီဥတု​ကို ပြောင်းလဲ​စေ​နိုင်​၏​။ ရှင်ဘုရင်​တို့​ကို​လည်း နန်းတင်​နန်းချ ပြု​နိုင်​၏​။ ပညာရှိ​ကို ဉာဏ်ပညာ​ပေး​တော်မူ​၏​။ ဉာဏ်ရှိသူ​ကို​လည်း အသိပညာ​ပေး​တော်မူ​၏​။


နောက်ဆုံး​တွင် သန့်ရှင်း​သော​ဘုရား​များ​၏​ဝိညာဉ်​နှင့်​ပြည့်​သော​၊ ငါ့​ဘုရား​၏​နာမ​အတိုင်း အမည်​သစ်​ရ​သော​ဗေလတရှာဇာ ခေါ် ဒံယေလ​သည် ငါ့​ထံ​ရောက်လာ​၏​။ ငါ​သည်​လည်း သူ့​အား


ဗေလတရှာဇာ​ဟု ခမည်းတော်​က နာမည်​ပေး​ထား​သော​ဒံယေလ​၌ ထူးကဲ​သော​ဉာဏ်​၊ အသိပညာ​၊ ပိုင်းခြား​သိ​နိုင်​သော​ဉာဏ်​၊ အိပ်မက်​အနက်​ကို​ဖွင့်ပြ​နိုင်​သော​ဉာဏ်​၊ စကားထာ​အနက်​ကို​ဖွင့်ပြ​နိုင်​သော​ဉာဏ်​၊ ခက်ခဲ​သော​ပြဿနာ​များ​ကို ဖြေရှင်း​နိုင်​သော​ဉာဏ် ရှိ​ကြောင်း​သိ​ရ​ပါ​၏​။ ထို့ကြောင့် ဒံယေလ​ကို​ဆင့်ခေါ်​ပါ​။ သူ​သည် အနက်အဓိပ္ပာယ်​ကို​ဖော်ပြ​ပေး​ပါ​လိမ့်မည်​”​ဟု ဆို​လေ​၏​။


ဒံယေလ​က​လည်း “​အရှင်မင်းကြီး​၏​လက်ဆောင်​များ ရှိ​ပါလေစေ​။ ဆုလာဘ်​များ​ကို​လည်း အခြား​သူ​များ​အား ပေး​ပါ​။ ထို​စာ​ကို​ဖတ်​၍ အနက်အဓိပ္ပာယ်​ကို အရှင်မင်းကြီး​အား ဖော်ပြ​ပေး​ပါ​မည်​။


ဤသို့ဖြင့် ဒံယေလ​သည် ဒါရိ​မင်းကြီး​လက်ထက်​နှင့် ပါးရှား​လူမျိုး​ကုရု​မင်းကြီး​လက်ထက်​တို့​တွင် ကောင်းစား​လျက်​နေ​၏​။


ထို့နောက် ဥလဲ​မြစ်​နား​မှ​လူ​တစ်​ဦး​က “​အို ဂါဗြေလ​၊ ထို​ဗျာဒိတ်အာရုံ​၏​အနက်​ကို သူ့​အား ဖော်ပြ​ပေး​ပါ​”​ဟု အော်ပြော​သော​အသံ​ကို ငါ​ကြား​ရ​၏​။


ညဥ့်ဦးယံ​၊ နံနက်ယံ​၌ ဖော်ပြ​သော ဗျာဒိတ်အာရုံ​သည်​လည်း အမှန်ပင်​ဖြစ်​၏​။ ဤ​ဗျာဒိတ်နိမိတ်​သည် နောင်လာမည့်​နေ့ရက်​ကာလ​နှင့်​ဆိုင်​သည်​ဖြစ်၍ ၎င်း​ကို ဝှက်​ထား​လော့​”​ဟု ငါ့​အား ရှင်းပြ​၏​။


သင်​သည် မိမိ​အချိန်​ရောက်​လျှင် ပြည့်စုံ​မည့် ငါ​၏​စကား​ကို​မ​ယုံ​သောကြောင့် ဤ​အရာ​များ​ပြည့်စုံ​သည့်​နေ့​တိုင်အောင် စကား​မ​ပြော​နိုင်​ဘဲ ဆွံ့အ​လျက်​နေ​လိမ့်မည်”​ဟု ပြန်​၍​မြွက်ဆို​လေ​၏။


ထို့နောက် ကောင်းကင်​တမန်​က “သိုးသငယ်​တော်​၏​မင်္ဂလာ​ညစာစားပွဲ​သို့ ဖိတ်ခေါ်​ခြင်း​ခံရ​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏​ဟု ရေး​ထား​လော့”​ဟူ၍ ငါ့​အား​မြွက်ဆို​ပြီးလျှင် “ဤ​အရာ​တို့​သည် ဘုရားသခင်​၏​ဖြောင့်မှန်​သော​နှုတ်ကပတ်တော်​များ​ဖြစ်​ကြ​၏”​ဟု မြွက်ဆို​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ