ဒေသနာကျမ်း။ 2:8 - မြန်မာ့စံမီသမ္မာကျမ်း8 ရွှေနှင့်ငွေတို့ကိုလည်းကောင်း၊ ရှင်ဘုရင်များနှင့်တိုင်းပြည်တို့၏ဘဏ္ဍာကိုလည်းကောင်း ငါစုဆောင်း၏။ အမျိုးသားသီချင်းသည်နှင့် အမျိုးသမီးသီချင်းသည်တို့ကိုလည်းကောင်း၊ လူသားတို့ပျော်မွေ့ရာဖြစ်သောမောင်းမမိဿံများကိုလည်းကောင်း ငါခေါ်ယူ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်း ငါဆည်းပူး၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမမောင်းမမိဿံတို့ကို၎င်း ငါသိမ်းယူ၏။ အခန်းကိုကြည့်ပါ။Garrad Bible8 ရွှေ ငွေ မှ စ သော၊ မင်း မြောက် တန် ဆာ နှင့် ပြည် နိုင် ငံ အ ခွန် အ တုတ် အ များ ကို စု သိမ်း၍၊ အ ငြိမ့် တော် ယောက်ျား မိန်း မ တို့ ကို လည်း ကောင်း၊ လူ့ သား တို့ ပျော် မွေ့ ရာ အ သိမ်း အ ပြောင် တို့ ကို လည်း ကောင်း၊ ငါ ပိုင် ဖြစ် သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible8 ရွှေငွေကိုလည်းကောင်း၊ ရှင်ဘုရင်နှင့်ဆိုင်သော ဘဏ္ဍာ၊ ကျေးရွာတို့၌ခွဲသော အခွန်ကိုလည်းကောင်း ငါဆည်းပူး၏။ အငြိမ့်သမား ယောက်ျားမိန်းမတို့ကိုလည်းကောင်း၊ လူသားတို့ ပျော်မွေ့တတ်သော ကြင်ရာ မိန်းမမောင်းမမိဿံတို့ကိုလည်းကောင်း ငါသိမ်းယူ၏။ အခန်းကိုကြည့်ပါ။ |
ယခု အကျွန်ုပ်အသက်ရှစ်ဆယ် ရှိပါပြီ။ အကျွန်ုပ်သည် အကောင်း၊ အဆိုး ပိုင်းခြားနိုင်ပါဦးမည်လော။ ကျွန်တော်မျိုးသည် အစားအသောက်များကို အရသာခံနိုင်ပါဦးမည်လော။ သီချင်းသည်ယောက်ျားမိန်းမတို့၏သီချင်းသံကိုလည်း နားဆင်နိုင်ပါဦးမည်လော။ အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ကျွန်တော်မျိုး အဘယ်ကြောင့် ဝန်ထုပ်ဝန်ပိုး ဖြစ်စေရပါမည်နည်း။
ယခု သင်တို့သည် တံပိုး၊ ပလွေ၊ ဒုံမင်း၊ စောင်းကောက်၊ စောင်းပြား၊ အိတ်ပလွေမှစ၍ တူရိယာအမျိုးမျိုးတို့တီးမှုတ်သံကိုကြားလျှင် ငါတည်ထားသောရုပ်တုကို ပျပ်ဝပ်ရှိခိုးရန် အသင့်ရှိရမည်။ သင်တို့မရှိခိုးပါက မီးတောက်လောင်နေသောမီးပြင်းဖိုထဲသို့ ချက်ချင်းပစ်ချခြင်းခံရမည်။ သင်တို့ကို ငါ့လက်မှ မည်သည့်ဘုရားက ကယ်တင်မည်နည်း”ဟု မိန့်တော်မူ၏။