ဒေသနာကျမ်း။ 2:7 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ကျွန်ယောက်ျားနှင့် ကျွန်မိန်းမတို့ကို ဝယ်ယူ၏။ ငါ့ထံ၌ ကျွန်သပေါက်များလည်းရှိ၏။ ငါ့အလျင် ဂျေရုဆလင်မြို့၌ရှိနှင့်သူအားလုံးတို့ထက် များစွာသောတိရစ္ဆာန်တို့လည်း ငါ၌ရှိ၏။ Common Language Bible ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကိုသိမ်းယူ၍၊ ကျွန်သားပေါက်များလည်းရှိကြ၏။ ငါ့အရင်၊ ယေရုရှလင် မြို့၌ဖြစ်ဘူးသော သူအပေါင်းတို့ထက်၊ ငါသည် တိရစ္ဆာန် အကြီးအငယ်တို့နှင့် အလွန်ရတတ်၏။ Garrad Bible ယောက်ျား မိန်း မ ကျွန် ပိုင် များ ရှိ၍၊ အိမ် ပေါက် သား တို့ ကို ရ သည့် ပြင်၊ ငါ့ အ ရင်၊ ယေ ရု ရှ လင် မြို့၌ ရှိ နှင့် သူ အ ပေါင်း တို့ ထက်၊ သိုး၊ ဆိတ်၊ နွား များ ပြည့် စုံ ကြွယ် ဝ လျက်၊ Judson Bible ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို သိမ်းယူ၍၊ ကျွန်သားပေါက်များလည်း ရှိကြ၏။ ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဖူးသော သူအပေါင်းတို့ထက်၊ ငါသည် တိရစ္ဆာန်အကြီးအငယ်တို့နှင့် အလွန်ရတတ်၏။ |
အာဗြံသည် မိမိဆွေမျိုးသားချင်း ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရကြောင်း ကြားသောအခါ မိမိအိမ်၌မွေးဖွားသောသူဖြစ်ကြသည့် မိမိလေ့ကျင့်ထားသောလူ သုံးရာတစ်ဆယ့်ရှစ်ယောက်ကိုခေါ်၍ ဒန်မြို့တိုင်အောင် လိုက်လေ၏။
တစ်ဖန် အာဗြံက “ကိုယ်တော်သည် အကျွန်ုပ်အား မျိုးဆက်ကိုပေးတော်မမူသဖြင့် အကျွန်ုပ်၏ကျွန်သပေါက်သည် အကျွန်ုပ်၏အမွေခံဖြစ်ရပါလိမ့်မည်”ဟု လျှောက်လေ၏။
သမင်၊ ဒရယ်၊ ဆတ်နှင့် ဆူဖြိုးသောကြက်ငှက်တို့အပြင် ဆူဖြိုးသောနွား အကောင်တစ်ဆယ်၊ စားကျက်မြေမှ နွားအကောင်နှစ်ဆယ်၊ သိုးအကောင်တစ်ရာ ဖြစ်၏။
မောဘဘုရင်မေရှာမင်းကြီးသည် သိုးမွေးမြူသူဖြစ်၍ အစ္စရေးဘုရင်အား သိုးသငယ်အကောင်တစ်သိန်းနှင့် သိုးထီးအကောင်တစ်သိန်းတို့၏အမွေးကို ဆက်သရ၏။
မြေနိမ့်ဒေသနှင့် လွင်ပြင်တို့တွင် သူပိုင်ဆိုင်သောတိရစ္ဆာန်များစွာရှိသောကြောင့် တောထဲ၌ မျှော်စင်များကိုဆောက်လုပ်၏။ ရေတွင်းများစွာကိုလည်း တူး၏။ လယ်ယာစိုက်ပျိုးရေးကို ဝါသနာပါသောကြောင့် တောင်ကုန်းများ၊ သီးနှံဖြစ်ထွန်းသောမြေယာများတွင် လယ်သမားများ၊ စပျစ်ခြံလုပ်သားများကို ထားရှိ၏။
ရှောလမုန်အစေအပါး၏သားမြေးတို့တွင် သောတဲသားမြေး၊ ဟာသောဖရက်သားမြေး၊ ပေရုဒသားမြေး၊
ဗိမာန်တော်အစေအပါးများနှင့် ရှောလမုန်အစေအပါးတို့၏သားမြေးများ စုစုပေါင်း သုံးရာကိုးဆယ့်နှစ်ယောက် ဖြစ်၏။
ရှောလမုန်အစေအပါးတို့၏သားမြေးတွင် သောတဲသားမြေး၊ သောဖရက်သားမြေး၊ ပေရိဒသားမြေး၊
သူသည် သိုးခုနစ်ထောင်၊ ကုလားအုတ်သုံးထောင်၊ နွားအရှဉ်းငါးရာ၊ မြည်းငါးရာနှင့် အစေခံအများအပြား ပိုင်ဆိုင်ထား၏။ အရှေ့ပြည်သားအပေါင်းတို့တွင် သူသည် အချမ်းသာဆုံးဖြစ်၏။
ယောဘ၏ဘဝအစပိုင်းထက် နောက်ပိုင်းကို ထာဝရဘုရား ပို၍ကောင်းချီးပေးတော်မူသဖြင့် သူ၌ သိုး တစ်သောင်းလေးထောင်၊ ကုလားအုတ် ခြောက်ထောင်၊ နွားအရှဉ်း တစ်ထောင်၊ မြည်းမ တစ်ထောင် ရှိလေ၏။
သို့သော် ထိုအစေအပါးသည် မိမိစိတ်ထဲ၌ ‘ငါ့သခင်ပြန်လာရန် ကြန့်ကြာနေ၏’ဟု ဆိုလျက် အစေခံယောက်ျားနှင့်အစေခံမိန်းမများကို ရိုက်နှက်ကာ စားသောက်ယစ်မူးလျက်နေလျှင်